Tuesday, April 3, 2012

အဲဒါလေးတွေ ပြင်စေချင်

ကြားဖြတ်ရွေးကောက်ပွဲကြီး ပြီးလေပြီ။

ကြားဖြတ်ရွေးကောက်ပွဲ တွင်
မဲပေးခွင့် မရသူများဖြစ်သော
မနီနီအောင်၊မစုငြိမ်းဖြူ ၊မအိဖြူ နှင့် မမိုးမိုးဦးတို့သည် ၄င်းတို့၏ ရင်းတွင်းခံစားချက်များကို ဖွင့်လှစ်ပြကြသည်။ သူတို့ ခြည်း မဟုတ်သေး ၊အလုပ်သမား 300 ကျော်တို့သည်လည်း ၄င်းတို့ နည်းတူ
တန်းတူ ညီမျှမူကို မရကြချေ။


ဖွဲစည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ 21 (က) နိုင်ငံသားတိုင်းသည် ဖွဲစည်းပုံအခြေခံဥပဒေ တွင် ပြဌာန်းထားသည် တန်းတူညီမျှမူ၊လွတ်လပ်မူ၊တရားမျှတမူ အခွင့် အရေးတို့ ကို ခံစားခွင့်ရှိသည်။

ထိုအတူ အခန်း ၉ ရွေကောက်တင်မြှောက်ခြင်း ပုဒ်မ 390 (က)တွင် အသက် ၁၈ နှစ်ပြည့်သူ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်လျှင် မဲပေးနိုင်သည် ဟု ဆိုထားပြန်သည်။

မနီနီအောင်တို့သည် ဥပဒေ အရ မဲပေးနိုင်သော်လည်း မဲပေးခွင့် မရခဲ့ပေ။
အကြောင်းကား မှတ်ပုံတင် မရှိသောကြောင့် ၊ မှတ်ပုံတင်ရှိသော်လည်း မဲရုံက ထုတ်ပေးသည် ကူပွန် မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အခြေခံဥပဒေအရ မဲပေးခွင့်မရှိသူများမှာ

သာသနာ့ဝန်ထမ်း
ထောင်ဒဏ်ကျခံသူ
စိတ်ပေါ့သွပ်သူ
လူမွဲစာရင်း ကြေညာခံရသူ

မဲပေးခွင့် မရှိသူများမဟုတ်ပါပဲ မြန်မာနိုင်ငံတစ်နံတစ်လျားတွင် အဆိုပါ အခွင့်အရေးဆုံးရှုံးသူများ ရှိနေသည်ဆိုလျှင် ကား ................

မည်သို့ ပင် မလျော် သြဇာ သုံးစွဲကာ ခြိမ်းခြောက်အနိုင်ယူ ညစ်ပတ်စေကာမူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် ထိုက်ထိုက်တန်တန် အနိုင်ရခဲ့လေသည်။
သို့ သော်..... သည်လို အဖြစ်မျိုး အနာဂတ်တွင် မဖြစ်စေချင်ပါ။


အာရှနဂါး အထည်ချူပ်စက် ရုံ
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်
ဖုန်းနံပါတ်  592111၊592000
သူတို့ ကို ဆက်သွယ်စေချင်သဖြင့်
ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ပေးခြင်းဖြစ်သည်။

No comments:

Post a Comment