Tuesday, June 18, 2013

သီးစားချ တဲ့ အစိုးရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဥပဒေမဲ့ သီးစားချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မင်္ဂလာဒုံက အငြင်းပွါးလယ်မြေတွေကို ဇေကမ္ဘာ ကုမ္ပဏီကို သီးစားချလိုက်တယ်လို့ ရွှေနံ့သာကျေး၇ွာ အုပ်ချုပ်ရေးမှူးက ရွှေနံ့သာရွာသားတွေကို ဒီကနေ့ခေါ်ပြောလာပါတယ် ။

အဲဒီကွင်းကို အစက စက်မှုဇုန် (၄) လို့ ပြောဆိုပြီး သိမ်းဆည်းတာဖြစ်ပေမဲ့ အခုကျတော့
စက်မှုဇုန်မဟုတ်ဘဲ လယ်မြေအတိုင်းဖြစ်နေပါတယ် ။ နိုင်ငံတော်က စက်မှုဇုန်လုပ်ဖို့ခွင့်မပြုပါဘူး ။


လယ်မြေအတိုင်း၇ှိနေပြန်တော့လည်း လယ်မလုပ်တဲ့ ဇေကမ္ဘာကို သာ သီးစားချလိုက်တယ် ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အဂတိ လိုက်စားမှုရေချိန်ကတော့ ၀ှီခေါ်နေတာပါဘဲ ။

လယ်သမားတွေကတော့ မိုးကျတာ တစ်လလောက်ရှိနေလို့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေဟာ စပါးပင်တွေတောင် စိမ်းစိုစပြုနေပါပြီ ။

လယ်ယာမြေ ဥပဒေအဟောင်းခေတ်မှာလည်း ဇေကမ္ဘာကို သီးစားချလို့မရပါဘူး

အခု ဥပဒေအသစ်က သီးစားချရတာလည်းမဟုတ်ပါဘူး
မှတ်ပုံတင်ရတာဖြစ်ပါတယ် ။

ဒါ ကို ထင်သလိုလုပ်နေတော့ လယ်သမားတွေကမခံတော့ပါဘူး ။
ကျနော်ကလည်း ခံမှာမဟုတ်ပါဘူး

ကျနော်တို့မှာ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းတောင် မ၇ှိပါဘူး

ကျနော် နဲ့လယ်သမားတွေရဲ့ ဆောင်ပုဒ်ကတော့

((( တရားရှိရင် တရားက အသက်ကိုစောင့်တယ်
တရားမ၇ှိရင် အသက်စွန့်ပြီး တရားကို စောင့်ရမယ် )))

လို့ဖြစ်ပါတယ် ။

အခု အခြေအနေကတော့ လယ်ယာမြေ နှင့်အညခားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်
မပေါ်ခင်က အခြေအနေအတိုင်း ပြန်လည်တိုက်ပွဲဝင်ရမယ် တစ်ကနေ ပြန်စရမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေပါတယ် ။

((( တရားရှိရင် တရားက အသက်ကိုစောင့်တယ်
တရားမ၇ှိရင် အသက်စွန့်ပြီး တရားကို စောင့်ရမယ် )))

((( တရားရှိရင် တရားက အသက်ကိုစောင့်တယ်
တရားမ၇ှိရင် အသက်စွန့်ပြီး တရားကို စောင့်ရမယ် )))

((( တရားရှိရင် တရားက အသက်ကိုစောင့်တယ်
တရားမ၇ှိရင် အသက်စွန့်ပြီး တရားကို စောင့်ရမယ် )))

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီမှ
အသက်စွန့်ရဲသော ရဲဘော်များ မနက်ဖြန် ရွှေနံ့သာကွင်းကိုကြွပါ

ရက်စွဲ - ၁၈ - ၆ - ၂၀၁၃

နေမျိုးဝေ

No comments:

Post a Comment