Monday, April 29, 2013

ဦးမင်းအောင် တိုင်စာ

သို့
ဦးသိန်းအောင်
ဝန်ကြီးချုပ်
ဧရာဝတီတိုင်းဒေသကြီး
ရက်စွဲ ။…………………………………………..

အကြောင်းအရာ ။ ။ မြို့နယ်ထွေအုပ်မှ သိမ်းဆည်း၍ သီးစားချထားသော လယ်ယာမြေများ
ပြန်လည်လုပ်ပိုင်ခွင့်ရရှိရေးကိစ္စ တိုင်ကြားခြင်း

၁ ။ ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ် ၊ ကြက်လျှာစံပြကျေးရွာအုပ်စု ၊ အောင်သုခ ကျေးရွာရှိ တောင်သူ ဦးပေါစံ (ခ) ဦးမင်းအောင် နှင့် အခြား (၇) ဦး လုပ်ကိုင်နေ သောလယ်ယာမြေ ဧက (၅၀) ကို ၁၉၉၅ ခုနှစ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှ သိမ်းဆည်းခဲ့ပါသည် ။



၂ ။ တောင်သူ ဦးမင်းအောင်မှ မြို့နယ်/ခရိုင် နှင့် တိုင်းအဆင့်များသို့ တိုင်ကြားသည့်အခါ မော်လမြိုင် ကျွန်းမြို့ နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှ တောင်သူ (၈) ဦးအား ပြန်လည်ချထားပေးရန် ( ၁ - ၉ - ၁၉၉၅ ) ရက်စွဲပါစာ အမှတ် ၆၄ / ၃ - ၁၉ / မ၀တ ( မော်လမြိုင်ကျွန်း ) - ဖြင့် ပြန်လည် ချထားပေးခဲ့ပါသည် ။

၃ ။ သို့သော် လယ်မြ ( ၂၅ .၅ ) ဧက ပိုင်ဆိုင်သူ တောင်သူ ဦးမင်းအောင်ထံသို့ (၁၀) ဧက ၊ တောင်သူ ဦးထွန်းသိန်း ထံသို့ (၂) ဧက ပြန်လည်ချ ထားပေးပြီး ကျန်လယ်မြေများကို သီးစားချစား ခဲ့ပါသည် ။

၎ ။ ၂၀၀၈ ခု နှစ်နောက်ပိုင်းမှစ၍ ကျန် လယ်မြေ (၃၈) ဧက ကို တောင်သူ ဦးမင်းအောင်မှ အမှန် တကယ် လုပ်ကိုင်ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ တစ်ဧကလျင် (၁၃) တင်းနှုန်းဖြင့် သီးစားခပေး ချေရပါသည် ။

၅ ။ မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အမှန်တကယ်လုပ်ကိုင်သူ မူလလက်ငုတ်တောင်သူ ဦးမင်း အောင် အား တိုက်ရိုက်သီးစားချထားခြင်းမဟုတ်ဘဲ မော်လမြိုင်ကျွန်းမြို့၊ (၆) ရပ်ကွက် ၊ ၁၄ လမ်းတွင် နေထိုင်သူ ( ကျေးရွာအုပ်စုတွင်းနေထိုင်ခြင်းမရှိသူ ) ကို စာရွက်စာတမ်းဖြင့် သီးစားချထားပေးပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှ ဒေါ်ခင်မာညို ( ဒု - ဦးစီး ) မှသီးစားခတောင်းယူပါသည် ။

၆ ။ ငွေလက်ခံသူမှာ ထွေအုပ်ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးထွန်းကြိုင် ( စာရင်းကိုင် - ၃ ) မှလက်ခံ ပါသည် ။ သီးစားခ ၁၃ တင်းနှုန်းကို ကာလပေါက်ဈေး ငွေကြေးဖြင့်သင့်ပြီး ငွေသား ကိုလက်ခံခြင်း ဖြစ်ပါသည် ။

၇ ။ ၂၀၁၂ ခုနှစ်တွင် ပေးချေရသော သီးစားခနှုန်းထားမှာ လယ်မြေ ( ၃၈ ) ဧကအတွက် ဆယ့်ကိုးသိန်း ခုနှစ်သောင်းခြောက်ထောင် ကျပ် ( ၁၉၇၆၀၀၀ိ/-) တိတိပေးချေရပါသည် ။ တစ်ဧကအတွက် မြေငှားခ ငါးသောင်းနှစ်ထောင် ( ၅၂၀၀၀ိ/-) ကုန်ကျနေပါသည် ။

၈ ။ သို့ဖြစ်ပါ၍ မူလတောင်သူများမှာ မိမိလယ်မြေကို မိမိ ငွေးကြေးအမြောက်အများ ပြန်လည် အခပေး စိုက်ပျိုးနေရပါသဖြင့် တရား ၀င် မှတ်ပုံတင်ပြီးလုပ်ကိုင်ခွင့် ချထားပေးနိုင်ပါ ရန် တင်ပြတိုင်ကြား ရခြင်းဖြစ် ပါသည် ။

တိုင်ကြားသူ

ဦးမင်းအောင်
၁၄/မမက(နိုင် ) ၁၂၄၀၁၅
အောင်သုခကျေးရွာ၊ ကြက်လျှာကျေးရွာအုပ်စု ၊
မော်လမြိုင်ကျွန်းမြို့နယ် ။
မိတ္တူကို -
- ဦးသိန်းထွန်း ၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- ဦးမန်းမောင်မောင်ဥာဏ်၊လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- ဒေါ်ခင်သန်းမြင့်၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- ဦးစိန်ဝင်း ၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- ဦးကျော်မြင့်၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- ဦးအောင်မြသန်း ၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
- အုပ်ချုပ်ရေးမှူး၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လပွတ္တာခရိုင်
- အုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မော်လမြိုင်ကျွန်းမြို့နယ်
- အုပ်ချုပ်ရေးမှူး၊ ကြက်လျှာစံပြကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ မော်လမြိုင်ကျွန်းမြို့နယ်

No comments:

Post a Comment