Friday, June 21, 2013

ခြုံလွှာပျောက်သူ

အပေါ်ရုံခြုံထည် ပျောက်ပျက်စီး
အနှစ်သူ့ချည်း  ခါးသီး
မျက်နှာဖုံးလောက သဘောကျစရာမရှိ
ငါကျောခိုင်းမိ
မှန်ထဲကလူသား မျက်နှာများ
လိမ်မိရက်သား
အားလုံးဆန့်ကျင် နာမည်ကျန်မယ်မထင်

အာခံတွင်းက စကားလုံး
လွန်ပွဲ ကျင်ပအုံး
မျောလွင့်တိမ်တိုက် အတွေးကိုကောက်
အမှာကုဋေ  ပြင်ပါနောက်
မြေခွေးအုပ်ကြား သမင်ငယ်
မတင့်တယ်
မှော်ရုံတောက ဓါတစ်လက် ဖက်တွက်ကာတိုက်
မှောင် မိုက်သထက် မိုက်

                 ကိုဧည့်သည်

No comments:

Post a Comment