Wednesday, March 21, 2012

အမေ့ သို့

မပြိုင်ခင်က နိုင်ပြီးသားပါအမေ။
မသွားခင်က ရောက်နှင့်သည် လို့ပဲ ဆိုပါရစေတော့။
သို့ သော် အမေ့နောက်က လိုက်နေသော ပြည်သူလူထုထဲမှာ အသိမဲ့ ပြည်သူ တွေ ဘယ်လောက်များများ ပါနေမလဲ ဆိုတာ သားသိချင်ပါတယ် အမေ။ အမေကို ယုံပေမဲ့ အမေ့နောက်က ရဲဘော် ရဲ့ဘက်တွေ စွမ်းဆောင်ရည် ပြည်ဝဖို့ လိုတယ်ဆိုတာ အမေလည်း သိမှာပါ။
ိနိုင့်ငံသားအားလုံးရဲ့ စွမ်းဆောင်ရည်ပြည်ဝဖို့ကို နိုင်ငံသားများဖြစ်တဲ့ အမေ့ရဲ့သားတွေ တာဝန်ပါပဲ။
အမေ့ ရဲ့ သားတွေ စွမ်းဆောင်ရည်မရှိခဲ့ရင်
နိုင်ငံတော်ရဲ့ တာဝန်တွေကို အမေတစ်ယောက်တည်း ဘယ်လိုထမ်းဆောင်မှာလဲ ဆိုတာ ကိုလည်း သိချင်မိတယ်အမေ။
အမေလည်း ပင်ပန်းလှပါပြီ။
အမေ့ရဲ့ ဇွဲ လုံးလ နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ကို သားတို့ သိပါတယ် အမေ.။ အမေ့ သားတွေ ကိုလည်း အမေ့လို ကိုယ်ကျိုးစွန့် အနစ်နာခံသူများ ဖြစ်ပါစေလို့သာ သား ဆုတောင်းနေပါတယ်အမေ။
အမေ့ရဲ့ သား

1 comment: