Thursday, December 5, 2013

အဖေ့ ကို ဘယ်လို ပြောရမယ် ။ အဖေ့ ကို ဘယ်လိုပြောရမယ်။

ဖုန်းငွေဖြည့် ကဒ် ပြန်မဖြည့်မိလို့ လိုင်းပိတ်ခြင်းခံရပါတယ်။
ကျနော့်အဖေကိုင်တဲ့ဖုန်းပါ။

မင်းကတော့ ၅၀၀၀၀၀ တန်ဖုန်း ကို ကိုင်ပြီး အခု ဖုန်းတစ်လုံး ၁၅၀၀ ရှိနေတာတောင် မင်းငါ့ ကို ၀ယ်မပေးသေးဖူးလား လို့ အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းပါ။တကယ်တော့ ၁၅၀၀ ကျပ်နဲ့ ရခဲ့တဲ့ဖုန်း မဟုတ်ရပါခင်ဗျာ၊ ဘာပဲဖြစ်ဖြစ်လေ အဖေဆိုတဲ့ စိတ်နဲက ၀ယ်ပေးခဲ့ပါတယ်။

သည်လိုနဲ့ ကမ်းနားလမ်းက မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (စာတိုက်ကြီး) ဆီ သွားပြီး လိုင်း ပြန်ဖွင့်ပေးပါလို့ တောင်းဆိုတော့ လိုင်းပိတ်သွားရင် လုံးဝမရတော့ပါ လို့ ၀န်ထမ်းများကပြောဆိုပါတယ်။ နိုင်ငံတော်က အသုံးနည်းလို့ ပြန်လည် သိမ်းဆည်းလိုက်ပါတယ်တဲ့။

ဖုန်းနံပါတ်က ၃၁၀၂၇၉၈၃ ဖြစ်ပါတယ်။ ၁၅၀၀ နဲ့ ရပ်ကွက်ရုံးတွေက ရတဲ့ဖုန်းအမျိုးအစား ပါ။ အမှန်က ၁၅၀၀ နဲ့ ရခဲ့တာမဟုတ်ပါ။ ငွေ ၈၀၀၀၀ ကျပ်ပေးပြီး တဆင့် ပြန်ဝယ်ယူရတာပါ။ ၀န်ထမ်းများက စာချုပ်ကို ဖတ်ခိုင်းပါတယ်။ စာချုပ်မှာလည်း ရေးထားတာကလည်း ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွက် ပြန်လည်ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည်ဖြစ်ပါသည်တဲ့ ခင်ဗျာ။

အဲသည်လိုနဲပဲ စိတ်ပျက်လက်ပျက် နဲ့ ရုံးပေါ်က ပြန်ဆင်းလာပါတယ်။ ခေါင်းငိုက်စိုက် ချလို့ပေါ့။ စိတ်မကောင်းဖြစ်လိုက်တာများ မပြောချင်ပါဖူး။ အဲသည်ဖုန်းက အဖေဖြစ်တဲ့သူ ကိုင်တဲ့ဖုန်းပါ။ အဖေက အသက်ကြီးပြီဆိုတော့ ဖုန်းငွေဖြည့်ကဒ် ပြန်ဖြည့်ဖို့လည်း သတိမရဖူးနဲ့ တူပါရဲ့။ လိုင်းပိတ်သွားလို့ အဖေ့ကို ဘယ်လိုပြောရပါ့မလဲ ဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။

အဲသလို ငိုက်စိုက်ငိုက်စိုက်နဲ့ ဆင်းလာတော့ အမျိုးသမီး တစ်ယောက်က လှမ်းခေါ်ပါတယ်။ ရုံးပေါ်မှာ အဆင်ပြေခဲ့ရဲ့လားတဲ့။ အဆင်မပြေပါဖူးလို့ တုန့် ပြန်လိုက်တော့ ၀ိုင်းရီကြပါတယ်။ သိပါတယ်တဲ့ ၊ အဲသလို အဆင်မပြေဖူး ဆိုတာ ။ ပြီးတော့ တဆက်တည်းပြောပုံက သူ အဆင်ပြေအောင်လုပ်ပေးမယ်တဲ့လေ။ ငွေ ၃၅၀၀၀ ပေးရင် အဆင်ပြေပါတယ်တဲ့။

တရားဝင် ပိတ်သွားတဲ့ ဖုန်းက တရားမ၀င်ငွေသွင်းရင် အဆင်ပြေပါတယ်တဲ့လေ။ ငွေသုံးသောင်းကလည်းပေးစရာမပါခဲ့တာနဲ့ သည်အတိုင်းပဲ ပြန်လာခဲ့ပါတယ်။
အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းရဲ့ ဆင်းကဒ် ၀ယ်ရင်းဈေးကို က ၈၀၀၀၀ ကျပါတယ်။ ဟန်းဆက်နဲ့ဆို တစ်သိန်း ရှစ်သောင်းလောက် ကျခဲ့တဲ့ဖုန်းပါ။

အခု သုံးသောင်းခွဲ ထပ်မံသွင်းရပါဦးမည်။ တရားဝင် သွင်းရတာလဲမဟုတ်ပါ။ လမ်းပေါ်မှာတွေ့ခဲ့တဲ့ ပွဲစား ကတဆင့် ပြန်လည် ၀ယ်ယူရပါဦးမယ်။ အဂတိလိုက်စားပုံများ ပြောချင်ပါဖူး။ ကြိုက်တဲ့သူကို တိုင် ၊ ကြိုက်သလောက် အွန်လိုင်းဖြန့် အေးအေးဆေးဆေးပါ၊ စာချုပ်အရ အပိုင်ချည်ပြီးသားပဲလေ.။

No comments:

Post a Comment