ဝန်ကြီး ဦးရဲထွတ် က သူရဲ့ page ပေါ်မှာ သည်လိုလေး တင်ပြထားပါတယ်။ ဓါတ်ရှင်မင်းသား ၀င်းဦးပြောတဲ့စကားပါ။
ဆရာအတ္တကျော်ရဲ့
  စာတစ်ပုဒ်က ကောက်နှုတ်ချက်လေးပါ။  Facebook ပေါ်မှာ့  မှတ်ချက်ရေးနေသူများ၊
  စာမျက်နှာတွေပေါ်ကနေ ဝေဖန်ရေးသားနေသူများ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ 
 စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ဒါရိုက်တာ ၀င်းဦးက ပြောဖူးတယ်။
“တစ်ဦးတစ်ယောက်ကို
 သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ်  ဆုံးဖြတ်ချက်ချတတ်တာဟာ 
လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို  မိမိရဲ့စွပ်စွဲမှုကြောင့် 
ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့  အမြင်မှန်ရလာတဲ့အခါမှာလည်း 
မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့  သေကြရတယ်”တဲ့။
ရှင်လျက်နဲ့သေနေသူ
ရှင်လျက်နဲ့
 သေနေတဲ့သူက ဘယ်သူလဲ။ နိုင်ငံတော်အကျိုးစီးပွားမပါပဲ ၀န်ကြီးနာမည်ခံ 
ထမင်းစားရရုံ လုပ်နေတဲ့သူ က ရှင်လျက်နဲ့သေနေတာဗျ။ ပြည်သူ့ အကျိုးစီးပွားကို
 မစဉ်းစားနိုင်ပဲ လွှတ်တော်ကိုယ်စားလှယ် ဘ၀နဲ့ လွှတ်တော်ပေါ် အိပ်ပျော်နေသူက 
ရှင်လျက်နဲ့သေနေတာ ခင်ဗျ။ ရာထူး တစ်ခုခု ကို ယူထားပြီး အထက်က 
အမိန့်မပေးသေးလို့ပါ ဆိုပြီး ကိုယ့်အကျိုးမရှိရင် ဘာမှ မလုပ်တဲ့ သူက 
ရှင်လျှက်နဲ့ သေနေတာခင်ဗျ။
အကြောင်းအမျိုးမျိုးပြပြီ 
ကိုယ်အာဏာတည်မြဲရေးကို လုပ်နေသူက ရှင်လျက်နဲ့ သေနေတာဗျ။ပြည်သူ့ 
အကျိုးစီးပွားကို ဘာမှ ရွက်ဆောင်ခြင်းမရှိပဲ ဖြစ်လာတဲ့အရေးကိစ္စတွေ ကို 
စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့  စာတိုစာရှည်ရေးပြီး အချိန်ကုန်ခံနေသူတွေ က 
ရှင်လျက်နဲ့သေနေတာဗျ။ပြည်သူ့ရှေ့က မားမားရပ်ပြီး ပြည်သူလိုလားချက်ကို 
တင်ပြနေသူကို ပုဒ်မ ၁၈ တပ် အကြောင်းရှာဖမ်း တဲ့သူ စီရင်ချက်ချတဲ့သူ က 
ရှင်လျက်နဲ့ သေနေတာဗျ။ ငတ်နေတဲ့ပြည်သူကို ထမင်းဝအောင် လဲနေသူကို 
ထူပေးရမဲ့အစား ဘာကြောင့်ငတ်နေတာလဲ အကြောင်းရှာ ဘာကြောင့်လဲနေတာလဲ စုံစမ်း 
ဘာမှမလုပ်ပေးပဲနဲ့ လုပ်ပေးတော့မယောင် အာပေါ်င်အာရင်းသန် ပြောနေသူက 
ရှင်လျှက်နဲ့ သေနေတာဗျ။
ကိုယ်ဘာကောင်လဲ လို့ မသိတာ 
ကိုယ်တာဝန်က ဘာလဲလို့မသိတာ ရှင်လျက်နဲ့ သေနေတာဗျ။ ရှေ့ ကို တစ်လှမ်းမှ 
