Saturday, November 30, 2013

ဘာသာပြန်လိုသူများ အတွက်

ကမ္ဘာကျော်Khan Academy မြန်မာပြန် ဝက်ဘ်ဆိုက်အတွက် ဘာသာပြန်သူများ Volunteer လုပ်နိုင် တော်တော်ကောင်းတဲ့ စိတ်ကူးလေးပါ။ Online သင်ခန်းစာများကို ပို့ချနေသော ကမ္ဘာကျော် Khan Academy Website အားမြန်မာဘာသာ ဖြင့် လွှင့် တင်ထားပြီး အဆိုပါ Web Site တွင် မူရင်း ဗီဒီယိုသင်ခန်းစာများ ကို မြန်မာဘာသာပြန်ဆိုကာ တင်ဆက်ထားသည်။ ပညာရပ်နယ်ပယ်ပေါင်းစုံအတွက် ထုတ်လွှင့်ထားသော ဗီဒီယိုဖိုင်သင် ခန်းစာများအားလုံးကို မြန်မာဘာသာစကားဖြင့် ပြန်ဆိုဖော်ပြနိုင်ရန်အတွက် Volunteer များအဖြစ်လုပ်ကိုင်လိုသူများ ဆက်သွယ် နိုင်ကာ ပါဝင်လုပ်ဆောင်နိုင်ဖို့ဖိတ်ခေါ်ထားပါတယ်။ ယခုအခါမှာ သင်ကြားရေးဆိုင်ရာ ဗီဒီယိုဖိုင်ပေါင်း ၁၀၀ ကျော်ကို မြန်မာ ဘာသာပြန် ဖြင့် အခမဲ့ကြည့်ရှုနိုင်နေပြီဖြစ်ကာ မကြာမီမှာ DVD များကို အခ မဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရှိရသည်။ အသေးစိတ်သိရှိလိုပြီး မြန်မာဘာသာပြန် Online သင်ခန်းစာများကို ကြည့်ရှုလိုပါက http://www.khanacademyburmese.org တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။မြန်မာ့ပညာရေးတိုးတက်ဖို့အတွက် တစ်တပ်တစ်အားဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြစေဖို့ Tech Space ဝိုင်းတော်သားများက ဆန္ဒပြုလိုက်ပါတယ်။ ------------------

Friday, November 29, 2013

တော်တော်ရယ်ရတဲ့ကောင်တွေ

  • ဟား ဟား ဟား ..ရယ်လိုက်ရတာ အူပါနာတယ်...သူငယ်ချင်းတို့ လဲ ရယ်ရအောင် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်...ခိခိခိ ============ တာလီဘန် အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့ မှ အသေခံဗုံးဖောက်ခွဲဖို့ လွတ်လိုက်တဲ့ အကြမ်းဖက်သမား အဇာစ် ရှဟစ်ဒူလာ (Aezid Shahidullah) ဟာ သူ့ ရဲ့ လုပ်ငန်းတာဝန် မစ နိုင်ခင်မှာပဲ ရဲကအချိန်မှီ ဖမ်းဆီးခြင်း နိုင်ခဲ့ပါတယ်...ထူးခြားတာတစ်ခုကတော့ တစ်ကိုယ်လုံး ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေအပြည့်တပ်ဆင်ထားပေမဲ့ သူ့ ရဲ့ ငယ်ပါ (penis)ကို ဗုံးဒါဏ်ခံနိုင်တဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ အစွပ်နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်...ရဲအရာရှိက ဘာကြောင့် ဒီလိုဖုံးအုပ်ကာကွယ်ထား ပါသလဲလို့ ပေးတော့... အဇာစ် ရှဟစ်ဒူလာ (Aezid Shahidullah) က ကျွန်တော့ခန္ဓာကိုယ် တစ်စီဖြစ်သွားတဲ့အခါ ငယ်ပါ(penis)ကိုတော့ အထိခိုက်မရှိ အကောင်းပကတိ ကျန်ခဲ့စေချင်လို့ ပါ...ဒါမှ သေလွန်ပြီးနောက် ကောင်းကင်ဘုံမှာ အပျိုစင် ၇၂ ယောက်နဲ့ ပျော်ပါးတဲ့အခါ အဆင်ပြေအောင်လို့ ပါ...ဒိပြင်တခြားရည်ရွယ်ချက်တော့ မရှိပါဘူး ဟုဖြေကြားသွားခဲ့ပါတယ်...။ Failed taliban suicide bomber Aezid Shahidullah was arrested and searched by police. Then metal was found around his penis as a protection. Searching officers asked the purpose, his response was: He wanted to keep his penis safe after he blew himself up, for not having any sexual problems while to meet those 72 god damn virgins in heaven. ALLAHU AKBAR!!!


    ဘယ်လိုကောင်တွေလဲမသိဖူးနော်

လူဗိုလ်ဟူသည် ...: ဦးရွှေမန်းရဲ့ အမှားတော်ပုံများ

လူဗိုလ်ဟူသည် ...: ဦးရွှေမန်းရဲ့ အမှားတော်ပုံများ: Ye Yint Nge Darron Humiston ၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးေ ကာက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ...

