Sunday, March 24, 2013

စိုက်ပျိုး ရေး ၀န်ကြီး တနပ်စား မြင့်လှိုင် ၏ ဥပဒေမဲ့လုပ်ရပ်

မြင့်ဇေယျာ ကုမ္မဏီ

မြင့်ဇေယျာကုမ္မဏီ မျက်နှာစာ
 ဒဂုံအရှေ့ပိုင်းမြို့နယ် 
သီးစားချ ထားသောလယ်များ
ယခင် စစ်ပင် ကျေးရွာ



မြင့်ဇေယျာ စိုက်ပျိုးခြံအတွင်း စပါးစိုက်ပျိုးခြင်းမရှိသည့်   ပလပ်ထားသော လယ်ကွင်းများ

 လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီးဦးမြင့်လှိုင်ပိုင်ဆိုင်သော မြင့်ဇေယျာ စိုက်ပျိုးရေးသည် ၂၀၀၈ခုနှစ်တွင် ထူးထရေးဒင်း ကုမ္မဏီ လီမီတက်(ဦးတေဇ) က ကန်ထရိုက် ဖမ်းမင်း( contract farming) စနစ် အသုံးပြုကာ စတင်သိမ်းယူခဲ့သော လယ်ကွင်းများဖြစ်သည်။ ကွင်းအမှတ် (၄၇၉)(၄၈၀) ဦးပိုင်အမှတ်(၁၁) ဖြစ်ပါသည်။   (ထူးထရေးဒင်းကုမ္မဏီလီမိတက်)ကဆောင်ရွက်သော  ကန်ထရိုက်ဖမ်းမင်း အောင်မြင်မှုမရှိသောကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးတေဇ မှ  ၀န်ကြီး ဦးမြင့်လှိုင်ထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ လယ်ဧကပေါင်း(၅၆၀.၃၅) ဖြစ်ပါသည်။
ဦးတေဇ(ထူးထရေးဒင်းကုမ္မဏီလီမိတက်)က
 သိမ်းယူခဲ့ပြီးနောက်  လယ်သမားများသည် အသိမ်းခံရသော မိမိတို့ လယ်မြေများပေါ်တွင် စိုက်ပျိုးခအဖြစ် သီးစာခကို မိုးတွင်းကာလ အတွက် ခုနှစ်တင်း၊  နွေကာလအတွက် ၁၀ တင်း ဦးတေဇထံ ပေးကာ လယ်လုပ်ခဲ့ရလေသည်။

စတင်သိမ်းဆည်စဉ်က လယ်တဲပေါင်း(၄၄)တဲရှိပြီးလယ် သမားပေါင်း (၅၅)ဦး လုပ်ကိုင် စားသောက်နေသောလယ်ကွင်းများဖြစ်ပါသည်။
ယခုအချိန်ထိ အဆိုပါလယ်ကွင်းအတွင်းတွင် နေထိုင်လျက်ရှိသော လယ်သမားများမှာ ဦးကျော်ရှိန်၊ဦးဝင်းမြင့်၊ ဒေါ်ခင်ဝင်းကြည်တို့ဖြစ်ကြပါသည်။ အဆိုပါလယ်သမားများမှ လယ်သိမ်းသည့်ကိစ္စအားကျေနပ်မှုမရှိသောကြောင့် ယခု အချိန်ထိ ဖယ်ပေးခြင်း မရှိပဲ ဆက်လက်နေထိုင်သူများဖြစ်ကြပါသည်။
လယ်ကွင်းအတွင်း လူနေထိုင်ခြင်းမရှိသော တဲအလွတ် သုံးတဲ ရှိပါသည်။ လယ်တဲပိုင်ရှင်များမှာ ဦးမြထွေး၊ ဦးသန်းဆွေ၊ဦးမျိုးအောင်တို့ဖြစ်ပါသည်။

 ထူးထရေးဒင်းကုမ္မဏီမှ မြင့်ဇေယျာသို့လွှဲပြောင်းပေးပြီးနောက် ၂၀၁၂ ခုနှစ်တွင်  ဖျက်ဆီးခြင်းခံခဲ့ရသော တဲများမှာ ဦးကျော်ရွှေ၊ဦးဆန်းထွန်း၊ ဦးအုန်းသိန်း၊ ဦးသိန်းဝင်း၊ ဦးကြည်စိုးတို့၏ တဲများဖြစ်ကြပြီး  ထိုတဲများကို ဖျက်ဆီး၍ ရထားလမ်းနံဘေးတွင် သွားရောက်ပုံထားကြလေသည်။ ထိုအချိန်က စစ်အစိုးရလက်ထက် ဖြစ်သောကြောင့်လယ်သမားများမှာ မည်သို့မျှ  မပြောသာပဲ ခေါင်းငုံခံခဲ့ကြရပါသည်။
ယခုအခါ မြင့်ဇေယျာ ကုမ္မဏီလီမိတက်သည် လယ်သမားများနှင့်ထူးထရေဒင်း ကတိက၀တ်ပြုထားသော ကန်ထရိုက်ဖမ်းမင်းစနစ်ကို ဆက်လက် လုပ်ဆောင်ခြင်းမရှိပါ။ တစ်ခြား ကုမ္မဏီဖြစ်သည့် (International Sun Moon Star Agriculture Co.,Ltd.)ထံမှ  သီးစားခ ရယူလျက် လယ်မြေကို လုပ်ကိုင်စေပါသည်။ တစ်နှစ်အတွက် သီးစားခမှာ တစ်ဧကအတွက် မိုး ၅၀၀၀၀ကျပ် ဖြစ်ပြီး နွေရာသီအတွက် ၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ သီးစားချထားသော ဧက မှာ ၂၀၀ ဧကခန့်ရှိပါသည်။ ဧက ၁၀၀ ခန့်ကို ငါးကန်များ တူးဖော်ထားပြီး ကျန် ၂၀၀ ဧက ကို လယ်ယာလုပ်ကိုင်ခြင်းမရှိပဲ  ပလပ်ထားသဖြင့် နိုင်ငံတော် အတွက်၎င်း ၊ လယ်သမားများအတွက် ၄င်း မည်သို့မျှ အကျိုးမရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။








No comments:

Post a Comment