An old man and his son...
တစ်ခါတုန်းက အမေရိကန်ရဲ့ မြို
့လေးတစ်မြို့ မှာ အဖိုးကြီးတစ်ယောက်နေတယ်။ သူ့ ရဲ့ တစ်ဦးတည်းသော
သားလေးကတော့ ထောင်ထဲမှာနေနေရရှာတယ်။ အဖိုးအိုက သူ့သားဆီကို စာရေးတယ်၊ စာထဲမှာတော့...
သားရေ
အဖေတော့ စိတ်မကောင်းပါဘူးသားရေ၊ ဒီနှစ်ထဲမှာ အဖေတော့ ခြံထဲမှာ အာလူးတွေ
စိုက်လို့ ရမယ်မထင်လို့ ပါ သားရေ။ အဖေကလည်း အသက်ကလည်းကြီးလာပြီးဆိုတော့
ခြံမြေတွေကို တူးဆွဖို့ ကလည်း သိပ်မတတ်နိုင်တော့ဘူး။ သားသာ ဒီမှာရှိနေရင်
ဒီဒုက္ခတွေရှိတော့မှာမဟုတ်ဘူး။ သားသာ ထောင်ထဲကို ရောက်မနေရင် ဒီခြံမြေတွေကို
သားက တူးဆွပေးမှာနော်။