ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ရက်စွဲ ။ ၂၀၁၃
ခုနှစ်၊ စက်တင်ဘာ လ ၂ ရက်
အကြောင်းအရာ။ ။ လယ်မြေကို လယ်နီးချင်းဖြစ်သူ
ဦးသောင်းညိုမင်းမှ မတရား အဆင့်ဆင့် သိမ်းပိုက်ထားခြင်းကိစ္စ။
အထက်ပါကိစ္စနှင့် ပတ်သက်၍
ကျွန်တော်ဦးသိန်းလှ၊
မှတ်ပုံတင်အမှတ် (စီဇက်အန် -
၁၁၂၂၉၇)နှင့် ဖခင်ဖြစ်သူ ဦးတိုး (ကွယ်လွန်) သည် ၁၉၉၆ ခုနှစ်၊ မေလ (၉)ရက်နေ့တွင်
ဦးစိုးတင့် (နိုင်ငံတော်ထံမှ လယ်ဧက - ၅၀၀ လုပ်ပိုင်ခွင့်ရသူ)ထံမှ၊
ညောင်တုန်းကျွန်း၊ ကွင်းအမှတ် - ၃၆၄ (ဂ)၊ ၃၆၅ (ဂ) ကျွန်းဦးခေတ္တိရလယ်မြေဧက (၅၀)ကို
လယ်မြေပိုင်ဆိုင်ခွင့် စာချုပ် (ပူးတွဲ-၁)အရ လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့ပါသည်။
