Thursday, July 18, 2013

ှStop the different ways of misdeed!




ရပ်ကြလော့ ၊ ခိုးစားခြင်းမှရပ်ကြလော့ ၊ လုစားခြင်းမှ ရပ်ကြလော့၊ လိမ်ညာခြင်းမှ ရပ်ကြလော့၊ အဂတိလိုက်စားခြင်းမှ ရပ်ကြလော့ ၊ အာဏာအလွဲသုံးစားပြုခြင်းမှ ရပ်ကြလော့၊ သူတစ်ပါးပိုင်လယ်မြေကို အတင်းဝင်လုခြင်းမှ ရပ်ကြလော့၊ သယံဇာတများ မတရားယူငင် သုံးစွဲခြင်းမှ ရပ်ကြလော့၊
စည်းမဲ့ကမ်းမဲ နေထိုင်ခြင်းမှ ရပ်ကြလော့၊ အာဏာသိမ်းခြင်းအမူကို ရပ်ကြလော့၊ တရားဥပဒေ စိုးမိုးခြင်းကို ဖီလာဆန့်ကျင်တဲ့ ကိစ္စမှန်သမျှ ရပ်ကြလော့။ တရုပ်အားကိုး ပုဆိန်ရိုးလုပ်ခြင်းမှ ရပ်ကြလော့၊ ဘင်္ဂါလီ ကုလားများကိုပြည်တွင်း သို့ သွင်းခြင်းမှ ရပ်ကြလော့၊ ကြွားဝါခြင်း မှ ရပ်ကြလော့၊ကိုယ့် လူမျိုးအချင်းချင်း နှိပ်စက်ခြင်းမှ ရပ်ကြလော့။တိုင်းရင်းသားများကို ဖိနှိပ်ခြင်းမှရပ်ကြလော့၊ပြည်တွင်းစစ်မီး ကို ရပ်ကြလော့၊ သမိုင်းဖျောက်ဖျက်ခြင်းကို ရပ်ကြလော့၊ လက်ဝါးကြီးအုပ်ခြင်းကို ရပ်ကြလော့၊ အာဇာနည်နေ့ကိုရှောင်ပြေး ခရီးဝေးသွားခြင်းမှ ရပ်ကြလော့၊ စားဖားတစ်စု ညီညွတ်နေခြင်းမှ ရပ်ကြလော့၊ အထက်အောက်ဖော်လံဖား လုပ်စားခြင်းမှ ရပ်ကြလော့၊ တပည့်မွေး ဆရာမွေး မကောင်းမူအားပေးခြင်းမှ ရပ်ကြလော့။

၆၆ ကြိမ်မြောက် အာဇာနည်နေ့ အမှတ်တရ 
ကိုဧည့်သည်, 

No comments:

Post a Comment