အုတ်တစ်ချပ် သဲတစ်ပွင့်



ဦးကိုကို

Photo: ရန်ကုန်မြိုတွင် ယာဉ်ကြောပိတ်ဆို့ခြင်း၏ဒုက္ခအ၀၀ကို ပြည်သူလူထုမှခံစားနေရပါသည်။ ပြည်သူလူထု ခံစားနေရသော ယာဉ်ကြောပိတ်ဆို့ခြင်းကို တာဝန်ရှိသူများက ဖြေရှင်းနိုင်ခြင်းမရှိပဲ မျက်ကွက်ပြုထားကြသည်မှာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ၊  ပြည်သူလူထုခံစားနေရသော ဒုက္ခ ကို ဖြေရှင်းရန် နိုင်ငံပြုမူနှင့် နိုင်ငံတော်တည်ဆောက်ရေးကို စိတ်ဝင်စားသည့် မည်သူမဆို ဦးကိုကိုထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ဦးကိုကိုထံမှ အကြံဥာဏ်များရယူကာ ယာဉ်ကြောပိတ်ဆို့မူ ပြဿနာကို ဖြေရှင်းစေလိုပါသည်။ 

 ဦးကိုကို ၏နေရပ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မည်သူမဆိုအောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းစေလိုပါသည်။ ဦးကိုကို၊ နေရပ်လိပ်စာ (တိုက် ၇ အခန်း(၂ )ဘုရင်နောင် လမ်းမကြီး ဘုရင်နောင် အိမ်ယာ(အလုပ်အကိုင် ယာဉ်မောင်း( သို့) ယာဉ်ကြောရှင်းလင်းရန်ကျွမ်းကျင်သူ ) ဖုန်း ၀၉၄၅၀၀၄၄၅၇၀

ပြောင်းလည်းသင့်သည့် အခြေခံမူဝါဒ( ဖုန်းနှင့် မေးမြန်းချက်)

သယ်ယူပို့ဆောင်ရေးသဏ္ဍန်ပြောင်းရမည်။လမ်း  စံမံခန့်ခွဲမူပုံစံပြောင်းလဲရမည်။ ယာဉ် စည်းကမ်းထိန်းသိန်းရေး ပုံစံ ပြောင်းလဲ ရမည် (အဆိုပါအချက်ကို အရပ်ဘက်လူ့အဖွဲအစည်း ပူပေါင်း) ရမည်။
အသေးစိတ်အချက်အလမ်းများကို ဦးကိုကိုနှင့်ဆွေးနွေးကာ ထပ်မံတင်ပြပါဦးမည်။ 

စံတော်ချိန်သတင်းစာ တွင် ယနေ့ ၂၂.၁၁.၂၀၁၃ ရက်နေ့က ၄င်း၏ ကိုယ်ပိုင်ငွေကြေး ၁၈၀၀၀ ကျပ် အကုန်ခံ ကာ ကြေငြာရှင်ကိုယ်တိုင်ကြေငြာထားသည်ကို ၀မ်းမြောက်ဝမ်းသာစွာတွေ့ရှိရပါသည်။

ဦးကိုကိုကဲ့သို့ တာဝန်သိသူ ၊ တာဝန်ယူရဲသူ၊ တာဝန်ခံစိတ်ရှိသည်မည်သူမဆို ပူးပေါင်းပါဝင်နိုင်ပါသည်။ ပူးပေါင်းသင့်ပါသည်။ တာဝန်သိသော တာဝန်ယူရဲသော တာဝန်ခံရဲသော မည်သည့် ၀န်ကြီးဌာနနှင့်မဆို ပူပေါင်းလိုသည် ဟု ဦးကိုကိုမှ တင်ပြခဲ့ပါသည်။ အဆိုပါ တာဝန်ကို တာဝန်ယူရဲသော ၀န်ကြီး၊ အမူထမ်း၊ အရာထမ်းရှိပါက လည်း ယခုလို လူမူကွန်ယက်များတွင်ကြေုငာပေးစေလိုပါသည်။

တာဝန်သိသူသည် မည်သည့်နေရာရောက်ရောက် ရာထူးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တာဝန်ယူရဲပါသည်။ တာဝန်ခံရဲပါသည်။ တာဝန်သိသော တာဝန်ခံရဲသော မည်သူ့ကို မဆို တာဝန်ကိုပေးအပ်သင့်ပါသည်။ 

အကျွန်ုပ်အနေဖြင့် သူ့ ကဲ့ သို့ တာဝန်သိသော တာဝန်ယူရဲသော ၀န်ကြီး၊ အရာထမ်း အမူထမ်း ၀န်ထမ်းများ မြောက်များစွာ အလိုရှိပါသည် ။ ထိုသူတို့ကို ကျနော်မှ စုံဆယ်ဖြာ လက်အုပ်ချီမိုး ရှိခိုးလိုပါသည်ခင်ဗျာ။

ဝေလင်းအောင်(ကိုဧည့်သည်)
ဖုန်း ၀၉ ၄၃၀၉၃၅၉၁


ရန်ကုန်မြိုတွင် ယာဉ်ကြောပိတ်ဆို့ခြင်း၏ဒုက္ခအ၀၀ကို ပြည်သူလူထုမှခံစားနေရပါသည်။ ပြည်သူလူထု ခံစားနေရသော ယာဉ်ကြောပိတ်ဆို့ခြင်းကို တာဝန်ရှိသူများက ဖြေရှင်းနိုင်ခြင်းမရှိပဲ မျက်ကွက်ပြု ထားကြသည်မှာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ၊ ပြည်သူလူထုခံစားနေရသော ဒုက္ခ ကို ဖြေရှင်းရန် နိုင်ငံပြုမူနှင့် နိုင်ငံတော်တည်ဆောက်ရေးကို စိတ်ဝင်စားသည့် မည်သူမဆို ဦးကိုကိုထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဦးကိုကိုထံမှ အကြံဥာဏ်များရယူကာ ယာဉ်ကြောပိတ်ဆို့မူ ပြဿနာကို ဖြေရှင်းစေလိုပါသည်။

