Saturday, June 15, 2013

အမှားနောက်လိုက်မှာ စိုး သည်ထက် အမျိုးပျောက် မှာ စိုး ပါသည် နှင့် အနတ္တ သမားများ

  • ကျွန်ုပ်သည် ဗုဒ္ဓ ဘာသာစစ်စစ်တယောက်ဖြစ်သည်။ ကျွန်ုပ် မနေနိုင်သော မေးခွန်းတစ်ခု နှစ်ခုလောက်တင်ပြချင်သည် ဆွေးနွေးရုံသက်သက်ပါ။
    ၁။ ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။
    ၂။ ဘာသာ ဦးဆောင်သူသည် ဘာသာရေး ရှင်သန်မှုအတွက် မေတ္တ အခြေခံသော တရား၌ပျော်မွေ့ နိုင်ပါရက် အဘယ်ကြောင့် အိမ်ထောင်သားမွေး ဥပဒေ စပ်စုသနည်း။
    ကျွန်ုပ်မနေနိုင်လို့ဆွေးနွေးမိသည်။ မှားသော ဦးဆောင်သူနောက်၌ အမှားနောက်လိုက် တို့၏ အန္တရယ်မှာ အလွန်စိုးရိမ်ရ၏။

    Like · · ·
    • Aung Hein မေးခွန်းကောင်းလှပါ၏ ။ ကျနော်လည်းမဖြေတတ်။ သို့သော်
    • Thein Win မေးခွန်းနှစ်ခုလုံးအတွက် ကျနော်ဥာဏ်မီသလောက် ဖြေရရင် ယင်းသို့သော် သံဃာများမှာ ပုထုဇဉ် များသာ ဖြစ်နေ သဖြင့် လောကီကိစ္စများတွင် ပါဝင်ပတ်သက် နေ ကြခြင်းဖြစ်ပါမည်။ယခုအချိန်အခါသည် အင်မတန် အယူဝါဒ ရှုပ်ထွေးနေသော နေရာအပြိုင် လုနေကြသော အချိန် အခါ ဖြစ်နေ သဖြင့် လူတွေကွဲသလို သံဃာများပါ ကွဲလာမှာ အထူးစိုးရိမ် နေ ကြ ရသော ကာလ ဖြစ်ပါသည်။ သတိပြု ကာ ညီညွတ် အောင် ကြိုးစားကြရမည့် အချိန်အခါဖြစ်သည်ဟု သဘောရပါသည်။
    • Aung Hein ဦးမြင့်ဝေတွင် သမီး ရှိပါသလား၊
    • Aung Hein ဦးမြင်ဝေမေးသော မေးခွန်းကို မဖြေတတ်သည့်အတွက် မေးခွန်းမေးခြင်းဖြစ်ပါသည်။
    • Aung Hein နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးပါမည်.
