Thursday, March 29, 2012

ဥာဏ်ကောင်းလွန်းလို့


တပ်ခွဲမှူးအရာရှိ။ ။ ”ပထမနှစ်သင်တန်းကိုင်တဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျရှိသလား..”
ဗိုလ်လောင်းတာဝန်ကျ။ ။ ”ဟုတ်ကဲ့...ရှိပါတယ် ဗိုလ်ကြီး..”
တပ်ခွဲမှူးအရာရှိ။ ။ ”အေး..မင်းကိုခေါ်လိုက်ရတာ အကြောင်းကိစ္စတစ်ခုရှိလို့ကွ။ ပထမနှစ်ဗိုလ်လောင်းမောင်မောင်ရဲ့
အဖေ ဒီနေ့ဆုံးတယ်လို့ ကြေးနန်းဝင်လာတယ်။ အဲဒါ ပထမနှစ်ဗိုလ်လောင်းလည်း ၀မ်းမနည်းရအောင်၊ စိတ်ထိခိုက်မှု
မရှိအောင် သွယ်ဝိုက်ပြီး ပြောလိုက်ကွာ..”
ဗိုလ်လောင်းတာဝန်ကျ။ ။ ”ဟုတ်ကဲ့..ဗိုလ်ကြီး ”
ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျက ပထမနှစ်အခန်းသို့လာ၍ -
ဗိုလ်လောင်းတာဝန်ကျ။ ။ ”ပထမနှစ်တွေအားလုံး တစ်ယောက်တန်း တန်းစီ.....ပထမနှစ်တွေ လူစုံပြီလား..”
ပထမနှစ်ဗိုလ်လောင်းများ။ ။ ”ဟုတ်...”
ဗိုလ်လောင်းတာဝန်ကျ။ ။ ”အေး....ဒါဆို အဖေရှိတဲ့သူများ ရှေ့တစ်လှမ်းတက်..”
မောင်မောင်လည်း အများနည်းတူ တစ်လှမ်းတက်လိုက်လေသည်။ ထိုအခါ ဗိုလ်လောင်းတာဝန်ကျ ပြောလိုက်ပုံက-
”မောင်မောင် မင်းမပါဘူး...” ဟူသတည်း။

No comments:

Post a Comment