Tuesday, May 13, 2014

Micro Turst Finance သို့မ ဟုတ် သင်းဖွဲ့ ပြု ခြင်း

 " Micro Trust Finance (MTF) " 

အသင်းအဖွဲ့ များတည်ထောင် ဆောင်ရွက်ခြင်းသည် သွယ် ၀ိုက် အကျိုး စီးပွားရနိုင်ခွင့်ကို
   ရရှိတတ်လေသည်။ သိုးဆောင်း စကားအရ Institutionalization ဟုခေါ်သည်။ တစ်ခါတစ်ရံ တိုက်ရိုက်အကျိုး  ထက် မမြင်နိုင်သော အကျိုးစီးပွားရလာဒ် က ပို နိုင်လေသည်။
 စေတနာဟူသည် တူသောအကျိုး ကိုပေးတတ်၏ ဆိုသော မြန်မာစကား သည် အထင်အရှားရှိ၏ ။ ထိုစေတနာကို ညဏ်ဖြင့်ယှဉ်တွဲ ၍ ကား ဆောင်ရွက်နိုင်သူ ရှားလှပေသည်။

Add caption

   မပြီးခင်- ဗမာမမြင်စေနဲ့ ဆိုသောစကားရှိလေသည်။ ယခုတွင်မူ သုတေသနပြုလုပ်ဆောင်ချက်သည် ကျေနပ်လောက်ဖွယ် ဖြစ်သည့်အတွက် အများသိအောင် တင်ပြပါမည်။  တင်ပြ မည့်အကြောင်းမှာ Micro Trust Finance ဟုခေါ်သည့် လုပ်ငန်းငယ်ကလေး အကြောင်းပင်ဖြစ်ပါသည် ။ Micro Trust Finance  ဆိုသည်မှာ မိမိသဘောကျပေးထားသော နာမည်ပင် ဖြစ်ပါသည်။ လုပ်ငန်းငန်ဆိုသော်ငြားလည်း လုပ်ငန်းကြီးတစ်ခု ဖြစ်လာအောင် ထောက်ပံပေးနိုင်သည့် လုပ်ငန်းတစ်ခုပင် ဖြစ်ပါချေသည်။ 
  

လုပ်ငန်းငယ်လေးများကို အတိုးနှုန်းနည်းပါးစွာဖြင့် ချေးငွေထုတ်ပေးသည့် လုပ်ငန်းတစ်ခုကို စမ်းသပ်ဆောင်ရွက် ရန် ကျွန်တော် တို့သည် ၂၀၁၀ ခုနှစ်ကတည်းက သုတေသနတစ်ရပ်ကိုပြု လုပ် ခဲ့ပါသည်။ ယူသည့်အတိုးမှာ ၁.၅ % တိုးဖြစ်သည်။






ဆောင်ရွက်သူများ၏ အခြေခံစိတ်ဓါတ်မှာ လုပ်ငန်းငယ်ကလေးများ အရင်းအနှီးကို လွယ်လွယ်ကူကူ ရရှိနိုင်ရန်ဖြစ်လေသည်။
ကျွန်တော်တို့သည် ၂၀၁၀ ခုနှစ်ကတည်းက
စီးပွားရေးငယ်ကလေးများကို ဆောင်ရွက်နိုင်ရန်ဖြစ်လေသည်။


အရင်းအနှီးလိုသည့် လုပ်ငန်းငယ်လေးများ အတွက် အရင်းအနှီးထုတ်ပေးလိုခြင်းကြောင့် နိုင်ငံရေးအသိစိတ်၊ လူမှုရေးအသိ စိတ်ပေါင်းစပ်အခြေခံပြီး သူတစ်ပါးပြေလည်စေဖို့အရင်းခံခဲ့သည်။

ကနဦးစတင်ငွေ လူဆယ်ဦး၊ မတည်ငွေ ကျပ်သိန်း ၅၀ ၊ ယခု-အဖွဲ့ဝင် ၅၀ ကျော်၊ ချေးပေးနိုင်သောငွေ- ကျပ်သိန်း ၂၇၀ ထိဖြစ်သည်။ အသေးစိတ်မပြောပြတော့ပါ။

