Monday, March 18, 2013

လူလည်ကြီးများ

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ချင်သလောက်ပြင်ပါ။ မည်သို့မျှ မထူးခြားပါပေ။ မည်မျှပင်ပြင်စေကာမူမြန်မာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရန် ဖြစ်နိင်ပါ့မလားဟူ၍ သံသယဖြစ်မိပါသည်။ အမှန်ဆိုရသော် လုံးဝမဖြစ်နိုင်ပါချေ။ သာမာန်ပြည်သူလူထု တို့သည် ဥပဒေပြင်ပတွင်နေထိုင်ခြင်း သို့ ရာဇ၀တ်မှု ပြုလုပ်ခြင်းကို အလွန်ကြောင့်ရွံကြပါသည်။ မလွဲသာလွန်း၍သာ ရာဇ၀တ်မှုများကျုးလွန်လေ့ရှိကြပါသည်။ စားစရာ မရှိ၍သော်လည်းကောင်း ၊ဒေါသကြောင့် သော်လည်ကောင်း ရာဂကြောင်းသော်လည်းကောင်း  စိတ်အလိုကိုလိုက် ၍ ရာဇ၀တ်မှု ကျုးလွန်ခြင်းသည် အလွန်နည်းပါးလှပေသည်။ နေစဉ်နှင့်အမျှတွေ့ကြုံနေရသည်မှာ  ငွေကြေးချမ်းသာသူနှင့် အာဏာကိုပိုင်စိုးထားသူတို့ ပူပေါင်းကာ ကျုးလွန်နေသော အမှုတို့မှာ နိုင်ငံနှင့် တစ်ဝှန်း ရေတွက်သော် ကုန်နိုင်ဖွယ်ဖြစ်၏။ ထိုကြောင့်  မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရန် အလွန်ကြိုးစားရပါဦးမည်။ အဘယ်ကြောင့် ဆိုသော် တရားဥပဒေ  ကို အကြောင်းအမျိုးမျိုးပြကာ ဖောက်ဖျက်နိုင်သူတို့မှာ တခြားသူများ မဟုတ်ကြပါချေ။ ပြည်သူလူထု ကခန့်အပ်ထားသော ပြည်သူ့ ၀န်ထမ်းများဖြစ် သည့်  အာဏာပိုင် တစ်စု ပင်ဖြစ်ပါသည်။ အာဏာရှိသော အာဏာပိုင်တို့နှင့် ပေါင်း၍ ငွေရှင်ကြေးရှင်တစ်စု မှာ လည်း အကြောင်းအမျိုးမျိုးပြ ကာ ပြည်သူကို နိပ်စက်နိုင်ခွင့် ရရှိထားပါသည်။ ဥပဒေ ကို လက်တစ်လုံးခြားလုပ်သူ အာဏာပိုင်နှင့် ငွေရှင်ကြေးရှင်တို့သည် ၄င်းတို့ ကို ဖမ်းဆီးနိုင်ခွင့် မရှိအောင် အောက်လမ်းနည်းများသုံး`၍ အသင့်ပြင်ထားကြလေသည်။ တနည်းဆိုသော် ထွက်ပေါက်ကို ကြိုတင် ပြင်ဆင်ထားလေ့ရှိကြသည် အာဏာရှိသူနှင့် ငွေရှိသူတို့ ပေါင်းကာ ဆင်းရဲနွမ်းပါး သူ ပြည်သူနှင့် အသိအမြင်နည်းပါးသူ ပြည်သူတို့အပေါ် လူဝါးဝကာ ကိုယ်ကျိုးရှာနေသည်ကို နေရာအနှံ နိုင်ငံ တစ်ဝှန်းတွေ့နိုင်မည်ဖြစ်ပါသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရန် မှာ အိမ်မက်တွင် မြင်မက်ရုံ မျှသာ ဖြစ်ပါသည်ဟူလို။ အနောက်က နေထွက်သည်မှာ ဖြစ်နိုင်သေးသည် ။မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရန် လုပ်ဆောင်ခြင်းမှာ အနောက်ကနေထွက်သည်ထက် ဖြစ်နိုင်ချေ ပို ၍နည်လှပါသည်ဟု ဆိုချင်ပါတော့သည်။


ငါ့ရဲ့ ခေါင်းကို တအားလွဲ ရိုက်ရဲလား
လူရွှင် တော် တစ်ဦးက ပြောပါသည်။
နောက်တစ်ဦးက ရိုက်ရဲသည် ဟုဆိုကာ ရိုက်ရန်ပြင်ပါသည်။
ဟေ့ ကောင် မင်းရိုက်တာ ဒဲ့ ဖြစ်နေတယ်။ တည့်တည့် ဖြစ်နေသည်။ ငါက ခေါင်းကို  လွှဲ ရိုက်ခိုင်းပါသည်ဟု ဆိုလေသည်။ (တည့်တည့်ရိုက်ခိုင်း သည်မဟုတ်၊ ခေါင်းကို လွဲချော်ကာ ရိုက်ခိုင်းပါသည်ဟုဆိုလိုသည်။ ဥာဏ်ကောင်းပေစွ ။  မြန်မာနိုင်ငံရှိ စီးပွားရေးသမားများနှင့် အာဏာပိုင်တစ်ချို့သည် ထိုကဲ့သို့ ကျွမ်းကျင်ကြပေသည်။


မင်းက အကောင်ကြီးသည် နှစ်ခါပြန်လျောက် ဟုဆိုကာ။

No comments:

Post a Comment