    • U Myint Wai တာဝန်ယူခြင်း နှင့် နေရာယူခြင်းတွင် တာဝန်ယူသူသာခေါင်းဆောင်စစ်ဖြစ်သည်က်ု သတိပြုပါ။
    • Aung Hein အဘယ်ကြောင့် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်သည်ဟု ဆိုနိုင်သနည်း။
    • Aung Hein ဦးမြင့်ဝေတွင် သမီးရှိပါသလား၊ အဘယ်ကြောင့် မိမိကိုယ်မိမိ ဗုဒဘာသာ ဟု ဆိုရသနည်း။
    • Aung Hein တာဝန်ယူခြင်း နှင့် နေရာယူခြင်းနှင့်မဆိုင်ပါ။
    • Paw Lwin ဒေဝဒတ်နောက်ကိုပါသွားတဲ့ ရဟန်းတွေအတွက် ဗုဒ္ဓရဲ့ဒါယကာများက စိတ်ပူနေရစ်တယ်လို့ ဘယ်စာမှာမှ မကြားဖူးဘူးဗျ ဟိုကလဲ ဒီနည်းမရရင် နောက်တစ်နည်း နာမည်ကြီးအောင် အရူးချီပန်းအကွက်တွေ လုပ်နေဦးမှာဘဲ အသံကြားတိုင်းထကြည့်ရင် အိပ်ရေးပျက်မယ်ဗျာ
    • U Myint Wai အလွယ်တကူဖြေယင်တော့ ရတရာသုံးပါး ယုံကြည်လို့ဘဲ့လို့ဖြေရမှာပေါ့
    • Aung Hein ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။ မူလမေးခွန်းဖြစ်ပါသည်။ ဦးမြင့်ဝေတွင် သမီးရှိပါသလား၊ အဘယ်ကြောင့် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာစစ်စစ် ဟု ဆိုရသနည်း။တန်ပြန်မေးခွန်းဖြစ်ပါသည်။ တစ်ခုမှ မဖြေသေးပါ။
    • Aung Hein ဆွေးနွေးခြင်းသာဖြစ်ပါသည်။ ရတနာသုံးပါးကို ယုံကြည်သူသည် ဗုဒွဘာသာ စစ်စစ်ဖြစ်သည် ဟု ဆိုပါသလား။
    • Aung Hein ပထမမေးခွန်း ။ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။သမီးရှိပါ၏ လား . ထိုမေးခွန်းကိုဖြေပေးပါ။
    • Aung Hein ရတနာသုံးပါးကို ယုံကြည် ၍ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သော ဦးမြင်ဝေ၏
    • Aung Hein ဆွေးနွေးခြင်းရယ်ပါ။ အဖြေမရသည့် အတွက် ဆက်လက်ဆွေးနွေးရန်မဖြစ်နိုင်ပါ။
    • Aung Hein သံဃာများမှာ ပုထုဇဉ် များသာ ဖြစ်နေ သဖြင့် လောကီကိစ္စများတွင် ပါဝင်ပတ်သက် နေ ကြခြင်းဖြစ်ပါမည်။ ဆိုသော အဖြေသည် မှန်ပါသည်။ သို့သော် ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း ဆိုသော မေးခွန်းအတွက်လုံလောက်သော အဖြေမဟုတ်ပါ။
    • Aung Hein သံဃာ နဲ့ ဒကာဆိုတာ ကိုင်းကျွန်းမှီး ကျွန်းကိုင်းမှီပါပဲ အကိုကြီး ဦးမြင့်ဝေခင်ဗျာ ...
      အခုလို challenge တွေများလာတဲ့ ခေတ်ကြီးမှာ သူ့အလုပ်ကိုယ့်အလုပ် မခွဲခြားပဲ အားနည်းချက် အားသာချက်တွေကို သိမြင်သူတွေက သူတို့ တတ်စွမ်းသ၍ ပါဝင်ကူညီပေးနေတာလို့ပဲ မြင်ပေးလိုက်ပါ။ ထိုအဖြေမျှဖြင့်ဦးမြင့်ဝေ ကို စိတ်ကျေနပ်မူမရစေနိုင်ပါ။
    • Oakkar Nyo Htay ...
      သံဃာ နဲ့ ဒကာဆိုတာ ကိုင်းကျွန်းမှီး ကျွန်းကိုင်းမှီပါပဲ အကိုကြီး ဦးမြင့်ဝေခင်ဗျာ ...
      အခုလို challenge တွေများလာတဲ့ ခေတ်ကြီးမှာ သူ့အလုပ်ကိုယ့်အလုပ် မခွဲခြားပဲ အားနည်းချက် အားသာချက်တွေကို သိမြင်သူတွေက သူတို့ တတ်စွမ်းသ၍ ပါဝင်ကူညီပေးနေတာလို့ပဲ မြင်ပေးလိုက်ပါခင်ဗျာ ...
