ပြည်ထောင်စု မြန်မာ နိုင်ငံတော် တွင် အမှန်တကယ် တရားဥပဒေ စိုးမိုးမူရှိပါ၏လော။ အမှန်တကယ် မရှိသေးပါ ဟု ရိုးသားစွာဖြေရပါမည်။ အောက်ပါဖြစ်ရပ် က တရားဥပဒေ စိုးမိုးခြင်း အမှန်တကယ် မရှိသေးကြောင်း ထင်ဟပ်နေပါသည်။ တရားဥပဒေ စိုးမိုးရန် သမတ ကြီးနှင့် တကွ  ဒေါ်အောင်ဆန်းစုကြည်တို့ အပတ်တကုတ် ကြိုးစာနေကြသည်။
 သို့သော် တောင်ဒဂုံမြို့နယ် စည်ပင်သာယာရေးရုံးတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန် က တရားဥပဒေ စိုးမိုးမူ မရှိသေးကြောင်း သက်သေခံနေပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက် အမှတ် ၁၄၉၃ ပြည်ထောင်စုလမ်း (၂၄)ရပ်ကွက် တက် လူ စက်ဆီချောဆီရောင်းဝယ်ရေး အဆောက်အဦ ကို ခွင့်ပြုချက်မဲ့ တိုးချဲ့ ဆောက်လုပ်နေသည်။ လွန်ခဲ့သော လေးငါးနှစ်ခန့်က လည်း ယခုကဲ့သို့ ခွင်ပြုချက်မဲ့ အဆောက်အဦကို ခြံစည်းရိုးပေါ်တွင် ဆောက်လုပ်ခဲ့ဖူးလေသည်။ ထိုစဉ်အခါက လည်း အရေးယူခြင်းခံခဲ ရသည် မရှိခဲ့။  စားနေကြကြောင်းဖား တို့ အရိုးရင့်လေပြီ။
ပထမအကြိမ်စစ်ဆေးရန်လာသော စည်ပင်သာယာ စစ်ဆေးရေးအဖွဲ့ ကို ခြံစည်းရိုး ဟုပြောသည်။
 နောက်တစ်ရက် အဆောက်အဦဖြစ်နေသည်။ 
နယ်နမိတ်မျဉ်းပေါ် သို့ ခြံစည်းရိုးပေါ် တွင် အဆောက်အဦဆောက်သည့် ကို 
စည်ပင်သာယာရုံးမှတာဝန်ရှိသူများ ရောက်လာ ကာ တားမြစ်သော် လည်း
မထီမဲ့ မြင်ပြုကာ ဆက်လက် ဆောက်လုပ်နေသည်။  မည်သို့ပင် တားမြစ်ပါသော်လည်း တရားဥပဒေမဲ လုပ်ကိုင် ဆောင်ရွက်နေသော လူတန်းစားများ ရှိနေသည်။ တရားဥပဒေကို သူတိုက ငွေဖြင့် ပေါက် ကာ အနိုင်ယူကြသည်။ သူတို့ ချမ်းသာ သော ပိုင်ဆိုင်မူများဖြင့် ဥပဒေ ပြင်ပ စီးပွားရှာ ကြသည်။ အရာ ရှိ အရာခံများကို ငွေဖြင့် လာဘ် ထိုးစေလျက် လုပ်ပိုင်ခွင့်များ ၀ယ်ယူကြသည်။  ငွေများတရားနိုင်ဆိုသော် ဆောင်ပုဒ်ကို လက်ကိုင်ထားသူများလည်းဖြစ်ကြသည်။ ထိုကဲ့သို့ လူတန်းစားများ က ယခင်ကလည်းရှိခဲ့သည် ။ ယခု အစိုးလက်ထက်တွင်လည်း ရှိနေကြသည်။
တရားဥပဒေစိုးမိုးမူ မရှိသော နိုင်ငံ သည် အဘယ် မှာ လျှင် တရားမျှတမူ ရှိပါမည်နည်း။ 
သတင်းရင်းမြစ်
ဇော်မင်းထွန်း 
ဖုန်း ၀၉၇၃၁၈၂၁၉၉
       ၀၉၄၃၀၉၃၅၉၁
ဝေလင်းအောင် 
No comments:
Post a Comment