ဦးကိုကို ၏နေရပ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မည်သူမဆိုအောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းစေလိုပါသည်။ ဦးကိုကို၊ နေရပ်လိပ်စာ (တိုက် ၇ အခန်း(၂ )ဘုရင်နောင် လမ်းမကြီး ဘုရင်နောင် အိမ်ယာ(အလုပ်အကိုင် ယာဉ်မောင်း( သို့) ယာဉ်ကြောရှင်းလင်းရန်ကျွမ်းကျင်သူ ) ဖုန်း ၀၉၄၅၀၀၄၄၅၇၀

ပြောင်းလည်းသင့်သည့် အခြေခံမူဝါဒ( ဖုန်းနှင့် မေးမြန်းချက်)

(၁) သယ်ယူပို့ဆောင်ရေးသဏ္ဍန်ပြောင်းရမည်။

(၂) လမ်း စံမံခန့်ခွဲမူပုံစံပြောင်းလဲရမည်။
(၃) ယာဉ် စည်းကမ်း ထိန်းသိန်းရေး ပုံစံ ပြောင်းလဲ ရမည် 
  (အဆိုပါအချက်ကို အရပ်ဘက်လူ့အဖွဲအစည်း ပူပေါင်း)  ရမည်။

အသေးစိတ်အချက်အလမ်းများကို ဦးကိုကိုနှင့်ဆွေးနွေးကာ ထပ်မံတင်ပြပါဦးမည်။

စံတော်ချိန်သတင်းစာ တွင် ယနေ့ ၂၂.၁၁.၂၀၁၃ ရက်နေ့က ၄င်း၏ ကိုယ်ပိုင်ငွေကြေး ၁၈၀၀၀ ကျပ် အကုန်ခံ ကာ ကြေငြာရှင်ကိုယ်တိုင်ကြေငြာထားသည်ကို ၀မ်းမြောက်ဝမ်းသာစွာတွေ့ရှိရပါသည်။

ဦးကိုကိုကဲ့သို့ တာဝန်သိသူ ၊ တာဝန်ယူရဲသူ၊ တာဝန်ခံစိတ်ရှိသည်မည်သူမဆို ပူးပေါင်းပါဝင်နိုင်ပါသည်။ ပူးပေါင်းသင့်ပါသည်။ တာဝန်သိသော တာဝန်ယူရဲသော တာဝန်ခံရဲသော မည်သည့် ၀န်ကြီးဌာနနှင့်မဆို ပူပေါင်းလိုသည် ဟု ဦးကိုကိုမှ တင်ပြခဲ့ပါသည်။ အဆိုပါ တာဝန်ကို တာဝန်ယူရဲသော ၀န်ကြီး၊ အမူထမ်း၊ အရာထမ်းရှိပါက လည်း ယခုလို လူမူကွန်ယက်များတွင်ကြေုငာပေးစေလိုပါသည်။

တာဝန်သိသူသည် မည်သည့်နေရာရောက်ရောက် ရာထူးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တာဝန်ယူရဲပါသည်။ တာဝန်ခံရဲပါသည်။ တာဝန်သိသော တာဝန်ခံရဲသော မည်သူ့ကို မဆို တာဝန်ကိုပေးအပ်သင့်ပါသည်။

အကျွန်ုပ်အနေဖြင့် သူ့ ကဲ့ သို့ တာဝန်သိသော တာဝန်ယူရဲသော ၀န်ကြီး၊ အရာထမ်း အမူထမ်း ၀န်ထမ်းများ မြောက်များစွာ အလိုရှိပါသည် ။ ထိုသူတို့ကို ကျနော်မှ စုံဆယ်ဖြာ လက်အုပ်ချီမိုး ရှိခိုးလိုပါသည်ခင်ဗျာ။



Add caption




ဝေလင်းအောင်(ကိုဧည့်သည်)
ဖုန်း ၀၉ ၄၃၀၉၃၅၉၁


အဂတိလိုက်စားခြင်း(သို့) လာဘ်ပေးလာဘ်ယူ(သို့) အကျင့်ပျက်ခြစားခြင်း(သို့) ဂါရဝ

November 25, 2013 at 9:29am
      လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း ဆိုသည်မှာ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ လာဘ်ပေး လာဘ်ယူမှုဖြင့် ငွေကြေးနှင့် ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့် သော် လည်းကောင်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်းများကို မတရားရယူ ခြင်းကြောင့် သော်လည်းကောင်း ကြွယ်ဝ ချမ်းသာလာခြင်းကိုဆိုသည်။(အဂတိလိုက်စားမူ တိုက်ဖျက်ရေးဥပဒေ)

          ဆင်တစ်ကောင်လုံးတွေ့နေသဖြင့် ဆင်ခြေရာရှာရန် မလိုအပ်ပါချေ။ ဆင်ခြေရာ မမြင်သဖြင့် ဆင် မဟုတ်တန်ရာဟူ၍ ငြင်းဆိုခြင်းအပေါ်ကန့်ကွက်လိုပါသည်။ မည်သည့်နေရာ တွင် မည်သူက မည်သည့်အတွက်ကြောင့် ပေးသည်ကို ရှာဖွေရန် မလိုအပ်ပါ ။

ရှင်လျက်နဲ့သေနေသူ

ဝန်ကြီး ဦးရဲထွတ် က သူရဲ့ page ပေါ်မှာ သည်လိုလေး တင်ပြထားပါတယ်။ ဓါတ်ရှင်မင်းသား ၀င်းဦးပြောတဲ့စကားပါ။

ဆရာအတ္တကျော်ရဲ့ စာတစ်ပုဒ်က ကောက်နှုတ်ချက်လေးပါ။ Facebook ပေါ်မှာ့  မှတ်ချက်ရေးနေသူများ၊ စာမျက်နှာတွေပေါ်ကနေ ဝေဖန်ရေးသားနေသူများ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ဒါရိုက်တာ ၀င်းဦးက ပြောဖူးတယ်။

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။

အင်္ဂလိပ်စာ


( မေး ။ ။ Were there moments where you thought may be the choice, or the sacrifice is not worth it ? I miss my children so much.