    • U Myint Wai ကျွန်ုပ်သည် တဦးနှင့်တဦးဗဟုသုတပွားသောမေးခွန်းများကိုသာ ဆွေးနွေးခြင်းဖြစ်သည်။ မခံချင်အောင်မေးသောမေးခွန်း ဒေါသဖြစ်စေသော မေးခွန်း စသည်တို့ကို တုံ့ပြန်ခြင်းမပြုပါ။
    • Aung Hein ဦးမြင့်ဝေ ကို မခံချင်အောင်မေးနေခြင်းမဟုတ်ပါ။ ပြန်လည်ဆွေးနွေးနေခြင်းသာဖြစ်ပါသည်။
    • Aung Hein ကျနော်သည်လည်း အလကားနေ အချိန်ကုန်ခံတတ်သူမဟုတ်ပါ။
    • Aung Hein ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။ အဆိုပါမေးခွန်း အလွန်ကောင်းသော မေးခွန်းဖြစ်ပါသည်။ ဖြေနိုင်သူ အလွန်နည်းမည်ထင်ပါသည်။ ကျနော်လည်းမဖြေနိုင်ပါ။ ပြန်လှန်မေးခွန်းတွင်သာ အဖြေ ရှိမည်ဟု ယုံကြည်မိပါသည်။ သို့ကြောင့်မေးခွန်းများဖြေပေးပါရန်
    • Aung Hein ကျွန်ုပ်သည် ဗုဒ္ဓ ဘာသာစစ်စစ်တယောက်ဖြစ်သည်။
      ၁။ ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။ ပထမမေးခွန်း ၏ ဂယက်အနက် မှာ ကျွန်ုသည် ဗုဒ္ဓ ဘာသာဖြစ်သောကြောင် အနတ္တကို လက်ခံကျင့်သုံးပါသည်။ အနတ္တကို လက်မခံသော သံဃာတချို့ သည် ဗုဒ္ဓ ဘာသာမစစ်ပါ ဟူ၍ ဖြစ်သည်။
    • Aung Hein ရတနာသုံးပါးကို ယုံကြည်သူသည် ဗုဒွဘာသာ စစ်စစ်ဖြစ်သည် ဟုဆိုလျှင် ဘုန်းကြီးများသည်လည်း ရတနာသုံးပါးကို ယုံကြည်သူသော ဗုဒွဘာသာ စစ်စစ်များဖြစ်ကြသည်။
    • U Soe Aung စစ်ဗိုလ် လုပ်သူဟာ ဗိုလ် သင်တန်း တက်ပြီး ဗိုလ် အလုပ်ကို လုပ်မှ ဖြစ်တယ် ဆရာအတတ်သင်လာသူက ဆရာသည် အနန္တော အနန္တ ငါးပါး ထဲ အပါအ၀င် ဖြစ်သဖြင့် ကိုယ်ကျင့်တ၇ား အကျင့်စရိုက် မေတ္တာ စေတနာက အစ -အာစရိယ ဂုဏ် နဲ့ ညီမှ ဖြစ်တယ်- သံဃာ ဆိုတာကလည်း ဘုရား တရား သံဃာ ဆိုသော မြင်...See More
    • U Myint Wai အနတ္တ သည် ဖြစ်ပျက် ဟုဆိုအံ့
      အတ္တ သည် လေါဘ တနာ ဟုခြုံမိပါ၏။
    • Tin Thwet Win အမျိုး ဘာသာ သာသနာ ကိုထိမ်းသိမ်း
      စောင့်ရှေက် ခြင်းဟာ မင်္ဂလာတရားတော်နဲ့
      ညီပါတယ်။ သံဃာတော်တွေ ဟာ မေတ္တာ
      တရား ကိုအခြခံတဲ့ တရား၌ ပျော်မွေ့နိုင်ပါ
      ရက် လောကီကစ္စတွေမှာ ပါဝင်နေရတာ
      ...See More
