Wednesday, April 24, 2013

ကိုဘလှ


သို့
          ဥက္ကဌ
          နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဒီမိုကရေစီ လူ့အခွင့်အရေးကော်မတီ၊
          အမျိုးသားလွှတ်တော်၊ နေပြည်တော်။
ရက်စွဲ။    ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ(   )ရက်။
အကြောင်းအရာ ။   ။   အဓမ္မမြေယာသိမ်းဆည်းခြင်းခံရသည့်အတွက် နစ်နာမှုအား ဥပဒေနှင့်အညီ
ကုစားပေးပါရန် တင်ပြခြင်းကိစ္စ။
၁။       ကျွန်တော် ဦးဘလှသည် ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယခင်ဆင်ခြေရာကွင်း၊ (၈၉)ရပ်ကွက်၊ စက်မှုဇုံ(၂)၊ ကျန်စစ်သားလမ်းမကြီးတွင် နေထိုင်သူ တစ်ဦးဖြစ်ပါသည်။
၂။      ကျွန်တော်၏ မိခင်ဒေါ်မြနှင့် ညီမဖြစ်သူ မခင်မာချိုတို့စိုက်ပျိုးလုပ်ပိုင်ခွင့်ရရှိခဲ့သော ဆင်ခြေရာကွင်း၊ အမှတ်(၄၄၇) Bတွင် စုစုပေါင်း(၇.၉၂)ဧက ဖြစ်ပါသည်။
၃။      ၄င်းစိုက်ပျိုးခွင့်ရမြေများကို (၁၉၉၈)ခုနှစ်တွင် အိုးအိမ်နှင့်နေရာချထားရေးဌာနစက်မှုဇုံအဖြစ် သိမ်းယူလိုက်သည် ဟု အကြောင်းကြားလာပါသည်။
၎။      သို့ပါသော်လည်း ကျွန်တော်နှင့်အမေ၊ ညီမဖြစ်သူတို့သည် စိုက်ပျိုးလုပ်ကိုင်ခွင့်ရမြေဧက(၇.၉၂)ပေါ်တွင် ဆက်လက်လုပ်ကိုင်စားသောက်နေထိုင်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။
၅။      (၁၃-၁-၂၀၁၂)ခုနှစ်တွင် ဆရာဝန်တစ်ဦးမှ အိုးအိမ်ဌာနတွင် ၀ယ်ယူထားသည့်အတွက် သူပိုင်သည့် ခြံဖြစ်ပါ၍ ခြံခတ်ပြီး (၁၉-၅.၂၀၁၂)ရက်နေ့တွင် ဖယ်ရှားပေးပါရန် ပြောကြားလာပါသည်။
၆။      ကျွန်တော်တို့မိသားစု စိုက်ပျိုးခွင့်ရဥယျာဉ်ခြံမြေ (၇.၉၂)ဧကအတွက် နိုင်ငံတော်သို့ နှစ်စဉ်မပျက်မကွက်အခွန် တော်ပေးဆောင်ခဲ့ပါသည်။ ကျွန်တော်တို့မိသာစုသည် ကျူးကျော်ဝင်ရောက်၍ နေထိုင်သူများမဟုတ်ပါ။ ယခင်ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်နေထိုင်သူများဖြစ်ပါသည်။ ကျွန်တော်တို့မိသားစုဘ၀ရပ်တည် ရှင်သန်နိုင်ရေးအတွက် သက်ဆိုင်ရာလူကြီးမင်းများမှ ညှာတာစာနာ ထောက်ထားသောအားဖြင့် ဥပဒေနှင့်အညီ ကုစားမှုပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
မှတ်ချက်။  ။ မြေခွန်ပြေစားများကို ပူးတွဲပါဖြင့် တင်ပြအပ်ပါသည်။                
             လေးစားစွာဖြင့်
       ဦးဘလှ
    ၁၂/ဒဂဆ(နိုင်) ၁၃၆၄၂၅
    (၈၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  -၂ -
ဖြန့်ဝေခြင်း
-       ဦးတင်ထွဋ်(ဥက္ကဌ)
လယ်ယာမြေဆုံးရှုံးနစ်နာမှု စုံစမ်းစစ်ဆေးရေးကော်မတီ
ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
-       ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဌ)
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
-       ဥက္ကဌ
တောင်သူလယ်သမားရေးရာကော်မတီ၊ အမျိုးသားလွှတ်တော်၊
နေပြည်တော်။
-       ဒေါ်တာမျိုးအောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။






