Showing posts with label wai lin aung. Show all posts
Showing posts with label wai lin aung. Show all posts

Sunday, March 24, 2013

စိုက်ပျိုး ရေး ၀န်ကြီး တနပ်စား မြင့်လှိုင် ၏ ဥပဒေမဲ့လုပ်ရပ်

မြင့်ဇေယျာ ကုမ္မဏီ

မြင့်ဇေယျာကုမ္မဏီ မျက်နှာစာ
 ဒဂုံအရှေ့ပိုင်းမြို့နယ် 
သီးစားချ ထားသောလယ်များ
ယခင် စစ်ပင် ကျေးရွာ



မြင့်ဇေယျာ စိုက်ပျိုးခြံအတွင်း စပါးစိုက်ပျိုးခြင်းမရှိသည့်   ပလပ်ထားသော လယ်ကွင်းများ

 လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီးဦးမြင့်လှိုင်ပိုင်ဆိုင်သော မြင့်ဇေယျာ စိုက်ပျိုးရေးသည် ၂၀၀၈ခုနှစ်တွင် ထူးထရေးဒင်း ကုမ္မဏီ လီမီတက်(ဦးတေဇ) က ကန်ထရိုက် ဖမ်းမင်း( contract farming) စနစ် အသုံးပြုကာ စတင်သိမ်းယူခဲ့သော လယ်ကွင်းများဖြစ်သည်။ ကွင်းအမှတ် (၄၇၉)(၄၈၀) ဦးပိုင်အမှတ်(၁၁) ဖြစ်ပါသည်။   (ထူးထရေးဒင်းကုမ္မဏီလီမိတက်)ကဆောင်ရွက်သော  ကန်ထရိုက်ဖမ်းမင်း အောင်မြင်မှုမရှိသောကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးတေဇ မှ  ၀န်ကြီး ဦးမြင့်လှိုင်ထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ လယ်ဧကပေါင်း(၅၆၀.၃၅) ဖြစ်ပါသည်။
ဦးတေဇ(ထူးထရေးဒင်းကုမ္မဏီလီမိတက်)က
 သိမ်းယူခဲ့ပြီးနောက်  လယ်သမားများသည် အသိမ်းခံရသော မိမိတို့ လယ်မြေများပေါ်တွင် စိုက်ပျိုးခအဖြစ် သီးစာခကို မိုးတွင်းကာလ အတွက် ခုနှစ်တင်း၊  နွေကာလအတွက် ၁၀ တင်း ဦးတေဇထံ ပေးကာ လယ်လုပ်ခဲ့ရလေသည်။

စတင်သိမ်းဆည်စဉ်က လယ်တဲပေါင်း(၄၄)တဲရှိပြီးလယ် သမားပေါင်း (၅၅)ဦး လုပ်ကိုင် စားသောက်နေသောလယ်ကွင်းများဖြစ်ပါသည်။
ယခုအချိန်ထိ အဆိုပါလယ်ကွင်းအတွင်းတွင် နေထိုင်လျက်ရှိသော လယ်သမားများမှာ ဦးကျော်ရှိန်၊ဦးဝင်းမြင့်၊ ဒေါ်ခင်ဝင်းကြည်တို့ဖြစ်ကြပါသည်။ အဆိုပါလယ်သမားများမှ လယ်သိမ်းသည့်ကိစ္စအားကျေနပ်မှုမရှိသောကြောင့် ယခု အချိန်ထိ ဖယ်ပေးခြင်း မရှိပဲ ဆက်လက်နေထိုင်သူများဖြစ်ကြပါသည်။
လယ်ကွင်းအတွင်း လူနေထိုင်ခြင်းမရှိသော တဲအလွတ် သုံးတဲ ရှိပါသည်။ လယ်တဲပိုင်ရှင်များမှာ ဦးမြထွေး၊ ဦးသန်းဆွေ၊ဦးမျိုးအောင်တို့ဖြစ်ပါသည်။