သို့သော် grass root ခေါ်သည့် အောက်ခြေလူတန်းစားများအထိ မချေးနိုင်သေး၊ bottom of middle class(အလယ်အလတ်ထဲမှ အောက်ဆုံးဆင့်လောက်) ကို သာချေးနိုင်သည်။

သုတေသနအသေးစိတ်ကို နိုင်ငံတော်သမ္မတထံသို့ပေးပို့ပြီး၊ လူတွေ့ဆွေးနွေးရန် အစီအစဉ်ရှိပါသည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ နိုဗယ်ဆုရှင်၊ ဒေါက်တာယူနွတ်( ဂယာမင်းဘဏ် တည်ထောင်သူ)၏ လုပ်ငန်းနည်းစဉ်ထက် ပိုမိုသက်သာသော ချေးငွေဖြင့် လက်လုပ်လက်စား၊ အရင်းအနှီးလိုအပ်သူများကို ချေးနိုင်မည့် နည်းလမ်းကို အောင်မြင်ထားပြီဖြစ်သည်၊ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အကူအညီလိုသောကြောင့် နိုင်ငံတော်သမ္မတနှင့် တွေ့ခွင့်ရရန်ကြိုးစားပါဦးမည်။

ကျွန်တော်တို့လုပ်ငန်း၏ အနှစ်ချုပ်မှာ ငွေရင်းပြီး ငွေဘယ်လောက်အမြတ်ကျန်မည်ဆိုတာကို ပဓာနမပြု၊ အတိုးနှုန်းအလွန်သက်သာစွာဖြင့် ငွေချေးပေးပြီး၊ ချေးယူသူများထံမှ ရိုးသားဖြောင့်မတ်ခြင်းကို ပြန်လည်ရယူခြင်း၊ ရိုးဖြောင့်သောစိတ်ထားများရှိအောင် ထူထောင်ပေးခြင်း (လူကိုကုန်သွယ်ခြင်း)လုပ်ရန်သာဖြစ်ပါသည်။
မကြာမီ အတိုးနှုန်း ၁ % နှုန်းထိချထား သတ်မှတ်မည့်အြ ပင်၊ နောင်တွင် ၀.၅ % ထိချရန် အစီအစဉ်နှင့်လက်တွေလုပ်ငန်းကို စဉ်းစားထားပြီးဖြစ်ပါသည်။

စီးပွားရေးစိတ်အခြေခံသည့် လုပ်ငန်းများနှင့်တော့ ပွတ်တိုက်မှုရှိလာမည်တော့ ဖြစ်သည်)

( နိုင်ငံတော်သမ္မတကြီးနှင့် ဦးစွာတွေ့ဆုံဆွေးနွေးလိုပါသည်)




   လက်တွေ့လုပ်ဆောင်သူ
  ဝေလင်းအောင် ။ ဖုန်း- ၀၉ ၄၃၀ ၉၃ ၅၉၁

phyook1@gmail.com

အကြံပေး
ညိုမင်းလွင် ။ ဖုန်း - ၀၉ ၄၂၁၁ ၃၉ ၅၅၈
၁၃.၅.၁၄

9 comments:

  1. ဖုန်းနံပါတ် ပြောင်းလိုက်ပါသည်။

    ReplyDelete
  2. ယခုဖုန်း
    09770833209
    16/10/2016
    Saturday

    ReplyDelete
  3. ယခုဖုန်း
    09770833209
    16/10/2016
    Saturday

    ReplyDelete
  4. ယခု အသစ်ပြောင်းလျုက်သော email

    wailinaung999konine@gmail.com

    ReplyDelete
  5. ယခင်ယုံကြည်ချက် ရှိစဉ်က ရေးထားတာပါ။၂၀၁၀ ထဲက ရေးထားတာရှိပါတယ်။ ယခု ဆောင်းပါး က ၂၀၁၄ ကပြင်ရေးထားတာပါ။

    ReplyDelete
  6. Phyook1@gmail.com က အကောင့်အဟောင်းပါ ။ ပြန်မရသေးပါ။

    ReplyDelete
  7. phyook1@gmail.com
    နှင်
    aunglinwai.net@gmail.com သို့ စာပို့ပေးကြပါ။

    ReplyDelete