ဖြေ ။ ။ No, I never thought that it is not worth it. I always used to think that if only one other person in Burma who wanted democracy, I would remain. )

ကိုယ်ဘာသာပြန်ထားတာက ဒီလိုပါ ။

( မေး ။ ။ အနစ်နာခံခဲ့မှု သို့မဟုတ် ဒီရွေးချယ်ချက်တွေဟာ မတန်ဘူးလို့များ တွေးမိတာမျိုး ရှိဖူးသလား ။ ဥပမာ '' ငါ့သားလေးတွေကို လွမ်းလိုက်တာ '' ဆိုတာမျိုးပေါ့ ။

ဆရာမောင်မောင်ဝမ်း

အင်္ဂလိပ် သဒ္ဒါ ( Grammar ) သုံးစွဲပုံ
====================
Past continuous tense အသုံးပုံစံကိုလေ့လာကြည့်ရအောင်
အတိတ်ကာလမှာဖြစ်စဲ အခြေနေမှာသုံးပါတယ်.....အမြဲတန်း
Simple Past နဲ့တွဲသုံးပါတယ်.......ဥပမာ...မနေ့က နေ့လည်
၁ နာရီကနေ သုံးနာရီထိ မောင်ဘနဲ့ မောင်လှ ချက်ထိုးနေကြတယ်
ဒါဆို နေ့လည် ၂ နာရီမှာ သူတို့ဘာလုပ်နေတုန်းလဲ....( ချက်ထိုး
နေတုန်းပဲ ရှိသေးတယ် ) ဒီလိုအခြေနေမှာသုံးပါတယ်....တကယ်
လို့ ညနေ ၄ နာရီဆိုရင်တော့ ချက်ထိုးလို့ပြီးသွားပြီ....ဒါလိုဟာမျိုး
မှာ Past Perfect Tense ကိုသုံးပါတယ်။
When I got my home, my father was watching the TV.
( ကျနော်အိမ်ပြန်ရောက်တော့...အဖေက ရုပ်မြင်သံကြားကြည့်နေတုန်း )

အသံဖိုင်ဖြင့်ရှင်းပြချက် နားထောင်ရန်
http://www.thebestenglish4you.com/simple-past-tense.html

Thursday, November 28, 2013

Wednesday, November 27, 2013

ဦးသိန်းလှ

သို့
             ဦးသိန်းစိန်
             နိုင်ငံတော်သမ္မတကြီး
             နိုင်ငံတော်သမ္မတရုံး
             နေပြည်တော်

                                                                   ရက်စွဲ ။  ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ  ၂       ရက်

အကြောင်းအရာ။           ။  လယ်မြေကို လယ်နီးချင်းဖြစ်သူ ဦးသောင်းညိုမင်းမှ မတရား အဆင့်ဆင့် သိမ်းပိုက်ထားခြင်းကိစ္စ။

             အထက်ပါကိစ္စနှင့် ပတ်သက်၍ ကျွန်တော်ဦးသိန်းလှ၊  မှတ်ပုံတင်အမှတ်  (စီဇက်အန် - ၁၁၂၂၉၇)နှင့် ဖခင်ဖြစ်သူ ဦးတိုး (ကွယ်လွန်) သည် ၁၉၉၆ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဦးစိုးတင့် (နိုင်ငံတော်ထံမှ လယ်ဧက - ၅၀၀ လုပ်ပိုင်ခွင့်ရသူ)ထံမှ၊ ညောင်တုန်းကျွန်း၊ ကွင်းအမှတ် - ၃၆၄ (ဂ)၊ ၃၆၅ (ဂ) ကျွန်းဦးခေတ္တိရလယ်မြေဧက (၅၀)ကို လယ်မြေပိုင်ဆိုင်ခွင့် စာချုပ် (ပူးတွဲ-၁)အရ လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့ပါသည်။

တရားဥပဒေ စိုးမိုးခြင်း လုံးဝမရှိသော နိုင်ငံ (၁)

Aung Hein November 23, 2013 at 5:20pm
သမ္မတလက်ထဲသို့အရောက်ပေးပိုးပြီးဖြစ်ပါသည်။
သမ္မတကြီးထံသို့ ပိုပြီးဖြစ်ပါသည်





(က) နိဒါန်း

        
      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ။) ၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက် (၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။


       အစိုးရသစ်ပြောင်းလဲ ပြီးနောက် ကောင်းမွန်သောအစိုးရ သန့်ရှင်သော အုပ်ချုပ်ရေး ဖြစ်လာအောင် အစဉ်တစိုက်ကြိုးပမ်းသွားမည်ဟု    ပြည်သူလူထုကို (မိဘပြည်သူများ ခင်ဗျာ ဟု အစချီကာ) မိန့်ခွန်းများတွင်သမ္မတကြီးက  ကတိပေးပြောကြားခဲ့ပါသည်။

       သို့ရာတွင် အဂတိလိုက်စားမူ ပပျောက်ရေး တစ်ခုကိုပင်  အချိန်အထိ လျော့ပါးအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။   ကောင်းမွန်သန့်ရှင်းအောင်  အုပ်ချုပ်တတ်သော အစိုးရအဖွဲ့ ဖြစ်လာရန် ယနေ့ထက်တိုင်  ဆောင်ရွက်နိုင်ခြင်းမရှိပဲ အဖွဲ့လိုက် အဆင့်ဆင့် အဂတိလိုက်စားနေသော အုပ်စိုးသူ အစိုးရအဖွဲ့ မျှသာ ဖြစ်နေကြောင်း  အထောက်အထားစုံလင်စွာဖြင့် တင်ပြမည်ဖြစ်ပါသည်။

      လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာ ရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံ တစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့် အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန် သော်လည်းကောင်း၊ သက်ဆိုင်သူ ထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦး အတွက်သော် လည်းကောင်း၊ အဖွဲ့အစည်း အတွက်သော် လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်း နည်းဖြင့် ဆွေးနွေး ခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်။(အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ)

     ဆောင်ရွက်သင့်သည်ကို ဆောင်ရွက်ခြင်းမရှိခြင်းသည်လည်ကောင်း၊ မလုပ်သင့်သည်ကို လုပ်ဆောင်ခြင်း သည်လည်းကောင်း အဂတိလိုက်စားခြင်းပင်ဖြစ်ပါကြောင်း ဖော်ထုတ်တင်ပြမည်ဖြစ်ပါသည်။ ဆောင်ရွက်ချက်များ ရှိသော်လည်း ပီပြင်အောင် ဆောင်ရွက်ခြင်းမရှိက
အဂတိလိုက်စားမူပင်ဖြစ်ပါကြောင်း တင်ပြပါမည်။ တိုက်ရိုက်အဂတိလိုက်စားမူမရှိသော်လည်း  ဆောင်ရွက်သင့်သည်များကို ထိန်ချန်ထားသည်
မှာလည်း အဂတိလိုက်စားခြင်းပင်ဖြစ်ပါသည်။


(ခ) တင်ပြသော အဖွဲ့အစည်း

မြို့နယ်လယ်သမားအစည်းအရုံး( ရွှေပြည်သာမြို့နယ်) အမူဆောင်အဖွဲ့

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံး( ရွှေပြည်သာမြို့နယ်)


ဦးကျော်ငြိမ်း         (ဥက္ကဌ)                     ဖုန်း  ၀၉-၇၃၁၇၈၁၁၂

ဦးကြည်လှိုင်         (အတွင်းရေးမှုး)           ဖုန်း  ၀၉-၄၂၁၀၉၅၄၅၉

ဦးစောထွန်း          (အဖွဲ့ဝင်)                  ဖုန်း  ၀၉-၄၂၀၂၁၉၁၂၂

ဦးကျော်ထွန်း        (   ။     )                   ဖုန်း  ၀၉-၄၂၀၇၀၂၄၃၁

ဦးတင်လှ             (   ။     )                   ဖုန်း  ၀၉- ၄၂၀၀၁၀၇၃၈

ဦးဌေးညွန့်           (    ။     )                  ဖုန်း  ၀၉- ၄၂၀၀၀၁၄၀၇


 ရွှေပြည်သာမြို့နယ် အမူဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ  ( အစည်းအဝေးဆုံးဖြတ်ချက်ကို နောက်ဆက်တွဲဖြင့် ဖော်ပြပါမည်)



        လူမူကွန်ရက်(ဖေ့ဘုတ်)မှတဆင့်  ပြည်သူလူထုနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများ   သိစေရန်နှင့်   ပြန်လည် တင်ပြနိုင်ရန်အလိုငှာ  တင်ပြရခြင်း ဖြစ်ပါသည် ။   အထက်ပါဖုန်းနံပါတ်များကို စုံစမ်မေးမြန်းစေလိုပါသည်။  အသေးစိတ် မေးမြန်းခြင်းဖြင့် ဖြစ်ရပ်မှန် ဟုတ်မဟုတ် အတည်ပြု ခြင်းဖြင့် ၀ိုင်းဝန်းဖော်ထုတ်စေချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အသေးစိတ်ကို သိလိုသော ထပ်မံ တင်ပြလိုသော သတင်းဌာနများအနေဖြင့် သတင်စာရှင်းလင်းပွဲများလုပ်ဆောင်ကြကာ အဂတိလိုက်စားမူ ကို ဖော်ထုတ်ပေးကြပါရန်  အထူး နိုးဆော် တိုက်တွန်း တင်ပြလိုက်ပါသည်။

       ဖြစ်ရပ်ပါ ပြဿနာရပ်များကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ဦးတင်ထွဋ်( လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူကြောင့် နစ်နာမူပြည်သူများ နစ်နာမူမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်) တို့သိရှိဆောင်ရွက်ပြီးကြောင်းနှင့် ၄င်းတို့၏ ဆောင်ရွက်ချက် တစ်စိတ် တစ်ဒေသကို  တင်ပြမည်ဖြစ်ပါသည်။


 (ဂ) ပါဝင်ပတ်သက်စုံစမ်းစစ်ဆေးသော အဖွဲ့အစည်းအမည်နှင့် အဖွဲ့ဝင်များ

(လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူကြောင့် နစ်နာမူပြည်သူများ နစ်နာမူမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်)

ဦးတင်ထွဋ်                  (အဖွဲခေါင်းဆောင်) ဖုန်း    ၀၉ -

ဦးကျော်မြင့်                 ( အဖွဲ့ဝင်)            ဖုန်း     ၀၉- ၄၂၀၁၀၃၄၀၇

ဦးအောင်သိန်းလင်း       (အဖွဲ့ဝင်)             ဖုန်း    ၀၉ - ၈၆၀၀၁၄၂

ဦးခိုင်မောင်ရည်               ။                       ။        ၀၉-၅၀၆၉၃၄၀

ဒေါက်တာမြင့်ကြည်         ။                        ။       ၀၉-၄၉၃၃၅၉၁၉

ဦးအောင်ဇင်                   ။                       ။        ၀၉ -၇၃၁၉၀၉၁၉

ဒေါ်ခင်ဝိုင်းကြည်              ။                       ။       ၀၉- ၇၃၁၁၀၅၄၅


ဖော်ပြပါ ကိစ္စရပ်များအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမူ စုံစမ်းရေးကော်မရှင် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲဝင်များထံ ဖုန်ဆက်စုံစမ်းနိုင်ပါသည်။
 