 ထူးထရေးဒင်းကုမ္မဏီမှ မြင့်ဇေယျာသို့လွှဲပြောင်းပေးပြီးနောက် ၂၀၁၂ ခုနှစ်တွင်  ဖျက်ဆီးခြင်းခံခဲ့ရသော တဲများမှာ ဦးကျော်ရွှေ၊ဦးဆန်းထွန်း၊ ဦးအုန်းသိန်း၊ ဦးသိန်းဝင်း၊ ဦးကြည်စိုးတို့၏ တဲများဖြစ်ကြပြီး  ထိုတဲများကို ဖျက်ဆီး၍ ရထားလမ်းနံဘေးတွင် သွားရောက်ပုံထားကြလေသည်။ ထိုအချိန်က စစ်အစိုးရလက်ထက် ဖြစ်သောကြောင့်လယ်သမားများမှာ မည်သို့မျှ  မပြောသာပဲ ခေါင်းငုံခံခဲ့ကြရပါသည်။
ယခုအခါ မြင့်ဇေယျာ ကုမ္မဏီလီမိတက်သည် လယ်သမားများနှင့်ထူးထရေဒင်း ကတိက၀တ်ပြုထားသော ကန်ထရိုက်ဖမ်းမင်းစနစ်ကို ဆက်လက် လုပ်ဆောင်ခြင်းမရှိပါ။ တစ်ခြား ကုမ္မဏီဖြစ်သည့် (International Sun Moon Star Agriculture Co.,Ltd.)ထံမှ  သီးစားခ ရယူလျက် လယ်မြေကို လုပ်ကိုင်စေပါသည်။ တစ်နှစ်အတွက် သီးစားခမှာ တစ်ဧကအတွက် မိုး ၅၀၀၀၀ကျပ် ဖြစ်ပြီး နွေရာသီအတွက် ၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ သီးစားချထားသော ဧက မှာ ၂၀၀ ဧကခန့်ရှိပါသည်။ ဧက ၁၀၀ ခန့်ကို ငါးကန်များ တူးဖော်ထားပြီး ကျန် ၂၀၀ ဧက ကို လယ်ယာလုပ်ကိုင်ခြင်းမရှိပဲ  ပလပ်ထားသဖြင့် နိုင်ငံတော် အတွက်၎င်း ၊ လယ်သမားများအတွက် ၄င်း မည်သို့မျှ အကျိုးမရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။








Wednesday, September 19, 2012

get banners


Monday, March 26, 2012

အဲဒါတွေပြင်ဖို့လိုမည်


မပြောချင်ဘူးဗျာ။ လုံးဝမပြောချင်ဘူး။ ဒါပေမဲ့ပြောရအုံး။ မပြောမပြီး မတီးမမြည်လို့ ဆိုထားတယ်မဟုတ်လား။ ပြောမှသိ ထိမှနာ ကြမှာ ။ မပြော ရင် မပြင် ပြောမှ ပြင်ကြမယ် မဟုတ်လား။ ပြောရရင် လည်း ကိုယ့်ပေါင်ကိုယ်လှန်းထောင်းသလိုပါပဲဗျို့ ။
မြန်မာတွေ စည်းကမ်းဖောက် လို့ ထီးနန်းပျောက် ဖြစ်ပြီ မှီငြမ်းထောက်အသစ်မှီ သည် ညစ်ပလီလူမျိုး လို့ ရေးတဲ့ အချုပ်တန်းဆရာဖေ ရဲ့ လေ အရ ဆိုရင်
တွေးမိတိုင်း အရိုး မှာနာသည် အမျိုးပါ ဆဲချင်ပေါ့လေး ဟု သာ ဆိုချင်ပါသည်။
***** ********** **********

လက်တို့ပြီးတော့ ပြောရအုံးမယ် ပြောလိုက်တော့ ပြောလိုက်တော့ဗျို့။
ဘယ်ရောက်ကုန်ပါလိမ့်
(မှတ်ချက်) ကြော်ငြာဝင်ခြင်းဖြစ်ပါသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်ခန့် က ဖြစ်ပါသည်။ ဖရန့်  စစ်ဖူကူယားမားရေးသော State Building ကို ဖတ်ဖြစ်သည်။ ဆရာကျော်ဝင်း ကို ကျေးဇူးတင်ရမည်။ Institutionalization ( အသင်းအဖွဲ ပြု ခြင်း) ကိုဆောင်ရွက် လျှင် နိုင်ငံတော် တည်ဆောက်ရေးဖြစ်သည်ဟု ဆိုသည် ။ ဆရာ အလို နိုင်ငံတော် တည်ဆောက်ရေး။ နိုင်ငံတစ်ကာ ပညာရှင်များလည်း သည်အတိုင်းလက်ခံသည်။

နိုင်ငံတော် ကို ကောင်းအောင် တည်ဆောက်ချင်သူ အတွက် သတင်းကောင်းမဟုတ်ပါလော။
ကောင်းလေစွတကား။

မိတ်ဆွေတို့ နှင့်တိုင်ပင်ဖြစ်သည်။အကြံပြုကြသည်။ 
 သင်းဖွဲ့ စည်းမျည်း သင်းဖွဲ့ မှတ်တမ်း ကို ၀ိုင်းဝန်းရေးဆွဲကြသည် ။ ဥကဌ အတွင်းရေးမှူး အသင်းသား စာရင်းကိုင် စာရင်းစစ် စသည်ဖြင့် အုပ်ချူပ်ရေးအဖွဲ့  BOD ဖွဲ့သည်။နောက်ဆုံး တစ်လလျှင် တစ်သောင်းခွဲ စုစေလျှင် စုဆောင်းငွေ ၏ သုံးဆ ကိုချေးငွေ အဖြစ် သတ်မှတ် ပြီး ငွေတစ်ရာ ကို တစ်ကျပ် အတိုးနုန်းဖြင် သက်သက်သာသာ ချေးပေးသည်။ သည်လိုနှင့်
ငွေစု ငွေချေး အသင်းဖွဲ့ ဖြစ်သည်။
အကြံရသည့်အတိုင်း လုပ်ဖြစ်သည်။ ၀ိုင်းဝန်းဆောင်ရွက်ကြသည်။ အဆင်ပြေ၏။အောင်မြင်ပါ၏။

