Tuesday, March 19, 2013

ဒေါ်တင်ဌေးဝင်း ၊ မှတ်ပုံတင် အမှတ်( ၁၂/ ဒဂတ (နိုင်) ၀၃၃၈၃၂၊
သိမ်းဆည်းခံ ဧက (၆၇) ဧက ၊ကွင်းအမှတ်(၄၄၉ ၊ ၄၄၇)ဇီးပင်ရိုးကွင်း
ကျမ မိသားစုပိုင်လယ်မြေများဖြစ်ပါတယ်။ ဦးမြသောင်း၊ ဒေါ်နီ၊ ကိုမြလွင် သုံးဦးနာမည်ပေါက်ပါတယ်။
၁၉၉၀ ခုနှစ်က သိမ်းတာပါ။ မည်သူက သိမ်းမှန်းမသိပါ။ မည်သူ့ကို မျှ အကြောင်းကြားခြင်းမရှိပဲ ၊လယ်မြေများကို လမ်းဖော်ပါတယ်။ရပ်ကွက်စီမံကိန်းလို့သိရပါတယ်။ အခု ကျမသီးစားချထားတဲမြေက ကျန်ရှိနေတဲ့ ၁၄ဧက ဖြစ်ပါတယ်။ နိုင်ငံတော်က အိမ်ယာစီမံကိန်းမအောင်မြင်တဲ့ နေရာပါ.။ တစ်နှစ်ကို ငါးသိန်း သီးစားခရခဲ့ပါတယ်။ ဒီနှစ် မှာတော့ မရသေးပါ။ ဦးမိုးကျော် ကို သီးစားချထားတာပါ။ ဦးမိုးကျော် ကရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ပေါင်းပြီး စိုက်ပျိုးမြေ တွေကို တူးဖော် ဖျက်ဆီးရောင်းစားပါတယ်။ ကားတစ်စီးလျှင် ၃၈၀၀၀ ဟု သိရပါတယ်။ ကျမက အထက် အဖွဲ့စည်း အဆင့်ဆင့်ကို တိုင်ကြားပြီးဖြစ်ပါတယ်. ။ မည်သို့မျှမထူးခြားပါ။ အခု လယ်ယာသမဂ္ဂကို တိုင်ကြားထားပါတယ်။ လယ်ယာသမဂ္ဂက ဦးစီးပြီး လယ်သမား များနဲ့ မြေတူးနေတာကို သွားရောက်တားဆီးခဲ့ပါတယ်။ ၃နာရီခန့် ရပ်ဆိုင်းသွားသော်လည် ယခု ဆက်လက်တူးဖော် နေဆဲပါ။ ကျမ လုံးဝမကျေနပ်ပါ။

No comments:

Post a Comment