Tuesday, January 15, 2013

အမေ

သိပါတယ် အမေ။ အမေ တိုင်းပြည်ကို ချစ်တယ်ဆိုတာ။ သားတို့ သိပါတယ်။ သားတို့ ယုံပါတယ်။ ကြည်း တပ် ရေတပ် လေတပ် တွေ ကို တစ် ယောက်ထဲ ခံတိုက်ခံတာတွေ အမေ့ရဲ့ သမိုင်းတွေပါ။ အခု လဲ ၀မ်းပိုက်ငှား ပြီး ဓါးထိုးခံ ခဲ့ ရတာတွေ။ အထူး သဖြင့် လက်ပံတန်းတောင် အရေး ပေါ့။
တချို့ကပြောကြတယ်။ လွှတ်တော်ထဲမှာကော၊ အပြင်မှာကော စစ်တပ်နဲ့ပတ်သက်ပြီး ဦးပိုင်နဲ့ပတ်သက်ပြီး အမေစုနှုတ်ဆိတ်နေတယ်လို့ အတော်ဝေဖန်ကြတယ်။  အမေ့မှာ လည်း အသိမကြွယ် တဲ့ ပြည်သူက တစ်ဖက်။ အသိလွန်နေတဲ့ စစ်တပ်နဲ့ ခရိုနီက တစ်ဖက်။ မျောက်ပြ ဆန်တောင်း တတ် ကြသူတွေ က တစ်ဖက်။
ရခိုင်အရေးမှာ လည်းနူတ်ဆိတ်နေတယ်။ ကချင်အရေး ကြတော့ လည်း နှာစေး ပြန်သတဲ့။ ခရိုနီ ကိုလည်း လက်ကမ်း နေပြန်သတဲ့။ စစ်တတ်အလိုကျ ရုပ်သေးရုပ်လေးပါ တဲ့။ အမေ့မှာ အာဏာ မရှိပဲ ရုပ်ပြလုပ်နေတဲ့ အခြေအနေမှာ တောင် တိုင်းပြည်အကျိုး ကို ဆောင်ရွက်နိုင်သေးတာ ပဲ ဆိုတဲ့ မုဒီတာမျို မထားနိုင်ကြသေးတာ ခွင့်လွှတ်ပေးပါအမေ ။
အသုံးချခံ ဘ၀ နဲ့ ရှေ့  မဆက် နိုင်မှာ တော့ သားတို့ တွေးပူမိတယ်အမေ။ တွေးပူမိပါတယ်။

လွှတ်တော်ထဲမှာကြည့်ရင်၊ စစ်အုပ်စု(ယူနီဖေါင်း+အရပ်ဝတ်)ကပဲ၊လွှမ်းမိုးထားတာတွေ့နိုင်သလို၊ အပြင်အုပ်ချုပ်ရေးပိုင်းမှာရော၊ အရပ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာပါ ဒီအုပ်စုတွေကပဲလွှမ်းမိုးထားတာတွေ့နိုင်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်အာဏာရှိနေပါတယ် အမေ ။ တစ်မိုးလုံး ဖျောက်ဆိတ် ဆိုတာ လို နေရာ တိုင်းမှာ သူ့ တို့  မျက်နှာပါအမေ။ အသိကြွယ်ပေမဲ့ အား မရှိသေးတဲ့ အမေ့ ကို နား မလည် ကြတာ မဆန်းပါဘူး။ 


ကိုယ်ချင်းစာစေချင်ပါတယ် အမေ ။  သိစေချင်ပါတယ် ။ လက်နက်ဆိုတာလဲမရှိ၊ နောက်လိုက်လက်နက်ကိုင်အဖွဲ့လည်းမရှိ၊ အာဏာလဲမရှိ၊ ဂလန်ကဆန်လုပ်တဲ့သူတွေကို ၀ိုင်းရိုက်ဖို့ လူမိုက်အုပ်စုလဲမရှိ ... ဘာမှမရှိတဲ့အမျိုးသမီးတဦးကို ဟိုလိုလုပ်ပါလး သည်လို  လုပ်ပါတော့လား... ဆိုပြီး တစာတစာနဲ့ မညှာမတာနဲ့ ညာ ခိုင်းနေကြတယ်။ 
 

နိုင်ငံတော် တည်ဆောက်ရေးဆို တာ တစ်ဦးကောင်း တစ်ယောက်ကောင်း နဲ့ လုပ်လို မရနိုင်တာ သူတို့ ကို သိစေချင်ပါတယ် ။ သားတို့ ကိုယ်တိုင် လည်း အမေ့  ကို အားမရ နိုင်တာ ရှိပါတယ်အမေ။ အမေက အာဏာလိုချင်ပါတယ် ဆိုတုံးက လည်း သားတို့ အမေ့ ကို အထင်လွဲမိသေးတယ်။ သေချာ ဆင်ခြင် ကြည့်မှ အမေ ပြောတာ မမှားဘူး ဆိုတာကိုပါ။ တစ်ခါတလေ အမေ ကို အထင်လွဲမိ တာလည်း ခဏခဏပါ။ အမေ့ လောက် စွမ်း်ဆောင်ရည်မရှိပေမဲ့ အမေချစ်သလို နိုင်ငံတော် ကို သားတို့ ချစ်ပါတယ်။


နိုင်ငံတော် ကို ချစ်ပါတယ်အမေ ။ သည်လေ သည်ရေ သည်မြေ မှာ လူဖြစ်ခွင့် ရရင် ဖြစ်ချင်ပါသေးတယ်အမေ။ အမေလိုပဲ နိုင်ငံသား များအတွက် စွမ်းဆောင်ခွင့် ကိုလည်း လိုချင်သေးပါတယ်အမေ။ အမေ့ ကို  ကြည့် ပြီး အားရ ပိတိ ဖြစ်ခွင့် ရခဲ့ တာတွေ နိုင်ငံတော် အတွက်  လိုအပ်တဲ့ ခေါင်းဆောင်ပါလားလို ကျေနပ်ခဲ့၇တာ ကျေးဇူးပါအမေ။

အမေ အမေ လို့  အားပါးတ၇ ကြွေးကြော်ခွင့် ကို ထာဝရလိုချင်ပါတယ်အမေ။ သားတို့ ဟာ တစ်ချိန်ချိန်မှာ အမေ့ အလိုကျ နိုင်ငံသားကောင်းတွေ ဖြစ်စေရပါမယ် သာ တို့ ဂတိပြုပါတယ်အမေ။

No comments:

Post a Comment