    • U Myint Wai ဤ ရောခြုံ သော အမျိုးဘာသာ သာသနာ ဟူသော ရောခြုံ ဝေါဟာရသည်ပင် အသိနှီပ်သော သူတို့ လှည့်စားခံရခြင်းတခုဖြစ်၏။
    • Aung Hein ကျွန်ုပ်သည် တဦးနှင့်တဦးဗဟုသုတပွားသောမေးခွန်းများကိုသာ ဆွေးနွေးခြင်းဖြစ်သည်။ မခံချင်အောင်မေးသောမေးခွန်း ဒေါသဖြစ်စေသော မေးခွန်း စသည်တို့ကို တုံ့ပြန်ခြင်းမပြုပါ။ ဆိုသည့် ရှားပါးလှသော အဖြေတစ်ခု သာ ရရှိပါသည်။
    • U Soe Aung သာသနာပြု ဆိုခြင်းသည် သာသနာ ၏ အမြစ်ဖြစ်သော လောဘ ဒေါသ မောဟ ကို နှိမ်နင်းသူသာ ဖြစ်သင့်သည် မြတ်စွာဘုရား ၀ါဒ သည် အနိစ္စ ဒုက္ခ အနတ္တ -ကို မြင်၍ သေချင်း ဆင်းရဲ မွေးခြင်း ဆင်းရဲ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲ သေခြင်း ဆင်းရဲ ဒုက္ခအစစ် ကို မြင်တွေ့ ၍ -နိဗာန်ရောက်ကြောင...See More
    • Aung Hein လောဘတဏှာ ဖြစ်မည်ထင်ပါသည်။
    • U Myint Wai လူမျိုး ဘာသာ ဒေသတို့အား ခုတုံးလုပ်ပြီး မခံချင်သော လူ့စိတ်ကို ရအောင်ယူသုံးမည်။
    • U Soe Aung တဏှာ သုံးမျိုးရှိကြောင်း ဘုရားအဖြစ် ကြေညာသော ဓမ္မစင်္ကြာ တရားတောာ်တွင် ဖေါ်ပြထားပါသည် ကာမတဏှာ -ဘ၀တဏှာ -၀ိဘ၀တဏှာ ဖြစ်သည်။ ကာမဘုံသား ရဲ့ကာမတဏှာ။ အစွဲအလမ်းကြောင့် ဒုက္ခသစ္စာ တွယ်တာမှု သံယောစဉ်ကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဆိုသော ဘ၀တွယ်တာ အမျိုးတွယ်တာ နေတဲ့တွယ်တာမ...See More
    • Aung Hein အနတ္တ ကို လက်ခံကျင့်သုံးကြသော်လည်း သို့သော် ထဲက မထွက်နိုင်ကြပါပေ။
    • U Myint Wai ကျေးဇူးအထူးတင်ပါတယ ဦးစိုးအောင် ပါဝင်ကူညီဆွေးနွေးပေး တဲ့ ဘာသာရေး သတိပြုအချက်များကို။
    • Aung Hein တဏှာ သုံးမျိုးရှိကြောင်း ဘုရားအဖြစ် ကြေညာသော ဓမ္မစင်္ကြာ တရားတောာ်တွင် ဖေါ်ပြထားပါသည် ကာမတဏှာ -ဘ၀တဏှာ -၀ိဘ၀တဏှာ ဖြစ်သည်။ ကာမဘုံသား ရဲ့ကာမတဏှာ။ အစွဲအလမ်းကြောင့် ဒုက္ခသစ္စာ တွယ်တာမှု သံယောစဉ်ကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဆိုသော ဘ၀တွယ်တာ အမျိုးတွယ်တာ နေတဲ့တွယ်တာမ...See More
