လယ်ယာမြေနှင့်
အခြားမြေများသိမ်းဆည်းခံရမူ စုံစမ်းရေးကော်မရှင်
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်
ရက်စွဲ့။ ။ ၂၀၁၃ ခုနှစ် ဧပြီလ ( ၁၇ )ရက်
အကြောင်းအရာ။ ။ဘိုးဘွားမိဘ
လက်ထက်မှ လုပ်ကိုင်လာသည့် လယ်ယာမြေကို ဒဂုံမြိုသစ်(ဆိပ်ကမ်းမြို့နယ်) မြို့နယ် အုပ်ချုပ်ရေးမှုး
ဦးမျိုးစိုးမိုး မှ မတရားဝင်ရောက် မြေတူး ရောင်းချခြင်းကိစ္စ။
အကြောင်းအရာပါကိစ္စနှင့်စပ်လျှင်း၍ ၈၉ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျွန်မဒေါ်တင်ဌေးဝင်းနှင်အစ်ကိုဦးမြလွင်ပိုင်ဆိုင်သောကွင်းအမှတ်(၄၄၉)၊ ဦးပိုင်အမှတ်၁၃/၁ ၏ကျီးပင်ရိုးကွင်း လယ်မြေများပေါ်တွင် မတရားကျူကျော်ဝင်ရောက် မြေတူးမြေသယ်
မြေရောင်းစားသည် ကို ဒဂုံဆိပ်ကမ်း မြို့နယ်
လယ်သမားသမဂ္ဂ ကို (၁၅၊၃၊၂၀၁၃)ရက်နေတွင် တိုင်ကြားခဲ့ပါသည်၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် အထက်အဆင့် အဖွဲ့ အသီးသီးကို တိုင်ကြားခဲ့ပြီးလည်းဖြစ်ပါသည်။ အထက်အဖွဲ့ အစည်းအဆင့်ဆင် အရေးယူမူမရှိသဖြင့် ကျွန်မ ဒေါ်တင်ဌေးဝင်းနှင့်အတူ ဒဂုံဆိပ်ကမ်း လယ်ယာမြေ သမဂ္ဂ အဖွဲ့တို့မှ လယ်သမားဦးရေ ၅၀ ခန့်ကိုဦးဆောင်လျက် ၁ဂ၊ ၊၃၊၂၀၁၃ရက်နေ့နံနက် ၁၀ နာရီခန့် အချိန်တွင် သွားရောက်တားမြစ်ခဲ့ပါသည်။ မြေတူး မြေသယ် မြေရောင်းခြင်းကို ဆောင်ရွက်နေသူများမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးပင် ဖြစ်ပါသည်။

(၆၉)
ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ဥက္ကဌ ဦးတင်မောင်ဝင်း နှင့် ဦးကျော်မြင့် (ရာအိမ်မှု)
တို့သည့် ဆယ်အိမ်မှုးများဖြစ်ကြသော ဦးစိန်အေး (ဆံရှည်)၊ ဦးမိုးကျော် တို့သည်
ယခု မြေတူးမည့် နေရာ အနီးတွင် နေထိုင်ကြသော ရပ်ကွက်နေပြည်သူတို့အား သောက်သုံရေကန် တူးမည်ဖြစ်ကြောင်း လွန်ခဲ့သော တစ်လခန့်က အသိပေးပြောကြားခဲ့ပါသည်။ ထိုအပြင် ရပ်ကွက်နေပြည်သူတို့အား ရေကန်တူးရာတွင်ကန့်ကွက်ရန်မရှိကြောင်းလက်မှတ်ရေး

ထိုးစေခဲ့ပါသည်။အမှန်မှာ ၆၉ ရပ်ကွက် တွင် အိမ်တိုင်းနီပါး
တုံကင် ကိုအသုံးပြု လျက် ချိုးရေ သုံးရေ လုံလောက်လျက်ရှိပါသည်။
ရပ်ကွက်နေပြည်သူတို့ ၏ ရိုးအ မှုကို အခြေပြုလျက် မလိုအပ်သော ကန်ကို တူးရန် အကြောင်းရှာ ခြင်းပင်ဖြစ်ပါသည်။တနည်းဆိုသော်ရိုးသားသောရပ်ကွက်နေပြည်သူတို့အားအုပ်ချုပ်ရေးအာဏာကို
အသုံးပြုလျက် မလျော် သြဇာကို အသုံးပြုကာ လက်မှတ်ရေးထိုးစေခြင်းပင်ဖြစ်ပါသည်။

သိုပါ၍
ယခုဖြစ်စဉ်တွင်ပါဝင်နေကြသူ အားလုံးကို ပြင်းပြင်းထန်ထန်အရေးယူပေးရနှင့် မြေတူးခြင်းကို ရပ်ဆိုင်းပေးရန် အသနားခံတင်ပြလိုက်ပါသည်။
+++++ ဒေါ်တင်ဌေးဝင်း
မှတ်ပုံတင်အမှတ်(၁၂/လကန(နိုင်)၀၃၃၈၅၂) အမှတ်(၆၁၂)အင်ကြင်းလမ်း၊ (၈၉)ရပ်ကွက်၊
ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၀၉၄၃၀၉၃၅၉၁
မိတ္တူကို
ဦးကျော်မြင့်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်)
ဦးအောင်သိန်းလင်း(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်)
ဦးခိုင်မောင်ရည်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်)
ဦးအောင်ဇင်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်)
ဒေါ်ခင်ဝိုင်းကြည်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်)
No comments:
Post a Comment