Tuesday, December 3, 2013

ရွှေပြည်သာ မြေသိမ်းမူ

ရန်ကုန်တိုင်းဒေသကြီး ရက်စွဲ ၂၉ ၊ ၁၁ ၊ ၂၀၁၃

ရွှေပြည်သာမြို့နယ် ၊ အုပ်ဖိုအုပ်စု ၊ အုပ်ဖိုကွင်း အမှတ်(၄) လမ်းမပေါ်ရှိ ဦးသောင်း ပိုင်ဆိုင်သော ပျိုးခြံအား ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးဌေးအောင် ဦးဆောင်လျက် နယ်ထိန်းကျော်မင်းဦး ရဲတပ်သား ၃ဦး၊ ရဲအင်အားနှင့် လူအင်အား ၂၅ ဦး နောက်ပါများဖြင့် သာဓုကန်ဘုရား ဂေါပကဥက္ကဌ လယ်သမားကြီး ဦးသောင်းပိုင် လယ်မြေခြံအတွင်းသို့ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ ၀င်ရောက် တိုင်စိုက်သဖြင့် လယ်သမားများနှင့် လယ်သမားအစည်းရုံး အဖွဲ့ဝင်များဖြင့် စကားများကြပါသည်။
 ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး နှင့် ရွှေပြည်သာမြို့နယ်မှူးတို့အား ဖုန်းဖြင့် အကြောင်းကြားပြီး ဆူပူမှုမဖြစ်အောင် ထိန်းသိမ်းကြရန်နှင့် လယ်သမား အစည်းရုံး တွဲဖက် အတွင်းရေးမှူး ဦးကြည်တိုး တို့အဖွဲ့ ၀င်ရောက်ဖြေရှင်း ဟန့်တားပေးပါသဖြင့် ဆူပူမှုမဖြစ်ခဲ့ပါ။
ထိုအကြောင်းအရာကို  ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို မှ သိရှိနိုင်ပါရန်နှင့် ရဲချုပ် ပါ သိရှိနိုင်ပါရန် ပြည်သူတစ်ဦးအနေဖြင့် တင်ပြအပ်ပါသည်။

နိုဝင်ဘာလ ( ၃၀ ) ရက် တနင်္ဂနွေနေ့နံနက် ၉ နာရီခန့်တွင်လည်း ကား ၂ စီးဖြင့် ရွှေပြည်သာမြို့နယ် စခန်းမှူး ဦးဌေးအောင် အား အရပ်ဝတ်ဖြင့် ကားပေါ် လုံခြုေ
ရးခေါ်ယူပြီး ဦးသောင်း လယ်မြေအနီးရပ်ထားစဉ် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး မှ ရွှေပြည်သာမြို့နယ် သတင်းတပ်ဖွဲ့

နှင့် သက်ဆိုင်ရာတာဝန်ရှိသူ များအား ပြဿနာမဖြစ်ရအောင် ကြိုတင်တားစီး ဖြေရှင်းကြရန်တိုက်တွန်းပါသဖြင့်

SB တာဝန်မှူးမှ လာရောက်သတင်းယူ ဖြေရှင်းပေးသဖြင့် ပြီးစီးသွားပါသည်။ 
 ရွှေပြည်သာမြို့နယ် စခန်းမှူး မှ

လုံခြုံရေးပေးပြီး လယ်မြေသိမ်းသလိုဖြစ်နေကြောင်း မြို့နယ်မှူးသို့ကြိုတင် တိုင်ကြားပါသော်လည်း ထူးခြားမှု

မရှိဘဲ လယ်သမား အလုပ်သမားများအား ခြိမ်းခြောက်သွားပါသည်။


သို့ပါ၍ သမ္မတကြီး ဦးသိန်းစိန် နှင့် ၀န်ကြီးများ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ မှ သိရှိနိုင်ပါရန် နှင့် နင်းပြားခံ လယ်သမားများဘ၀ နစ်နာနေမှုအပေါ် အမှန်တရားဘက်မှ ရပ်တည် ဖေးမ ကူညီပေးကြပါရန် တာဝန်သိ ပြည်သူတစ်ဦး အနေဖြင့် တင်ပြအပ်ပါသည်။


https://www.facebook.com/mgmg.tin.9
 

No comments:

Post a Comment