    • Aung Hein ပထမမေးခွန်း ။ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။
    • U Myint Wai ကိုယ်စိတ်မှာ ထင်သလိုဆွေးနွေးပါ။ မဆဲဘဲ ထင်မြင်ချက့် အမြင်အာလုံး သည် fb သုံးသူတို့ ဗဟုသုတဖြစ်ပါစေ။
    • U Soe Aung ဦးမြင့်ဝေ ခင်ဗျား လူဆိုသည် မှာ ယဉ်ကျေးမှု ဓလေ့ ယုံကြည်မှုကို -လူတိုင်း ကိုယ်စည် တာဝန်ကျေ ခြင်းသည်သာ ကိုယ့်လူမျိုး ကိုယ်ဘာသာ ကို ကာကွယ်ခြင်းဖြစ်ပါတယ် ဆိုလိုတာက သီလ ဆိုတာပါဘဲ -သာသနာကို လက်နက် နဲ့ ကာကွယ်တာ အင်အားနဲ့သုံးပြီးကာကွယ်စရာမလိုပါ သာသနာသည် ရုပ်ဝတ္တု အင်အားနဲ့ လုံးဝ နိုင်းယှဉ်လို့ မရတဲ့ -နိယာမ တရားသာ ဖြစ်တယ်--
    • Aung Hein ဘာသာ ဦးဆောင်သူသည် ဘာသာရေး ရှင်သန်မှုအတွက် မေတ္တ အခြေခံသော တရား၌ပျော်မွေ့ နိုင်ပါရက် အဘယ်ကြောင့် အိမ်ထောင်သားမွေး ဥပဒေ စပ်စုသနည်း။ ဒုတိယမေးခွန်းဖြစ်ပါသည်။ ဖြေနိုင်သူမရှိသေးပါ။
    • Aung Hein တဏှာမပြတ်၍ မမြင်ကြသူသည် သာသနာ ပြုသူမဟုတ်ဘဲ သာသနာ အတွက် ဓမ္မန္တရယ်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာကို ဂရုဏာ သက်မိပါသည် ခင်ဗျား- ဦးမြင့်ဝေ အဖြေမဟုတ်ပဲ ဦးစိုးအောင်အဖြေဖြစ်နေသည့် အတွက် ဖြေရခက်ခဲလှပါသည်။မူလမေးခွန်းရှင်မှာ ဦးမြင့်ဝေဖြစ်ပါသည်။ဂရုဏာသက်တာ ဦးစိုးအောင်ဖြစ်နေပါသည် ဦးမြင်ဝေဖြစ်ခဲ့လျှင် ပထမမေးခွန်းကို အဖြေပေးနိုင်လိမ့်မည်ဖြစ်ပါသည်။
    • Aung Hein မည်သူသည် ပထမ မေးခွန်းကို ဖြေမည်နည်း။ဦးစိုးအောင် ဖြေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ဖြေဆိုပေးပါ။
    • U Soe Aung ဦးစိုးအောင် ဦးမြင့်ဝေ မောင်ဖြူ မောင်မဲ ဆိုတာ -ပညတ်သာ ဖြစ်တယ် သာသနာ အဆိုရ ပညတ် ပရမတ်ကို ခွဲခြားမြင်လျှင် အငြိမ်းချမ်းဆုံးသော ချမ်းသာ မှုကို ရမည်ဖြစ်တယ် လူတွေရဲ့ တဏှာက ရုပ်နာမ် ခန္ဒာ ဆိုတာကိုပ် စွဲကပ် နေခြင်းကြောင့် အ၀ိဇာ ဆိုသော သံသရာ လည်မှုကို ဖြစ်ြ...See More
    • Aung Hein အမျိုးဘာသာ သာသနာ ဟူသော ရောခြုံ ဝေါဟာရ သည်ရှိ၏လော။ မရှိ၏လော