သမ္မတလက်ထဲသို့အရောက်ပေးပိုးပြီးဖြစ်ပါသည်။





ဒုသမ္မတ လက်ထဲသို့ အရောက်ပေးပို့ပြီးဖြစ်ပါသည်
ဒုသမ္မတ လက်ထဲသို့ အရောက်ပေးပို့ပြီးဖြစ်ပါသည်



(ဃ)တင်ပြထားသောစာရွက်စာတမ်းများ


(၁) အမှတ်(၄) လမ်းမဘေး၊ ၂/၃/၄/ ရပ်ကွက်ကြားရှိ ပလပ်ကျန်လယ်မြေစာရင်း( နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်)



(၂) အိုးအိမ်ဦးစီးဇဌာနမှ သိမ်းယူရွေ့ အိုးအိမ်စီမံကိန်းဆောက်လုပ်ပြီး  ပြင်ပတွင်ကျန် (ပလပ်မြေ) ပေါ်တွင် အဆောက်အဦးများ
      ဆောက်လုပ်နေမှုအား တင်ပြတိုင်ကြားခြင်း။

(၃) ရွှေစက်ဝန်းကုမဏီမှ လယ်သမားနှင့်ညှိနှိုင်းမှုမရှိဘဲ လယ်မြေများပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း များကို တားမြစ်ပေးပါရန်ကိစ္စ။

(၄) လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် နစ်နာသူများမှ သက်ဆိုင်ရာသို့ တင်ပြ၍ နစ်နာနေသူများ ဖြေရှင်းနေသည့် လယ်မြေများနှင့် အခြားမြေများတွင် ခြံစည်းရိုးခတ်နေသည့် ကိစ္စ။



ဦးအောင်သိန်းလင်( ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်) ဖုန်း ၀၉၈၆၀၀၁၄၂
ဦးအောင်သိန်းလင်( ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်) ဖုန်း ၀၉၈၆၀၀၁၄၂


(၅) ရွှေစက်ဝန်းကုမဏီမှ လယ်သမားများနှင့် ညှိနှိင်းမူ မရှိပဲ လယ်မြေပေါ်တွင် အဆောက်အဦး ဆောက်လုပ်ခြင်းကို တားမြစ်ပေးပါရန် တိုင်ကြားခြင်းကိစ္စ




တောင်သူ ဦးကြည်လှိုင် (ဖုန်း) ၀၉၄၂၁၀၉၅၄၅၉ တိုင်ကြားစာ
တောင်သူ ဦးကြည်လှိုင် (ဖုန်း) ၀၉၄၂၁၀၉၅၄၅၉ တိုင်ကြားစာ


(၆) အကူအညီတောင်းခံစာတင်ပြခြင်း( ဦးတင်မောင်ဦး ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မှ တိုင်းဒေသ၀န်ကြီးချူပ်ဦးမြင့်ဆွေထံ အကူအညီတောင်းခံခြင်း)


ဦးတင်မောင်ဦး (လွှတ်တော်ကိုယ်စာလှယ်) ဖုန်း ၄၃၀၈၈၈၇၅
ဦးတင်မောင်ဦး (လွှတ်တော်ကိုယ်စာလှယ်) ဖုန်း ၄၃၀၈၈၈၇၅

(၇) စနစ်တကျ တိုင်းကြားသော်လည် အတင်းဝင်ရောက် အဆောက်အဦဆောက်ထားသည့်ပုံနှင့် ခြံခတ်ထားသော ဓါတ်ပုံ





လယ်ပိုင်ရှင်ဦးကြည်လှိုင်၏ ဖုန်း ၀၉-၄၂၁၀၉၅၄၅၉
လယ်ပိုင်ရှင်ဦးကြည်လှိုင်၏ ဖုန်း ၀၉-၄၂၁၀၉၅၄၅၉


(၈) ဌာနမှူး (အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန) မြိုနယ်စည်ပင်သာယာရေးဦးစီဌာန ( ရွှေပြည်သာမြို့နယ်)
ရွှေစက်ဝန်းကုမဏီမှ လယ်သမားနှင့်ညှိနိုင်းမူမရှိပဲ လယ်မြေများပေါ်တွင် အဆောက်အဦ ဆောက်လုပ်နေခြင်းအား
တားမြစ်ပေးပါရန်တိုင်ကြာခြင်း


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၅.၁၂.၂၀၁၂ ရက်စွဲပါ စာအမှတ် ၂.၃.၂.စီပွား(၄၀၂၆) ကို ရည်ညွန်းသည်။ ရည်ညွှန်းချက်ပါ စာများဖြင့် တိုင်း၊ ခရိုင်၊ မြိုနယ် အဆင့်ဆင့်က ရပ်ဆိုင်းရန်တားမြစ်ထားခြင်းကို ရည်ညွှန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၅.၁၂.၂၀၁၂ ရက်စွဲပါ စာအမှတ် ၂.၃.၂.စီပွား(၄၀၂၆) ကို ရည်ညွန်းသည်။ ရည်ညွှန်းချက်ပါ စာများဖြင့် တိုင်း၊ ခရိုင်၊ မြိုနယ် အဆင့်ဆင့်က ရပ်ဆိုင်းရန်တားမြစ်ထားခြင်းကို ရည်ညွှန်းပါသည်။



