ကြီးတော်ကြီးတုတု။
ကြီးတော်ကြီးတုတုသည် ဘိုးတော် သီပေါရှင်ဘုရင်နှင့် ဘွားတော် စုဖုရားလတ်တို့၏ မြေးဦးဖြစ်သည်။ ပဌမသမီးတော် (ထိပ်စုမြတ်ဖုရားကြီး)နှင့် အိန္ဒိယနိုင်ငံသား နန်းတော်
တံခါးစောင့် ရှ၇ိမန်ဂိုပါဘောရိုဆာဝန် (Shrimant Gopal Bhaurao Servant) တို့၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ၁၉၀၇ ခုနှစ်တွင် ဖွားမြင်ပါသည်။