    • U Myint Wai ဟုတ်ကဲ့ပါခင်ဗျား ကိုယ်ကျင့်တရား ဆိုတဲ့ သီလရယ် ဒါနဆိုတဲ့ လူတွေ ကိုကူညီခြင်းက ကျွန်တော်တို အဓိက ဖြစ်ပြီ ဆက်ရန် ဘဝနာ ဆိုတဲ့ ပွါးများခြင်းအထိ ဆက်နိုင်ပါတယ်။
    • Aung Hein ဦမြင့်ဝေက လူတွေ ကိုကူညီခြင်းက ကျွန်တော်တို အဓိက ဆိုပါသည်။ လူများသည် အနတ္တသဘော နှင့် သူ့သဘောသူဆောင်နေသည်မဟုတ်ပါလော။ အဘယ်ကြောင့် ကျွန်တော်တို့ က ကူညီရန်လိုသေးသနည်း။
    • U Myint Wai တချို့သောဝေါဟာရတို့မှာ ရောထွေးသောအဓိပ္ပါယ်ဆောင်နေ၍ တချို့ မှားယွင်းသောနေရာ၌အသုံးချသွားတတ်သည်။ ဥပမာ ငါတို့ ဗမာစစ်သား ဟုအသုံးပြုကါ တိုင်းရင်းသားပဋိပက္ခများထိ ဖြစ်နေ၏။သတပြုဘို့ပါ။ိ
    • U Soe Aung အောင်ဟိန်းခင်ဗျား -စာတွေ စကားတွေကို ကွဲပြားဖို့ လေ့လာ ဖို့လိုကြပါတယ် အဓိပါယ်မရျင်းလျင် အယူအဆ အတွေးအခေါ်တွေလည်း လွဲတတ်ပါတယ် ဗျာ -ဒါကြောင့် ဒသနိယ နယ်မှာ ရှိမှု သိမှု ဖြစ်မှ ယုတ္တိမှန်ပါတယ် အားလုံး ခွဲခြားနိုင်သော်လည်း ကိုယ်ကျင့်တရားမဲ့သူက -တခါတလေ ရှိမှုသိ...See More
    • Aung Hein ကျေးဇူးတင်မိပါသည်။ နာမည်ခေါ်ပြီး လူလူသူသူဆက်ဆံပေးတာ ။ အနတ္တ ၀ါဒီများဖြစ်သည့်အတွက် အသိအမှတ်ပြုမည်လို့မထင်မိပါ.
    • U Soe Aung အနတ္တ ဆိုတာကို တကယ်သိလာ တော့မှ မိတ်ဆွေရေ လူဖြစ်နေလည်း ဘာဆိုဘာမှ မလိုတော့လောက်အောင့် ပြည့်ဝသွားခြင်းပါ- အဲဒါကလည်း အပြောမဟုတ်ဘဲ လူတွေ မစူးစမ်းသင့်ဘူးလားဗျာ--
    • Aung Hein အနတ္တဆိုတာ တကယ်သိလာလျှင် လူဖြစ်နေသည့် အတွက် ဘာမှ ဆက်ဖြစ်ဖို့မလိုအပ်ပါဟု ဆိုချင်ပါသလား။
    • Aung Hein ပထမမေးခွန်း ။ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။ဦးမြင့်ဝေ၏ မေးခွန်းဖြစ်ပါသည်။ ကျနော်တို့ကြိုးစားပြီးဖြေကြည့်ကြရအောင်။
    • Aung Hein အနတ္တဆိုတာကို တကယ်သိလာလျှင် ဆိုခြင်းသည် အနတ္တ ကို တကယ်မသိသော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် ရှိသည့်ဟု ၀န်ခံရပါမည်။
    • Aung Hein အနတ္တ ကိုသိသောသူ ၏ ဆန့်ကျင်ဖက် အနတ္တကို မသိသောသူ ရှိ၏။