မတက်ရသေးပဲ နောက်ကြောင်းပြန်လှည့်မယ်လို့ ပြည်သူကိုချိန်းခြောက် 
အကြပ်ကိုင်ဖို့ စဉ်စားနေတဲ့ အတွေးကို တွေးနေတဲ အာဏာပိုင်များက 
ရှင်လျက်နဲ့သေနေတာ ဗျ၊
ဝန်ကြီးဖြစ်နေရုံမှအပ  အထက်က မခိုင်းပဲ 
ပြည်သူအကျိုးရှိစေမဲ့ တစ်စုံတရာ  တစ်ခုမှ  မလုပ်ဖူးဘူးဆိုရင် 
ရှင်လျက်နဲ့သေနေတာခင်ဗျ။  ရူခင်းလေးက သာယာလို့  ဓါတ်ပုံရိုက်ပြီး 
ဖေ့ဘုတ်တင်တတ်ရုံ  ၊ လမ်းဘေးလက်ဖက်ရည်ဆိုင် ထိုင်တာကို ပြည်သူနဲ့ 
တသားတည်းနေတယ် အထင်ရောက်ပြီး ဖေ့ဘုတ်တင် တတ်ရုံ လုပ်တာ ရှင်လျက်နဲ့ 
သေနေတာခင်ဗျ၊ ထမင်းငတ်လို့ စစ်ထဲဝင် အထက်အရာရှိကို ဖားတတ်ရုံနဲ နေရာရ 
အဲသည့်တော့မှ တိုင်းပြည်ချစ်ပြနေတာ ရှင်လျက်နဲ့ သေနေတာခင်ဗျ။
အဂတိလိုက်စားမူ ပပျောက်ရေးအတွက် ပိုင်ဆိုင်ပစ္စည်း တင်ပြရေးအဆိုကို လွှတ်တော်တွင်းမှာ ကန့်ကွက်ခဲ့တဲသူတွေက ရှင်လျက်နဲ့သေနေတာ ခင်ဗျ။ 
လတ်တစ်လော သတင်း
 ရခိုင်ပြည်နယ်
 ပဋိပက္ခ  ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ
 OIC ကို ဖိတ်ခေါ်ခဲ့တာပါ ဟု ဦးရဲထွဋ်က ဆိုသည်။  
 OIC
 အနေဖြင့်  မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြားဝင် ဖျန်ဖြေပေးရန် 
မလိုအပ်ဟုပြောခဲ့ဖူးပြီး  မိမိပြောစကားကို မေ့လျော့ကာ နောက်တစ်ကြိမ် 
တစ်မျိုး ပြောတတ်သူဟာ ရှင်လျက်နဲ့သေနေတာခင်ဗျ ။
ခူးခပ်ကျွေးနိုင်သူ ခပ်တည်တည်နဲ့ ခိုင်မာတဲ့ ခိုးခွင့်တွေ ပေးတဲ့ သူ၊
 ခေါ်ရင်လာ ခိုင်းတာလုပ်၊ ခံမပြော  တတ်သူ 
ခိုးရသမျှ ခိုး၊ ခုတ်လို့ ရတဲ့လူ ခုတ်၊
ခွါလို့ ရသမျှ ခွါ တတ်တဲ့သူ
ခမ်းနေတဲ့လူကို ရှောင်၊
ခိုက်တတ်တဲ့ ခံယူချက်တွေ ကို ခွတ် တတ်တဲ့သူ
ခုန် လို့ ရသမျှ ခုန် ခံစရာရှိလာရင် ခါချ၊
ခုံးချော တာမျိုးကို ခန့်ခန့်ထည်ထည် လုပ် တတ်တဲ့သူ ။
ခတ်ကွင်းကို ကိုင်  ခိုင်မယ့်ဘက်ခပ်တည်တည်နဲ့  ခုန်နိုင်အောင် ခင်းထားတတ်သူ
ခွေးတကောင်လို မျက်စိမှိတ်ပြီး နောက်လိုက်သံယောဇဉ်ထား....
ခိုင်းဖတ် အဖြစ်  ခိုင်းတာလုပ်ဖို့ ပြင် တတ်သူ
ခ
 တွေ အများကြီး နဲ့ မင်း ခ ယောင်္ကျား မိန်းမ တွေက ရှင်လျက်နဲ့သေနေတာခင်ဗျ ( 
မှတ်ချက်)  ခစာတမ်းကို ဗိုလ်ကြီးနေမျိုးဇင် PAGE  က ခပ်တည်တည် ခိုးယူသည်။
ကောင်းတာလုပ်ခြင်းကို 
 ချီးမွမ်းခြင်းမရှိပဲ ဥပဒေနဲ့  မညီပဲ လစာလျော့ ယူမိသူများ 
အရေးယူခံရတော့မည် ဟု ခြိမ်းခြောက် တတ်သူက ရှင်လျက်နဲ့ သေနေတာ ဗျ။
ကိုဧည့်သည်
No comments:
Post a Comment