Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, August 3, 2015
Saturday, March 8, 2014
Nothing
မဟာဗလာ
အကျ ကွက် နဲ့ အကွက် ကျ ကျ
အကြောင်းပြ ချက် -ဆင်ခြင်- အယူခံခွင့်
မှားယွင်းမူက စံနစ်တကျ
ဘာမှမဟုတ်တာ ကို ရေးကြီးခွင်ကျ ယ်
ဘာမှမဟုတ်တာ (ဘ၀)
ဘာမှ မဟုတ်တာ (ကဗျာ)
ဘာမှ မဟုတ်တာ (တန်ဖိုး)
ဘာမှ မဟုတ်တာ (ကိုးကွယ်ရာ)
ဘာမှ မဟုတ်တာ ( လွတ်လပ်ခွင့်)
ငါဟာ
ဘုရားသခင် ဆုပ်ကိုင်ခွင့်မရတဲ့ လေဟာနယ်
Nothing---Nothing ----Nothing ။
ချ မ်းညိမ်းသိုက်
၈-၂၀၁၃
Wednesday, March 5, 2014
ကောင်းပါတယ်
ကောင်းပါတယ်
ယဉ်ယဉ်လေးနဲ့ ရင်လေးသွား
အနိုင်ယူလို့ မရ အရူံးပေးလို့မရ
တိုက်လို့လဲမဖြစ် အညံခံလို့လဲမဖြစ်။
ကောင်းပါတယ် (ကောင်းပါတယ်)
ခေါင်းကျ လည်း အစားခံရ (ကောင်းပါတယ်)
ပန်းကျ လည်း အစားခံရ( ကောင်းပါတယ်)။
မနက်ဖြန် လက်ကျန် / ချန်
အတွေ့မှာ လက်ယဉ်သွား
အနာက ဆေးမတိုးတော့။
အိပ်မက်က ယဉ်သကိုး
လက်ကျန်က မနက်ဖြန်
မနက်ဖြန်က မနက်ဖြန်အတွက်။
သူလည်း ယဉ်သွားပြီ
ယဉ်ယဉ်လေး ပဲ ကောင်ပါတယ် ။ ။
5.3.2014
ချမ်းညိမ်းသိုက်
Sunday, July 21, 2013
ပြောင်းလဲတတ်သော သဘောနှင့် မပြောင်းလဲသော ပရမတ္တသစ္စာ
Saturday, July 20, 2013
Thursday, July 18, 2013
ှStop the different ways of misdeed!
ရပ်ကြလော့ ၊ ခိုးစားခြင်းမှရပ်ကြလော့ ၊ လုစားခြင်းမှ ရပ်ကြလော့၊ လိမ်ညာခြင်းမှ ရပ်ကြလော့၊ အဂတိလိုက်စားခြင်းမှ ရပ်ကြလော့ ၊ အာဏာအလွဲသုံးစားပြုခြင်းမှ ရပ်ကြလော့၊ သူတစ်ပါးပိုင်လယ်မြေကို အတင်းဝင်လုခြင်းမှ ရပ်ကြလော့၊ သယံဇာတများ မတရားယူငင် သုံးစွဲခြင်းမှ ရပ်ကြလော့၊
Wednesday, July 10, 2013
Saturday, June 29, 2013
မိုးကောင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒ
ချိုပေါက်သည့်နွား၊ စွယ်သွားချွန်ထက်
တောဝက်အသွင်၊ မြင်မြင်ရာရာ
ဝှေ့ကိုက်ပါက၊ မုန်းတတ်ကြ၏။
( လက်ဝဲစွန်းကို ရည်ရွယ်သည်။)
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကြိုးသို့
ငုပ်လျှိုးသူ့အောက်၊ မာနပျောက်၍
ရွံ့ကြောက်လန့်ထိတ်၊ သိုးငယ်စိတ်ဖြင့်
သိပ်သိပ်ပျော့ညံ့၊ မခန့်လောက်က
နင်းတတ်ကြ၏။
(လက်ျာစွန်းကို ရည်ရွယ်သည်။)
တောဝက်အသွင်၊ မြင်မြင်ရာရာ
ဝှေ့ကိုက်ပါက၊ မုန်းတတ်ကြ၏။
( လက်ဝဲစွန်းကို ရည်ရွယ်သည်။)
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကြိုးသို့
ငုပ်လျှိုးသူ့အောက်၊ မာနပျောက်၍
ရွံ့ကြောက်လန့်ထိတ်၊ သိုးငယ်စိတ်ဖြင့်
သိပ်သိပ်ပျော့ညံ့၊ မခန့်လောက်က
နင်းတတ်ကြ၏။
(လက်ျာစွန်းကို ရည်ရွယ်သည်။)
Friday, June 21, 2013
ခြုံလွှာပျောက်သူ
အပေါ်ရုံခြုံထည် ပျောက်ပျက်စီး
အနှစ်သူ့ချည်း ခါးသီး
မျက်နှာဖုံးလောက သဘောကျစရာမရှိ
ငါကျောခိုင်းမိ
မှန်ထဲကလူသား မျက်နှာများ
လိမ်မိရက်သား
အားလုံးဆန့်ကျင် နာမည်ကျန်မယ်မထင်
သခင်မျိုးဟေ့ ဒို့ဗမာ
ဝါးကို ဖျက် ၀ါးပိုး
သစ်-ဖျက် သစ်ပိုး
မှန်ကင်းအစစ် ထင်းဖြစ်
မာနတံခွန်မြင့်မား အချင်းချင်းကြွား
သခင်မျိုးဟေ့
ဒို့ဗမာ
နိုင်ငံရေး
နိုင်ငံရေး၊
သုံးပုံဖဲ၊
အမှောက် အလှန်၊
အမှား အမှန်၊
အနိမ့် အမြင့်၊
အသွင်သဏ္ဍန်နဲ့ အနှစ်သာရ၊
အနုသယ
ဘ၀ရူးနဲ့ ဘ၀င်ရူးတို့ဘဝ
Saturday, April 20, 2013
မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - Poem
မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - Poem: ပင်လယ်ကမ်း လမ်းလျှောက်ထွက်ရအောင် မောင်စွမ်းရည် ဧပြီ ၁၂၊ ၂၀၁၃ ပင်လယ်ကမ်း လမ်းလျှောက် ငါးတကောင် ကောက်မိ။ ပုလဲတလုံး တွေ့တော့ ငါးကိုေ...
မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - Poem
မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - Poem: ပင်လယ်ကမ်း လမ်းလျှောက်ထွက်ရအောင် မောင်စွမ်းရည် ဧပြီ ၁၂၊ ၂၀၁၃ ပင်လယ်ကမ်း လမ်းလျှောက် ငါးတကောင် ကောက်မိ။ ပုလဲတလုံး တွေ့တော့ ငါးကိုေ...
Friday, March 29, 2013
မိုးမခ မီဒီယာ - MoeMaKa News & Media: Kamarpale - Poem
မိုးမခ မီဒီယာ - MoeMaKa News & Media: Kamarpale - Poem: ဝေဒနာ ... လောဂျစ် ကမာပုလဲ မတ်လ ၃၀၊ ၂၀၁၃ စာမတတ်ခဲ့ဘူး လက်ပန်တောင်းတောင်သူ ... ။ စာတတ်ခဲ့တယ် ရွှေလင်ပန်းနဲ့ အချင...
တို့မြန်မာ
“ ရွှေမြန်မာတို့အတွက် ”
'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
Subscribe to:
Posts (Atom)





