Sunday, April 28, 2013

ပဲခူးတိုင်း ထောက်ပို့ တပ် ၏ မတရားလုပ်ရပ်

aa
ကျောက်စရစ် ကျင်နေပုံ
ပဲခူးတိုင်း၊ မဟာကြီး အနောက်ရပ်ကွက် ၀ါးမရမ်းကျေးရွာ ကွင်းအမှတ်(oss ၇၆) ကြေးတိုင်ပြင်ကွင်း ၊ဦးပိုင်အမှတ်(N266/1.2)  သည် ယခင် ဦးအောင်ဆန်းနှင့် ဦးအေးကြည်ပိုင်  ခြံမြေ များဖြစ်ပါသည်။
၎င်းခြံမြေများပေါ်ကို   တွင် ထောက်ပို့တပ်မှ     မလျော်သြဇာကို အသုံးပြုလျက်   ၃၀.၆.၂၀၁၂ တွင် ကျူးကျော်ဝင်ရောက်ခဲ့ပါသည်။

ယခု အခါ ဦးအောင်ဆန်းပိုင် မြေများ အတွင်း  မြေတူးခြင်း၊သဲတူး ခြင်း၊ ကျောက်စရစ်တူးခြင်းတို့ကို ပိုင်ရှင်၏ခွင့်ပြုချက်ကို ရယူမှုမရှိပဲ အဓမ္မ  ပြုလုပ်စေခဲ့ ပါသည်။
ထို့အပြင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်စေခြင်းများကို ခွင့်ပြုထားပါသည်။ 
ထိုကြောင့် အနီးအနားရှိ နေထိုင်သူ ပြည်သူလူထုမှာ မော်တော်ယာဉ်များ အသံကြောင့်လည်းကောင်း ဖုန်ထူထပ်၍ လည်းကောင်း စိတ်ဒုက္ခ ရောက်နေကြပါသည်။



လုပ်ငန်းခွင် ဓါတ်ပုံ

 
အဆိုပါမြေနေရာသည် တချိန်က ဦးအောင်ဆန်းနှင့် ဦးအေးကြည် ပိုင်သည့်
မြေနေရာဖြစ်ခဲ့သော်လည်း ထောက်ပို့တပ်မှ မတရားသဖြင့် ကျူးကျော်ဝင်ရောက်အဆောက်အဦးများ ဆောက်လုပ်ခဲ့ပါသည်။ ကပ်လျက်တည်ရှိသော နေရာတွင်
 သဲတူးသည့် လုပ်ငန်းကိုလည်း ခွင့်ပြုထားခဲ့ပါသည်။  ထောက်ပို့တပ်သို့ ၁ လလျင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းထိ ပေးရသည်ဟု စုံစမ်း သိရှိရပါသည်။
ထောက်ပို့တပ်၏ အရှိန်အ၀ါကို အသုံးပြုကာ တာဝန်ရှိသူများက ကိုယ်ကျိုးရှာနေခြင်းပင်ဖြစ်ပါသည်။
 မူလပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်း၏ မိသားစု ၀င်များမှာ မတရား အနိုင်ကျင့်ခံရသည့် အတွက် ဂုဏ်သိက္ခာ ကျဆင်းသည့် အပြင် မိသားစု စားဝတ်နေရေးမှာ တဖြည်းဖြည်း ကျဆင်းစေသည့် လူမူဒုက္ခ တို့ ခံစားနေရကြောင်းသတင်းရရှိပါသည်။

ထောက်ပို့စစ်တပ်မှ ခွင့်ပြုထားသော ကျူးကျော်တဲ(ယခင်ဦးအောင်ဆန်းပိုင်မြေ)


No comments:

Post a Comment