တဖြည်းဖြည်း လူဦးရေ ငါးဆယ်ကျော် ဖြစ်လာသည်။လူတစ်ဦးလျှင် ခြောက်သိန်းအထိ ချေးပေးသည်။ တစ်ကျပ်တိုးနှင့် ချေးပေးသည်။ခြောက်သိန် ချေးလျှင် တစ် လ ခြောက်ထောင် အတိုး ပေးရသည် ။ ထိုကြောင့်
အသင်းဝင်ချင်သူများပြားလာသည်။ သို့သော် များများ လက်မခံနိုင်သေး။တရာဝင် အသင်းမဟုတ်သည့်အတွက်ဖြစ်သည်။ စိတ်ချရသူသာ အသင်းဝင်အဖြစ်လက်ခံသည်။ ဥပဒေ အရ ကာကွယ်စောင့်ရှောင့် နိုင်သည့် အခြေအနေမဟုတ်သေး။ ဥပဒေအရ ကာကွယ်စောင့်ရှောင့် နိုင်လျှင် မည်သူ့ ကိုမဆို လက်ခံနိုင်သည်။ ယခု လူတိုင်းကို လက်ခံ နိုင်ခြင်းမရှိသေး။ တရားဝင်အသင်းအဖွဲ့ဖြစ်ရန် လိုသည်။

လွန်ခဲ့သည်တစ်နှစ်ခန့်ကဖြစ်သည်။
ဆင်းရဲ့ နွမ်းပါးမှုပပျောက်အောင် ဆောင်ရွက်ရမည် ။ ငွေစုငွေချေးအသင်းအဖွဲ့များဆောင်ရွက်ရမည် ။ နိုင်ငံတော် သမတ က ပြည်သူလူထုကို တိုက်တွန်းသည်။

လွန်ခဲ့သည် သုံးလခန့် ကဖြစ်သည်။ နိုင်ငံတော် ပြန်တမ်း တစ်စောင် ကို ဖတ်ဖြစ်သည်။ သတင်းစာတွင် လည်းဖတ်ရသည်။ အသေးစား ငွေစုငွေချေး ဥပဒေ ဖြစ်သည် ။
လက်ရှိလုပ်ကိုင်နေသော ငွေစုငွေချေးများ လုပ်ငန်းလိုင်စင် တင်ရမည်။ မတင်လျှင်ပယ်ဖျက်ရမည်။ တရားဝင်ထုတ်ပြန်သည်။တရားမ၀င် အသင်းအဖြစ်မခံနိုင် ။ချေးငွေပေါင်း သိန်းရှစ်ဆယ်ကျော်သည်။ ပယ်ဖျက်ခံရလျှင် ဆုံးတော့မည်။

လွန်ခဲ့သည့်နှစ်လ ခန့်ကဖြစ်သည်။
အသေးစားငွေစုငွေချေးကော်မတီသို့ ရောက်သည် ။ 36လမ်းတွင်ဖြစ်သည်။ ဗှိုလ်မှူး ကိုကိုမောင် က လုပ်ငန်းလိုင်စင် တစ်လအတွင်း ရအောင်ဆောင်ရွက်ပေးမည်ဆိုသည်။  အကျိုးအမြတ် မယူသည် အသင်းအဖွဲ့ ဆှိုလျှင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးလက်မှတ်လိုသည်ဟု ညွှန်ကြားသည်။

လွန်ခဲ့သည့် တစ်လခွဲခန့်ကဖြစ်သည်။
ဒဂုံတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေမှူးထံရောက်သည်။ အသင်းအဖွဲ့  ဖွဲစည်းရန် စာတင် သည်။ ၀င်စာလက်ခံပေးခြင်းမရှိ။
ဝင်စာနံပါတ်ပေးခြင်းကို ငြင်းဆို သည်။
အထွေထွေ အုပ်ချုပ်ရေးမှူးရုံး သည် ၀င်စာနံပါတ်ပေးခြင်း မရှိသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
အကြိမ်ကြိမ်ကြိုးစားသည် မရ။
နောက်ဆုံး မိတ်ဆွေတစ်ဦး က ကြိုးစားပေးမည်ဟုဆိုသဖြင့် သူလက်ထဲ့ အပ်ခဲ့သည်။
သူလည်းကြိုးစားကြည့်ပြန်သည်။ မထူးခြားချေ။ ထပ်မံကြိုးစား ကြည့် ပြန်သည်။ ပိုင်ရာ ဆိုင်ရာနှင့်ဆောင်ရွက်လျှင်ရသည်ဟု ပြော သည်။ နောက်ဆုံး သတင်း တစ်ခု ရသည် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံလျှင် က မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၀င်စာပေးမည်ဟုသိရသည်။


