Wednesday, January 9, 2013

ဒီမို မိခင် သိှု့

ပြစ်မူမထင်ရှား သရွေ့ အပြစ်မဲ့ တယ်လို့ သတ်မှတ်နိုင်ပေမဲ့ ပြစ်မူထင်ရှားပြီး ပြစ်ဒဏ် မခံ ရသေးတာတွေကို လည်း တာဝန်ယူ ဖမ်းဆီးပေးနိုင်တဲ့ လူအဖွဲ့ အစည်းကို ထူထောင်ရပါမယ်။ သို့မှသာ တာဝန်ယူတတ်တဲ့ လူအဖွဲ့ အစည်းဖြစ်လာမှာ မလွဲမသွေပါပဲ ။ ယခင်စစ်အစိုး ရနဲ့ ခရိုနီများဟာ နင် ကအကောင် ကြီးလို့ နှစ်ခါ ပြန်လျောက်ခိုင်း ပြီး ပြုတ်ကျမှ သတ်စားတဲ့ အကျင့် ကို ကျွမ်းကျင်ပိုင်နိုင်ကြသူတွေပါ။ ပြောရရင် မတရားပေမဲ့ တရားဝင်အောင် လုပ်တတ်ကြပါပေတယ်။ တရားဥပဒေ နဲ့ အမှန်တရားပေါ်ကို နင်းလျောက်တတ်သူများ ဆို တာ ကို ဒေါ်အောင်စုကြည်အနေနဲ့သတိပြု ရပါလိမ့်မယ်။ ခရိုနီများကို အသုံးချ ဖို့ လိုတယ် ဆိုတာလက်ခံနိုင်ပါတယ်။ သူတို့ရဲ့ အသုံးချ ခံ ပြန်မဖြစ် အောင် လည်း ၀ိုင်းဝန်းကြိုးစားရပါမယ်။ လာဘ်ပေးတာ လက်မခံ ပေမဲ့လက်ဆောင်ပေးတာကို လက်ခံတတ်တဲ့ လူအဖွဲ့ အစည်း အဖြစ် စနစ်တကျ ရှောင်တိမ်းတတ်တဲ့ ခောတ်ဟောင်း အုပ်ချူပ်မူ ပုံစံကို ဆက်လက် လက်ခံမယ်ဆိုရင် ပြည်သူအတွက် ထူးမခြားနား  ပါပဲ လို့ ပြောရစေ။ အုပ်ချုပ်သူ လူတန်းစာ က ပေးနိုင်တဲ့ အခွင့် အရေးအမျိုးမျိုးကြောင့် အုပ်ချူပ်သူအကြိုက် ဒေသဖွံ့ဖြိုးရေးကို လုပ်သယောင် ထိုးကျွေး ဥပမာ စာသင်ကျောင်း ဆောက်ပေးတာမျိုးကို ဆိုလိုသည် ။ အုပ်ချူပ်သူကိုလည်း လက်ဆောင်ပေး ။ နောက် ဒေသခံ  ပြည်သူများဆီ က ရနိုင်လောက်တဲ့ အခွင့်အရေးမှန်သမျှ အကုန်ယူ ။ အာဏာရှိ လူ တန်းစား ကို သူတို့ လက်ထဲ မှာ ၊
သူ တို့ ခါးပိုက် ထဲ မှာ ရှိနေသယောင် အယောင်ဆောင် ။ ဘာမှ မသိနားမလည်းတဲ့ပြည်သူ ကို ခြိမ်းခြောက် အနိုင် ကျင့်တာတွေ များလှပါပြီ ။ဘယ်သူ့ ကိုမှ တိုင်လို့မရတဲ့  ပြည်သူလူထုရဲ့ဘ၀ က ကယ်သူ ကူသူမရှိ။ အို ဒီမို အမေရယ် ပြစ်မူမထင်ရှားပေမဲ့ ခံစားနားလည် နိုင်ရင်သိနိုင်ပါတယ်။ ပြစ်မူထင်ရှားသူများ ကို အပြစ်ပေးပါ။ ပြစ်မူမထင်ရှားရင်လည်း ဖော်ထုတ်ပါ။ ဆင် ကောင်ကြီးတွေ့နေပြီးမှ ဆင်ခြေရာ မတွေ့ လို့ ပြစ်မူမထင်ရှားရင် လည်း ဆင်ကြီး တစ်လှမ်းထပ်လျှောက်တိုင်း ဆင်ခြေရာ တွေ့မှာပါ အသေအချာပါ ။ အဲသည့် ဆင်ခြေရာကို အသေအချာစောင့်ကြည့်ပေးပြီး တွေခဲ့ ရင်လည်း နှာစည်း မနေပါနဲ့ လို့သာ ဆိုပါရစေတော့။
 ကိုဧည့် သည်                                  

No comments:

Post a Comment