Saturday, June 29, 2013

မိုးကောင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒ

ချိုပေါက်သည့်နွား၊ စွယ်သွားချွန်ထက်
တောဝက်အသွင်၊ မြင်မြင်ရာရာ
ဝှေ့ကိုက်ပါက၊ မုန်းတတ်ကြ၏။
( လက်ဝဲစွန်းကို ရည်ရွယ်သည်။)

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကြိုးသို့
ငုပ်လျှိုးသူ့အောက်၊ မာနပျောက်၍
ရွံ့ကြောက်လန့်ထိတ်၊ သိုးငယ်စိတ်ဖြင့်
သိပ်သိပ်ပျော့ညံ့၊ မခန့်လောက်က
နင်းတတ်ကြ၏။
(လက်ျာစွန်းကို ရည်ရွယ်သည်။)



မတင်းမလျော့၊ မပေါ့မဖီ
မဇ္ဈီလယ်လမ်း၊ ချိန်ရွယ်မှန်း၍
ဖြောင့်တန်းကျင့်မှ၊ ကောင်းကျိုးရ၏။
(မဇ္ဈိမပဋိပဒါကို ရည်ရွယ်သည်။)

အကြမ်းနည်းဖြင့်၊ ကာကွယ်ရင် လက်ဝဲစွန်း
မကာကွယ်ဘဲ အညံ့ခံရင် လက်ျာစွန်း
အနုနည်းဖြင့် ကာကွယ်မှ မဇ္ဈိမပဋိပဒါဟု ဆိုလိုသည်။

ညီညီမောင်ထံမှ ကူးယူပါသည်။ ကြိုက်လွန်းလို့ဖြစ်ပါသည်။

No comments:

Post a Comment