ပလပ်မြေများအတွင် အတင်းဝင်ရောက် ပြီး ခြံခတ် သည့်ပုံ


(င) နိဂုံး

         မြန်မာနိုင်ငံသည် အုပ်စုဖွဲ့၍ အဆင့်ဆင့် အဂတိလိုက်စားနေသည်မှာ ကြာမြင့်ပြီဖြစ်ပါသည်။ အဂတိလိုက်စားမူကြောင့် တရားဥပဒေ စိုးမိုးခြင်းမရှိတော့ပေ ။  ကာလရှည်ကြာစွာအမြစ်တွယ်နေသော အဂတိလိုက်စားမူကို တိုက်ဖျက်ရန်မှာ တနိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး၏  တာဝန်ပင်ဖြစ်ပါသည်။

        တင်ပြထားသော အထောက်အထားတို့ မှန်မမှန် စစ်ဆေးလိုသော အဖွဲ့ အစည်းအသီးသီးနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများကို ဖိတ်ခေါ်လိုပါသည်။  အားလုံးပူးပေါင်းဆောင်ရွက်ဖော်ထုတ်ကြလျှင်  အမိမြန်မာနိုင်ငံအတွင်းရှိ  အဂတိလိုက်စားမူ တစ်စိတ်တစ်ဒေသ ကို ဖော်ထုတ်ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။ အဂတိလိုက်စားမူ ကို လူထုလူတန်းစာမရွေး ဖော်ထုတ်ကြရန်သမ္မကြီး က ၄င်း၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ် ပြောကြားခဲ့သည် ကို မိဘပြည်သူများ အသိပင်ဖြစ်ပါသည်။

        ဖော်ပြ ပါ စာရွက်စာတမ်းများသည် နစ်နာနေသော တောင်သူလယ်သမားများကို ကုစားပေးသယောင်ပြုမူထာသည့် ဖြစ်ရပ် များသာ
ဖြစ်ပါကြောင်း ထင်ရှားစေရန် တင်ပြထားခြင်းသည်ဖြစ်ပါသည်။ မည်သည့် အဖွဲ့အစည်း အသီးသီးကိုမျှ ထိခိုက်နစ်နာစေလိုသော
စေတနာ လုံးဝမပါဝင်ပါချေ။

       ရပ်ကွက်ကျေးရွာ ၊ မြိုနယ် မှသည်  တိုင်း၊ ဗဟို အဆင့် ထိတိုင်အောင် တင်ပြထားပြီးဖြစ်ပါသည်။ အထက်အဆင့်အဖွဲ့ အစည်းအသီးသီးက အရေးယူမူ ပြုမည် ဟု အကြောင်းကြားထားသော်လည်း မူလလက်ငုတ်ဖြစ်သူ တောင်သူ၏ ရပိုင်ခွင့်အပေါ် လုံးဝ လျစ်လျူရှုကာ ဗိုလ်ကျနေခြင်း သည် မလျော်ညီသော အပြုအမူသာဖြစ်ပါသည်။ မူလပိုင်ရှင်ကို အရေးမစိုက်ပဲ အတင်းဝင်ရောက် ခြံစည်းရိုး ခတ်  ၊ အဆောက်အဦးဆောက်ခြင်းသည် တရားဥပဒေ အထက်က လူ နှင့် တရားဥပဒေအထက် က ပုဂ္ဂိုလ်များသာ ဆောင်ရွက်နိုင်ပါသည်။ သို့တည်းမဟုတ် ဥပဒေ ကိုလက်တစ်လုံးခြားလုပ်သူများ ဖြစ်သော အထက်အာဏာပိုင် အသီးသီးကို လာဘ်လာဘ ပေးထားသူများသာ ဆောင်ရွက်နိုင်ပါသည်။ ထိုကြောင့်ပင် ယင်းကဲ့သို့ ပြုမူ ဆောင်ရွက်သူများသည် မည်သူကို မျှဂရုစိုက်သူများမဟုတ်ကြောင်း၊ တည်ဆဲ ဥပဒေအမျိုးမျိုး ကို လေးစားလိုက်နာခြင်းမရှိကြောင်း ထင်ရှားပေါ်လွင်ပါသည်။

    အထက် အဖွဲ့ အစည်း အသီးသီ က   ၀င်စာ ထွက်စာ အမျိုးမျိုးဖြင့် တားမြစ်သည်ဆိုသည်မှာလဲ ဟန်ပြ သာပြုမူလုပ်ဆောင် ကြကြောင်းသိသာစေပါသည်။ အမှန်တကယ် ပြင်းပြင်းထန်ထန် အရေးယူဆောက်ရွက်ခြင်းကို ဆောင်ရွက်ကြလျှင် ယခု ကဲ့သို့ ဖြစ်ရပ်မှ ရှောင်ကြဉ် နိုင်မည်ဖြစ်ပါသည်။
     လုပ်ပိုင်ခွင့် ရှိသော အထက်အဆင့်ဆင့် အဖွဲ့အစည်းများက အရေးယူသယောင် ဟန်ဆောင် ပြုမူကြလျက်   ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးမယူသောကြောင့် ယခု ကဲ့ သို့ မတရားမူများ ပေါ်ပေါက်နေရခြင်းဖြစ်ပါသည်။ စီမံကိန်းမအောင်မြင်သဖြင့် ပလပ်မြေ ( စိုက်ပျိုးမူမရှိသောမြေ)  ဖြစ်နေသောကြောင့် မူလလယ်ပိုင်ရှင် ကို ပြန်လည်ပေးအပ်ရမည်အစား အတင်းဝင်ရောက် ခြံခတ်ခြင်း၊ အဆောက်အဦများဆောက်လုပ်ခြင်းများသည် တရာဥပဒေစိုးမိုးခြင်းမရှိသည်ကို ထင်ဟပ် နေပါသည်။



      နိုင်ငံတော် တည်ဆောက်ရေး တာဝန်သည် ပြည်သူတရပ်လုံးနှင့် သက်ဆိုင်ပါသောကြောင့် အဆိုပါဖြစ်ရပ်အား နိုင်ငံတစ်ကာ သတင်းဌာနအရောက် တာဝန်သိသူများ ပို့ဆောင်ပေးကြပါရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။


