ကောင်းပါတယ်
ယဉ်ယဉ်လေးနဲ့ ရင်လေးသွား
အနိုင်ယူလို့ မရ အရူံးပေးလို့မရ
တိုက်လို့လဲမဖြစ် အညံခံလို့လဲမဖြစ်။
ကောင်းပါတယ် (ကောင်းပါတယ်)
ခေါင်းကျ လည်း အစားခံရ (ကောင်းပါတယ်)
ပန်းကျ လည်း အစားခံရ( ကောင်းပါတယ်)။
မနက်ဖြန် လက်ကျန် / ချန်
အတွေ့မှာ လက်ယဉ်သွား
အနာက ဆေးမတိုးတော့။
အိပ်မက်က ယဉ်သကိုး
လက်ကျန်က မနက်ဖြန်
မနက်ဖြန်က မနက်ဖြန်အတွက်။
သူလည်း ယဉ်သွားပြီ
ယဉ်ယဉ်လေး ပဲ ကောင်ပါတယ် ။ ။
5.3.2014
ချမ်းညိမ်းသိုက်
No comments:
Post a Comment