Friday, March 15, 2013

ပြည်သူအားလုံးသိစေဖို့

ဓါးခုတ်ရာ လက်ဝင်လျှို ၊ အငှားဗိုက်နဲ့ ဓါးထိုးခံ ဟူသော မြန်မာ့စကားပုံ များရှိခဲ့ပါသည် ။ စကားပုံး များအတိုင်း နေရပြီး ဗျာများနေရသည့် အမေစု။ အသုံးချခံ ဖြစ်မယ် ဆိုတာ ကြိုသိပါလျှက်နဲ့ ကျားပါးစပ်အတွင်း တိုးဝင်ခဲ့သူ။ မည်သို့ဆိုစေ စစ်အစိုးရ ၏ မဟာဗျူ ဟာ အောင်မြင်ခဲ့လေပြီ။ ပြည်သူနဲ့ အမေစု ကြား ပါးပါးလေး သတ်ရိုက်သွင်း အပြုံးတရား ကို အမုန်းပွားစေခဲ့ လို့  သူတို့ စစ်တပ်  (ဦးပိုင် ) အောင်မြင်ခဲ့လေပြီ ။ ပါးနပ်လွန်းသူ စစ်အစိုးရ နဲ့ အူတူတူ အတတ ပြည်သူအကြား  အမေစု ဗျာများနေရလေပြီ။
ဒေသခံ ပြည်သူများကလည်း မူလ ရည်ရွယ်ချက်ပျောက်နေပြီ ဖြစ်ပါသည်။ မူလ ရည်ရည်ချက် မပျောက်ပျက်ဖို့ လို့ပါတယ်။ ဦးပိုင် က လူဝါးဝနေတာကို သိဖို့ လိုပါတယ်။ အလကားအခွင့်အရေး ၀င်ယူနေတဲ့ ဦးပိုင်ကို ဖျက်သိမ်းဖို့ရယ် ။ စစ်အစိုးရနဲ့ ပေါင်းပြီး ပြည်သူကို အနိုင်ကျင့်နေတဲ့ တရုပ်ကို တွန်းလှန်ဖို့ရယ် ။ နစ်နာတဲ့ ဒေသခံ  ပြည်သူများကို ကုစားဖို့ ရယ် ။  မီးလောင်ဗုံးနဲ့ ပစ်တဲ့ အမိန့်ပေးသူ နဲ့ ပစ်တဲ့ တရားခံများ ကို ဖော်ထုတ်ရေး စသည့် ရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားပါပြီ။
ဒေါ်စုနဲ့ ပြည်သူ ကို ရန်တိုက်ပေးလိုက်လို့ ဦးပိုင်နဲ့ စစ်အစိုးရ အချိန်ရသွားပါတယ်။ သူတို့ အတွက်ရှောင်ကွက် ရသွားပါတယ်။ အဲဒါလေးကို သိဖို့လိုမယ်ထင်ပါတယ်။ ရန်သူရဲ့ မဟာဗျူဟာ မှာ မေ့မျော သွားကြတဲ့ ပြည်သူလုထုကိုလည်း အပြစ်တင်စရာမရှိပါ။ သိသူများက ရှင်းပြကြပါ။

ပြည်သူလူထု ကြီးခင်ဗျာ ဆန်စင်ရာ ကျည် ပွေ့လိုက်နေကြတယ်ထင်ပါတယ်။ လုပ်ရမှာက
လက်ပံတောင်းတောင်က ရတဲ့ ၀င်ငွေကို ပြည်သူကိုအသိပေးဖို့ရယ် ။ ၄င်းဝင်ငွေတွေကို့ ပြည်သူအတွက် ဘယ်လို အသုံးချတယ်ဆိုတာကို သိဖို့ရယ် ။  အလုပ်မလုပ်ပဲ နေရာတိုင်းမှာ ပွဲစားဝင်လုပ် ကာ လူဝါးဝနေတဲ့   ဦးပိုင်ဖျက် သိမ်း ဖို့ရယ်။မေတ္တာရှေ့ထား ဗျာများနေတဲ ပြည်သူ့ခေါင်းဆောင်   ဒေါ်စု ပြည်သူနဲ့ စစ်အစိုးရကြား မှာ ကြားမညှပ်ဖို့ ရယ် ။ ဒေသခံ ပြည်သူ များ မနစ်နာဖို့ရယ်။ သဘာဝပတ်ဝန်းကျင် မပျက်ဖို့ နဲ လယ်တီ ဆရာတော် ရဲ့ သမိုင်းဝင် ဘာသာရေးအဆောက်အဦ ကို ထိမ်းသိန်းနိုင်ဖို့ အမြန်ဆုံးလုပ်ရပါမယ်။
ဒေါ်စု ကို  အာဏာရထား သူတစ်ဦးမဟုတ်မှန်းသိထားဖို့ လိုပါတယ်။ နိုင်တဲ့ အပိုင်းလေးက ကျရာတာဝန်ကို ပြည်သူအတွက် ၀င်ရောက် ထမ်းဆောင်နေတာပါ။ သူ့သဘောကျ လုပ်လို့မဖြစ်နိုင်သေးပါ။
 ပြည်သူလူထု အနေနဲ့ ရသလောက် အခွင့် အရေး ကို အမြန်ဆုံးအကောင်အထည်ဖော် ရန်တိုက်တွန်းပါ။အစီရင်ခံစာ အရ ရသင့်တာကို ရရန် အမြန်တောင်းပါ။
ဒေါ်စု ကို ဆန့်ကျင်နေတာနဲ့ တကယ့်ရန်သူက မျက်ခြေ ပြတ်သွားမှာဖြစ်ပါတယ်။ ရန်သူအစစ်က ဦးပိုင်နဲ့ စစ်အစိုးရပါ။ စစ်အစိုးရ ဖန်တီးထားတဲ့ ဦးပိုင် ကို အမြန်ချေမှုန်းရပါမယ်။ ဦးပိုင်ကိုချေမှုန်းဖို့ အမေစုရဲ့ အင်အားကို ပြည်သူက လိုအပ်အုံးမှာပါ။ပြည်သူလူထု က ဘာမှ မသိပါ။ နောက်ကွယ်က ကြိုးကိုင်သူတွေလက်ချက်ဖြစ်ကြောင်း ပြည်သူကို ရှင်းလင်းပြကြပါ။ 
ပြည်သူလူထု နဲ အမေစု က ဆက်လက် လက်တွဲ ဆင်နွဲ ဖို့ လိုပါသေးတယ်။ အမေစု က အာဏာရှင် မဟုတ်ပါ။ အာဏာ ရှင် ရဲ့ အသုံးချခံ ဖြစ်နေရပြီး  ပြည်သူ ကို နစ်နာမှု မရှိစေ ရန် လစာ ရိက္ခာ မဲ့ ၀င်ရောက် အမူတော်ထမ်းနေသူပါ။   
မူလရည်ရွယ်ချက် ကိုအပျောက်မခံကြပါနဲ့ ပြည်သူများခင်ဗျာ

No comments:

Post a Comment