မြို့နယ်လယ်သမားအစည်းအရုံး( ရွှေပြည်သာမြို့နယ်)
        အမူဆောင်အဖွဲ့


မှတ်တမ်းတင်သူ
ဝေလင်းအောင်(၀၉ ၄၃၀၉၃၅၉၁)

တင်ပြရန်ကျန်ရှိသော နောက်ဆက်တွဲ မှတ်တမ်းနှင့် ဓါတ်ပုံများ

ဦးတင်လှ ၀၉ ၄၂၀၀၁၀၇၃၈
ဦးဌေးညွန့်  ၀၉ ၄၂၀၀၀၁၄၀၇
အမူဆောင်အဖွဲ့ဝင် နှစ်ဦး
(ရွှေပြည်သာမြို့နယ်)
ဦးတင်လှ ၀၉ ၄၂၀၀၁၀၇၃၈ ဦးဌေးညွန့် ၀၉ ၄၂၀၀၀၁၄၀၇ အမူဆောင်အဖွဲ့ဝင် နှစ်ဦး (ရွှေပြည်သာမြို့နယ်)

အမှတ်(၄) လမ်းမဘေး၊ ၂/၃/၄/ ရပ်ကွက်ကြားရှိ ပလပ်မြေ ကျန်လယ်မြေစာရင်း
အမှတ်(၄) လမ်းမဘေး၊ ၂/၃/၄/ ရပ်ကွက်ကြားရှိ ပလပ်မြေ ကျန်လယ်မြေစာရင်း


ဦးအောင်သိန်းလင်း၊ ဦးခိုင်မောင်ရည် တို့ လာရောက်စစ်ဆေးစဉ်

ယနေ့ခောတ် နိုင်ငံရေးကို သရော်နေသော ကာတွန်း
ယနေ့ခောတ် နိုင်ငံရေးကို သရော်နေသော ကာတွန်း



တင်ပြရန်ကျန်ရှိသော နောက်ဆက်တွဲ သတင်းမှတ်တမ်းနှင့် ဓါတ်ပုံများ



26.11.2013 ရက်နေတွင် လယ်ပိုင်ရှင် ဦးကြည်လှိုင် မှ သတိပေးတားမြစ်ထားသော ဆိုင်းဘုတ် ကို မြို့နယ်စည်ပင် သာယာ( ရွှေပြည်သာမြိုနယ်) မှ လာရောက်သိမ်းယူ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ လယ်ပိုင်ရှင် ဦးကြည်လှိုင်၏ ဆက်သွယ်ရန်ဖုန်းမှာ ၀၉-၄၂၁၀၉၅၄၅၉ ဖြစ်ပါသည်။

ပလပ်နေသော မြေကို အတင်းဝင်ရောက်အဆောက်ဦးဆောက်ထားသည့် ပုံဖြစ်ပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က အဆောက်အဦ ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းခိုင်သော်လည်း ရပ်ဆိုင်းသွားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေသည် အဆောက်အဦးဖြစ်ပါသည်။

အသေးစိတ်သိလိုပါလျှင်

ဦကျော်ငြိမ်း ဥက္ကဌ ၀၉ -၇၃၁၇၈၁၁၂
ဦးသန်းအုန်း ဒု-ဥက္ကဌ ၀၉-၄၉၀၀၂၆၄၉
ဦးကြည်တိုး တွဲဖက် အတွင်းရေးမှူး ၀၉-၀၉-၄၂၀၃၁၅၄၂၄


ရွှေပြည်သာမြိုနယ်၊ တောင်သူလယ်သမားအသင်း အမူဆောင်အဖွဲ့ သည် ၂၅.၁၁.၂၀၁၃ နေ့ နေလည် ၁၂ နာရီအချိန်တွင် တောင်သူလယ်သမား အစည်းအရုံး အစည်းအဝေးခန်းမှတွင် အမူဆောင်အဖွဲ့ မှ အောက်ပါအတိုင်းဆုံးဖြတ်ကြပါသည်။

အမူဆောင် ဆုံးဖြတ်ချက်အရ

၁။ လယ်ယာ သိမ်းဆည်းခံရပြီး လယ်သမားများ၏ နစ်နာမူများအပေါ် ယခုအချိန်ထိ အာဏာပိုင်အဖွဲ့ အစည်းများမှ ဆောင်ရွက်နေမူအား အင်တာနက် မှတဆင့် သက်ဆိုင်ရာ လူကြီးမင်းများသိရှိနိုင်ရန် ဆောင်ရွက်ခြင်းကို သဘောတူကြောင်းဆုံးဖြတ်ကြပါသည်။

၂။ ပြည်တွင်းပြည်ပ သတင်းဌာနများနှင့် ပြည်သူလူထု တရပ်လုံး ကို ၄င်းကိစ္စများ တင်ပြဆောင်ရွက်ရန်ကိုလည်း အများမှ သဘောတူကြောင်း ဆုံးဖြတ်ကြပါသည်။

မှတ်တမ်းတင်သူ

ကြည်လှိုင်( အတွင်းရေးမှူး)
ဆက်သွယ်ရန်ဖုန်း ၀၉-၄၂၁၀၉၅၄၅၉
မြို့နယ် လယ်သမား အစည်းအရုံး (ရွှေပြည်သာမြို့နယ်)



ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့)
ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့)
ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့) ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့) ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့) ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ရွှေပြည်သာမြို့နယ်တောင်သူလယ်သမား အစည်းအရုံး( အမူဆောင်အဖွဲ့) ဆက်သွယ်ရန်ဖုန်းနံပါတ်များ





အစည်းအဝေးမှတ်တမ်း