Sunday, July 21, 2013

နိုင်ငံတော်တည်ဆောက်ရေး


နိုင်ငံတော်တည်ဆောက်ရေး

သြဇာရှိတဲ့ NGOတွေ Institutions တွေအားကောင်းမောင်းသန် ဖြစ်လာအောင်ကြိုးစားရပါမယ်။ အဲဒီ အင်စတီကျူရှင်းတွေအားကောင်းလာရင် Third Party တွေဖြစ်လာမှာပါပဲ။ လူထု ကို လွှမ်းမိုးနိုင်တဲ့ လူထုရဲ့အကျိုးကိုဆောင်တဲ့ Institutions တွေရဲ့အားကို မဲအနိုင်ရဖို့လိုတဲ့ ပါတီတွေကအားကိုးရမှာပါ။

အဲဒီ Institutions တွေရဲ့ စွမ်းဆောင်ရည် နဲ့ နယ်ပယ် ကျယ်ဝန်းလာအောင် ကျိုးစားနိုင်လေလေ အာဏာနဲ့အုပ်ချုပ်ခြင်းဟာပျောက်ကွယ်လေလေပါပဲ။တနည်းပြောရရင် စွမ်းဆောင်ရည့်ရှိသောလူ့အဖွဲအစည်းကို တည်ဆောက်နိုင်ခြင်းပါ။

တနည်း ပြောရရင် အာဏာရှင်တွေရဲ့နောက်ကွယ်မှာ သြဇာရှင်တွေရှိနေတယ်ဆိုတာပါပဲ။ အဲသည့်သြဇာရှင်တွေက အာဏာရှင်ကို ထိန်းကျောင်းနိုင်ခွင့်ရရှိတယ်လို့ဆိုလိုတာပါ။ အဖွဲအစည်းပြုမူ ဖြစ်တဲ့ Institutionalizationကိုတည်ဆောက် ဖို့အရေးကြီးပါတယ်။အဖွဲ့အစည်းများစွမ်းဆောင်ရည်ရှိလေလေ အစိုးရ ရဲ့အာဏာစက်က လျော့ပါလေလေပါ။

အဓိကအကျဆုံးကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ရှိဖို့ Capacity Building ကို တည်ဆောက်နေကြဖို့ပါ။ individualization, မှသည် familiarization, regionalisation, nationalization, globalization သို့ တဖြည်းဖြည်း တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။နိုင်ငံတော်တည်ဆောက်ရေး ဆိုတာ အဲဒါကို ဆိုလိုတာဖြစ်တယ်လို့နားလည်မိပါတယ်။ state building ဆိုတာ နားလည်ရသိပ်မခက်ပါ။ လုပ်ဆောင်ရတာတော့ ခက်ပါလိမ့်မယ်

No comments:

Post a Comment