Friday, January 31, 2014

ဆိုင်ပုဒ် ကြီးစိုးသော နိုင်ငံ

ဘယ်သူပိုင်တာလဲ မသိပါ၊ သိရန်လဲ လိုမည်မထင်။ ကိုယ်မပိုင်တာ သေချာပါသည်။ တစ်ခါတစ်ရံတော့ ဘယ်သူပိုင်တာပါလိမ့်ဟု တွေးဆမိသည်။ သည်လိုအဖြစ်မျိုး မြန်မာပြည်တွင် ရှိနေကြသည်။


 မြန်မာပြည်သူလူထုဆိုသည် မှာ လေနှင့်ဝမ်း မကွဲကြပေ။အဘယ်ကြောင့်များ လေနှင့်ဝမ်း မကွဲ ကြပါသနည်းဟု ကြံကြံဖန်ဖန်တွေးမိပြန်သည်။ သို့တည်း မဟုတ် အစိုးရလုပ်စားသူများကပဲ ဖင်နှင့် ခေါင်း မကွဲလေသလော။












စိုးရိမ်နေကြသည်။ လယ်သမားကလည်း သူပိုင်မြေကို လုခံရမှာ စိုးရိမ်နေသည်။ ကြက်ဆူ စိုက်ခင်းပိုင်ရှင်ကလည်း ရင်တထိပ်ထိပ်၊ ဓနိခြံပိုင်ရှင်မှာလဲ သောက ဗျာပါဒ ၀ိုင်းရံလျက်။ စခန်းမှူး ကြီး ကလည်း ဘယ်သူကို ကြောက်နေရသည်မသိ။ အစိုးရဖြစ်သူမှာလည်း သူများလုပ်သလို လိုက်လုပ်ရသည်။

ဘယ်သူတွေက ၀င်လုနေလည်းမသိချေ။ ပြည်သူလူထု ကို သတိပေးနေသလော။ ခရိုနီများကို သတိပေးနေသလော မသိနိုင် ။ အစိုးရ ကို သတိပေးနေသလော။ ၀န်းထမ်းများကို သတိပေးနေသလော။

အစိုးရလုပ်စားသူကလည်း ပြည်သူကို ကြောက်နေဟန်တူသည်။ ပြည်သူကလည်း အစိုးရ ဆိုသူကြီးကို လန့်နေသည်။ ငွေကြေးချမ်းသာသူများကလည်း သူပိုင်ပစ္စည်းများ အတွက် စိုးရိမ်နေကြသည်။

 သေချာတာ တစ်ခုရှိပါသည်။ ကျနော် မလုပါဟု ကတိပေးနိုင်သည်။ ထိုထက်ပို၍ လည်း ဘာမှ မတတ်နိုင်ချေ။

1 comment: