အမေသို့
ပြစ်မူမထင်ရှား သရွေ့ အပြစ်မဲ့ တယ် လို့ သတ်မှတ်နိုင်ပေမဲ့ ပြစ်မူထင်ရှားပြီး ပြစ်ဒဏ် မခံ ရသေးတာတွေကို လည်း တာဝန်ယူ ဖမ်းဆီးပေးနိုင်တဲ့ လူအဖွဲ့ အစည်းကို ထူထောင်ရပါမယ်။ သို့မှသာ တာဝန်ယူတတ်တဲ့ လူအဖွဲ့ အစည်းဖြစ်လာမှာ မလွဲမသွေပါပဲ ။ ယခင်စစ်အစိုး ရနဲ့ ခရိုနီများဟာ နင် ကအကောင် ကြီးလို့ နှစ်ခါ ပြန်လျောက် လို့ စေခိုင်း ပြီး ပြုတ်ကျမှ သတ်စားတဲ့ အကျင့် ကို ကျွမ်းကျင်ပိုင်နိုင်ကြသူတွေပါ။
သူ တို့ ခါးပိုက် ထဲ မှာ ရှိနေသယောင် အယောင်ဆောင် ။ ဘာမှ မသိနားမလည်းတဲ့ပြည်သူ ကို ခြိမ်းခြောက် အနိုင် ကျင့်တာတွေ များလှပါပြီ ။ဘယ်သူ့ ကိုမှ တိုင်လို့မရတဲ့ ပြည်သူလူထုရဲ့ဘ၀ က ကယ်သူ ကူသူမရှိ။ အို ဒီမို အမေရယ် ပြစ်မူမထင်ရှားပေမဲ့ ခံစားနားလည် နိုင်ရင်သိနိုင်ပါတယ်။ ပြစ်မူထင်ရှားသူများ ကို အပြစ်ပေးပါ။ ပြစ်မူမထင်ရှားရင်လည်း ဖော်ထုတ်ပါ။ ဆင် ကောင်ကြီးတွေ့နေပြီးမှ ဆင်ခြေရာ မတွေ့ လို့ ပြစ်မူမထင်ရှားရင် လည်း ဆင်ကြီး တစ်လှမ်းထပ်လျှောက်တိုင်း ဆင်ခြေရာ တွေ့မှာပါ အသေအချာပါ ။ အဲသည့် ဆင်ခြေရာကို အသေအချာစောင့်ကြည့်ပေးပြီး တွေခဲ့ ရင်လည်း နှာစည်း မနေပါနဲ့ လို့သာ ဆိုပါရစေတော့ လို ဆိုပါရစေ ဒီမို အမေရယ်။
ကိုဧည့် သည်
No comments:
Post a Comment