    • U Soe Aung ဗုဒ္ဓ ဝါဒ-အလိုအရ -မည်သူတရားပျက် ပျက် ကိုယ်မပျက်ဖို့ပါဘဲ -အနတ္တ ကိုသိနေခြင်းသည် -ရိုးရိုးလေးဥပမာ ပေးရလျှင် အိမ်မရှိယာမရျိ သားမရှိ မယားမရှိသူ အတွက် -သူဘာကို ပူလောင်နေရမှာလည်း ဗျာ- စိတ်တရားတဏှာ အဖြစ် တွယ်တာ မှု နည်းသူ အတွက် သူ့ စွန့်စား ပြီး လုပ်ရမဲ့ တရားမဲ...See More
    • U Myint Wai မောင်အောင်ဟိန်းက လှည့်ပိတ်မေးသော သတင်ထောက်နှင့်တူနေသည်။ ဆွေးနွေးနေသည် ငြင်းခုံ အနိုင်ယူခြင်းမဟုတ်။
    • Aung Hein ပထမမေးခွန်း ။ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။ဦးမြင့်ဝေ၏ မေးခွန်းဖြစ်ပါသည်။ ကျနော်တို့ကြိုးစားပြီးဖြေကြည့်ကြရအောင်။အနတ္တ ကိုသိသောရဟန်ပုဂ္ဂိုလ်ရှိ၏။ ဆန့်ကျင်ဖက် အနတ္တကို မသိသောရဟန်းပုဂ္ဂိုလ် ရှိ၏။
    • Aung Hein လိုရင်းမရောက်သေးပါ။
    • Thant Zaw Oo ဖတ် ရင်း နဲ့ ခေါင်း မူး လာ လို့ ဆေး ခန်း ပြေး လိုက်အုန်းမယ်။
    • Zaw Binson တွေ့ ဘူး တယ် တရား ဆွေး နွေး ရင်း
      ထွေး ခံ နဲ့ ထု တာ။
    • Zaw Binson ရှိ တာ တွေ ထုတ် ပြ နေကြ တော့ လို ရင်း
      မ ရောက် တော့ဘူး။
    • Aung Hein ယခုဆွေနွေးနေကြသော ရုပ်နာမ်များ လိုရင်းမရောက်သည့်အတွက် အနတ္တ ဖြစ်ပါသည်။ သူ့ သဘော သူဆောင်ခြင်းမျှရယ်ပါ။ ရဟန်တို့သည်လည်း သူ့သဘော သူဆောင်နေခြင်းဖြစ်ပါသည်။ ထိုသို့ သူ့သဘောသူဆောင်နေခြင်းကို အနတ္တ ဟူ၍ လက္ခဏာ မထင်ပါပဲ နှလုံးမသွင်းပါပဲ သနားလိုက်တာ မှားနေတယ်။ ခေါင်းဆောင်မူ မမှန်ဘူး၊ အနတ္တတရားကို ဟောကြားထားပါရက်ကယ်နှင့် သာသနာကို ဖျက်နေကြတယ်၊ အိမ်ထောင်သားမွေး ကိစ္စ တွေ နဲမဆိုင်ဖူး နေရာတကာ ပါလွန်းတယ်ဟူ၍ နှလုံးသွင်းလိုက်ကြပါသည်။ အနတ္တ ကို ဘာဝနာမယ ဥာဏ်ဖြင့် မြင်ရန်ခက်ခဲလှပါသည်။ ထို့အတူပင် ရဟန်းတို့သည် လည်း အနတ္တကို ဘာဝနာမယဥာဏ် ဖြင့် မြင်သူ ရှားလှပါသည်။ ပုထုဇဉ် ရဟန်းတို့ ဖြစ်ပါသည်။လူပုဂ္ဂိုလ်မျာသည်လဲ ထိုအတူဖြစ်ပါသည်။ ကျနော်သည် လည်း သူတစ်ပါး ရေးချင်တာ ရေးတာ ကို အနတ္တ လက္ခဏာတင် ၍ မှတ်နေရမည့်အစား ၀င်ရောက်ဆွေးနွေဆရာကြီးလုပ်နေခြင်းသည်ပင်လျင် အနတ္တကို မမြင်သိ၍ပင်ဖြစ်ပါသည်။ဆိုရလျင် အနတ္တကို လက်ခံသော်လည်း ကိုယ်တိုင်မကျင့်သုံးနိုင်သော အတ္တ၀ါဒီသာဖြစ်သည် ဟု ၀င်ခံပါရစေ။