လွန်ခဲ့သည့် တစ်လခန့် က ဖြစ်သည်
24ရပ်ကွက် ရုံး ဒဂုံမြို့သစ်တောင်ပိုင်း သို့ သွားခဲ့သည် မှာ တစ်လပြည့်တော့မည်။
ဆယ်အိမ်မှူး ထောက်ခံ ချက် ရရန် သွားခဲ့သည်။မရခဲ့ချေ။ ရာအိမ်မှူးဆီ လွှတ်သည်။ မအောင်မြင်။ ရာအိမ်မှူး ။ ဆယ်အိမ်မှူး  ဥကဌ စုံညီရှေ့ တွင် ထောက်ခံမည်ပြောပြန်သည်။ အားလုံးစုံ ညီသော အချိန်ရောက် အောင်သွားသည်။ မရခဲ့ချေ။  အားလုံးစုံညီရှိသောလည်း သင်းဖွဲ့ စည်းမျဉ်းတောင်းပြန်သည် ။ တောင်းသည့် အတိုင်းသင်းဖွဲ့ စည်းမျည်း ကိုပေးသည် ထောက်ခံချက် မရခဲ့။
သည်လိုနှင့် ဟိုမှသည် သည်မှ ဟို တစ်ပတ် ထပ်မံ ကြာပြန်သည်။

တစ်လပြည့်ပြီ။ အသင်းအဖွဲ ဖွဲစည်းရန်မဆိုထားနှင့် ရပ်ကွက် မှ ထောက်ခံချက်ကို ပင်မရသေး ။
အကြောင်းအမျိုးမျိုးပြ လျှက် ထောက်ခံပေးရန် မငြင်းဆိုသော်လည်း လက်တွေ့ တွင် ထောက်ခံချက်မရသေး။ အသင်းအဖွဲ့  တည်ရှိကြောင်းထောက်ခံ ချက်ရရန် နှင့် ပါတီကင်းရှင်းကြောင်း နောက်ထပ် ရဲစခန်းထောက်ခံချက် ပြစ်မှူကင်းရှင်ကြောင်း။
စသည့် လိုအပ်ချက်များရလျှင် သို့မဟုတ် လိုအပ်ချက် အမျိုးမျိုးကို ရရန်တောင်းသည်။

မြို့ နယ် ထွေအုပ်ထံတွင် ၀င်စာရရန် အလွန်ခက်ခဲလှပေတကား။
ကူညီနိုင်သူများ ကူညီကြပါကုန်။

အသွင်သဏ္ဍန်ပြောင်းလဲသော်လည်း အနှစ်သာရ မပြောင်းသေး။ အုပ်ချူပ်သူ များမှ အနှစ်သာရ မပြောင်းလိုသဖြင့် လျိုဝှက် အမိန့်ပေးကာ မပြောင်းခိုင်းသည်လော ။ သို့တည်းမဟုတ် အောက်ခြေက မပြောင်း လဲ လိုသလော မသိနိုင်။

အထက်ကပြောင်းဖို့ ကြိုးစားကြလေသည် ။ သို့မဟုတ်  အောက်က မပြောင်းသေး။
အပေါ် အောက် ဟန်ချက်ညီစွာပြောင်းကြဖို့လိုသည် မဟုတ်ပါလော။

ဝေလင်းအောင် (ဒဂုံတောင်) 0943093591



နောက်ဆုံး သတင်းဖြစ်သည် ။ ကြေမုံ့ သတင်းစာ 12Aungust 2012 ရက်နေ့ ထုတ် ဟု ထင်သည်၊။ ဆင်းရဲ နွမ်းပါးမူ ပပျောက်ရေး အတွက် ငွေစုငွေ ချေး အသင်းများတည်ထောင်ရန် ကြေငြာ ထည့်သည်ကိုတွေ့ လိုက်ရသည်။ လိုအပ်သလို ကူညီမည်ဟုလည်းရေးထားသည် ။ တစ်ကယ်လော အမှန်လော ခွဲ ဝေရန်ခက်၏ ။ပကတိ နိုင်ငံ ရေးမှာ အသွင်သဏ္ဍန်နှစ် အနှစ်သာရ ကွာခြားနေသော နိုင်ငံရေးဖြစ်သောကြောင်း နားလည်းရန်ခက်ခဲလှပေစွ တကား။