Saturday, May 25, 2013

ဓါတ်ရှင် မင်းသားကျော်သူ နှင့် ပြည်သူလူထု ချမ်းသာခြင်း အကြောင်း


လမ်းပျောက်ချိန်

မိုးရောက်ပြီ။ မိုးတွင်းမို့ မိုးရွာသည်မှာမဆန်းပါချေ။ ဆန်းသည်က တစ်ခြားမဟုတ်။ တိုးတက်ဖွံဖြိုးသော နိုင်ငံများတွင် မိုးရွာပြီး နောက် ဆယ်မိနစ်ခန့်အကြာ မိုးရေတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
မြန်မာနိုင်ငံတွင်ကား သည်လိုမဟုတ်ပါချေ၊ မိုးရွာပြီးနောက် ဆယ်မိနစ်အကြာတွင် လမ်းများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားလေ့ရှိသည်။

ဘာကြောင့်လဲ


အကြောင်းဘယ်သို့ ရှိသနည်း။ ဘာကြောင့် ကွာခြားရပါသနည်း။
လမ်းဘေး ၀ဲယာနှစ်ဘက်ရှိ ရေမြောင်းတို့တွင် အမှိုက်များ ပိတ်ဆို့သောကြောင့်ပါပေ.။

Wednesday, May 8, 2013

တိုင်နေပါတယ်

သို့
          နိုင်ငံတော်သမ္မတ
          နိုင်ငံတော်သမ္မတရုံး
          နေပြည်တော်
                                                                   ရက်စွဲ ၊          ၊ ၂၀၁၃ ခုနှစ် မေလ  ၉ ရက်

အကြောင်းအရာ ။                  ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ၀န်ထမ်း ဦးမျိုးစိုးမိုး  ၏                                           အဂတိလိုက်စားမှုကိုတိုင်ကြားခြင်း ။

(၁) အဂတိလိုက်စားမှု အခင်းဖြစ်ပုံအကျဉ်းချုပ် 

          လယ်ပိုင်ရှင်ဒေါ်တင်ဌေးဝင်း ၏ လယ်မြေပေါ်တွင် ကျူးကျော်ဝင်ရောက်၍ မြေတူး မြေရောင်းချခြင်း ကို ငွေကြေးရယူလျက် ခွင့်ပြုထားခြင်း 

(၂) ကျူးလွန်သည့် ၀န်ထမ်း၏
          (က) အမည်             ဦးမျိုးစိုးမိုး
          (ခ) ရာထူး                လက်ထောက်အထွေထွေအုပ်ချုပ်ရေးဦးစီးမူး