    • Thein Win သမုတိသစ္စာနှင့် ပရမတထ္ထသစ္စာ ကို နားလည်အောင် လေ့လာသင့်ပါသည်။ဗုဒ္ဓ၀ါဒ သည် အနတ္တ၀ါဒ ဖြစ်သည်။ အတ္တ၀ါဒ သို့အဘယ့်ကြောင့် တွန်းပို့သနည်း ဟု မေးခွန်းကို ဖြေဆိုရန်မှာ နယ်ပယ်ခွဲမေး ဖြေ ရမည့် စကားများဖြစ်ပါသည်။ သုံးလောက ထွဋ္ဌ်ထား သဗ္ဗေညုဘုရားရှင် ကိုယ်တော်မြတ်သည်ပင် ဘုရာ...See More
    • Aung Hein သမုတိသစ္စာနှင့် ပရမတထ္ထသစ္စာ ကို နားလည်အောင် လေ့လာသင့်ပါသည်။ဗုဒ္ဓ၀ါဒ သည် အနတ္တ၀ါဒ ဖြစ်သည်။ အတ္တ၀ါဒ သို့အဘယ့်ကြောင့် တွန်းပို့သနည်း ဟု မေးခွန်းကို ဖြေဆိုရန်မှာ နယ်ပယ်ခွဲမေး ဖြေ ရမည့် စကားများဖြစ်ပါသည်။သူ့ နေရာ သူ့ နယ်ပယ် များ တွင် သမုတိ သစ္စာ နယ် ပယ် ကို သမုတ်ထားသည့်အတိုင်း မိမိဘာသာ မိမိလူမျိုး မိမိနိုင်ငံ ဟု ကာကွယ် ပြောဆို ရမည်သာ ဖြစ်သည်ဟု ကျနော်နားလည် မှတ်သားမိ သမျှဥာဏ်မီသမျှ ဖြေဆိုခြင်းဖြစ်ပါသည်/ (ကိုသိန်းဝင်းအဖြေ) ကိုသိန်းဝင်းအဖြေသည် မေးခွန်းနံပါတ် တစ်အတွက် လုံလောက်ပြီ ဖြစ်သတည်း။ သည်နေ့ပြောသမျှ စကားတို့တွင် ကိုသိန်းဝင်း ပြောသမျှ စကားတို့မှာ ကျိုးကြောင်းခိုင်မာပြီး ရှင်းလင်းပါသဖြင့် အလွန်ပင်ကျေနပ်ပီတိဖြစ်မိပါသည်။ ထိုကြောင့် နံပါတ် ၂ အဖြေကို လည်း ဆဲဆို မူ တစ်လုံးတစ်ပါးမှ မပါပဲ ဖြေဆိုပြီးဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
    • Aung Hein http://kophyominwai.blogspot.com/2013/06အနတ္တသာ ဖြစ်ပါသောကြောင့် သူသဘော သူဆောင်ကြပါစေ။ သို့သော် လည်လှီးခံရမည့်နေရက်ကို မေတ္တာ နာနာပို့၍ စောင့်မျှော်ကြပါရန် တိုက်တွန်းလိုက်ရပါသည် ကလျာဏနွယ်ဝင် မေတ္တာရှင်အပေါင်းတို့ ။

      http://kophyominwai.blogspot.com/2013/06/blog-post.html
    • Aung Hein ရဟန်းပုဂ္ဂိုလ် လူထိုထို စာကိုကျင့်သုံး၏၊စာက မှန်၏ ဥာဏ်မမိ ထိအောင်သူမသိ၊ ယထာဘူတာကျဖို့ရာ ဆရာရှာလေဘိ၊ တိမ်လျက်နက်တယ် ကျဉ်းလျက်ကျယ် တကယ် ကျမ်းမှာရှိ ဆိုသော် လယ်တီဆရာတော်ဘုရား၏လင်္ကာဖြင့် အဆုံးသတ်လိုက်ပါသည်။

No comments:

Post a Comment