သို့
          ဥက္ကဌ
          လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
          ပြည်ထောင်စုလွှတ်တော်                                      
          ရက်စွဲ။   ။ ၂၀၁၃ခုနှစ်၊ ဧပြီလ (       )ရက်
အကြောင်းအရာ။    ။   အဓမ္မမြေယာသိမ်းဆည်းခြင်းခံခဲ့ရသည့်အတွက် နစ်နာမှုအား ဥပဒေနှင့်အညီကုစားမှုပေးပါရန်
တင်ပြတိုင်ကြားခြင်းကိစ္စ။
ကျွန်တော်ကိုဘလှသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယခင်ဆင်ခြေရာကွင်း(၈၉)ရပ် ကွက်၊ စက်မှုဇုံ(၂)၊ခြံအမှတ်(ခ)ကျန်စစ်သားလမ်းမကြီးတွင် နေထိုင်သူတစ်ဦးဖြစ်ပါသည်။ကျွန်တော်၏မိခင်ဒေါ်မြနှင့်ညီမ မခင်ချိုမာတို့စိုက်ပျိုးခွင့်ရသော ဆင်ခြေရာကွင်း အမှတ်(၄၄၇) B  ဦးပိုင် အမှတ်(၃၄)(၄၇)တွင် စုစုပေါင်း (၇.၉၂)ဧက ဖြစ်ပါသည်။ ၄င်းမြေပေါ်တွင် နေထိုင်ထွန်ယက်လုပ်ကိုင်စားသောက်နေခဲ့ရာ (၂၀၁၂)မိုးစပါး စိုက်ပျိုးချိန်တွင် လယ်မြေများအပေါ် သဲမှုတ်တင်ခြင်းကို တရားနည်းလမ်းမဲ့စွာ ပြုလုပ်သွားပါ၍ သက်ဆိုင်ရာဌာနအသီးသီကို တင်ပြတိုင်ကြားခဲ့ သော်လည်း လာရောက်စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြပါ။ ထို့အပြင် (၂၃.၄.၂၀၁၃)ရက်နေ့တွင် ဒေါက်တာ စိုးဟန်၏သားသည် စည်ပင်သာယာအဖွဲအစည်းကို ဦးဆောင်လျက် ၄က/၆၈၅၆၊ ၁ခ/၆၅၃၃ ပါကျဲရိုးကားဖြင့် လာရောက်၍ ခြံမြေအား မြေတိုင်းထွာခြင်းကိုပြုလုပ်ခဲ့ကြောင်း  သက်ဆိုင်ရာအဖွဲ့အစည်းများထံ တိုင်ကြားအပ်ပါသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်တို့မိသားစုများမှ စိတ်ဆင်းရဲမှုကြုံတွေ့နေရပါသည်။ ရှေ့ဆိုရိုးစကားများတွင် သူဌေးသဘောင်္ မှောက်တာ အကြောင်းမဟုတ်သော်လည်း ကျွန်တော်တို့လယ်သမားများ ခွက်ပျောက်နေကြပြီ ဖြစ်ပါသည်။
သို့ပါ၍ ကျွန်တော်တို့ လယ်သမားများကို ဥပက္ခာမပြုကြပါရန် တိုင်ကြား အပ်ပါသည်။

    ဦးဘလှ
 ၁၂/ဒဂဆ(နိုင်) ၁၃၆၄၂၅
(၈၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
မိတ္တူကို
-       ဦးကျော်မြင့် (လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)
-       ဦးအောင်သိန်းလင်း(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)
-       ဦးခိုင်မောင်ရည်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)
-       ဦးအောင်ဇင်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)
-       ဒေါ်ခင်ဝိုင်းကြည်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)
-       ဒေါက်တာမြင့်ကြည်(လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်)(အဖွဲ့ဝင်)

No comments:

Post a Comment