Saturday, July 27, 2013

ကြွေလွင့်ခဲ့ရသော ကြယ်များ ၈၈၈၈ အမှတ်တရ

ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း: ကြယ်တွေ ကြွေနေတဲ့ တိုင်းပြ ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည် ရေးသူ - ခင်ငြိမ်းသစ် ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီ...

Sunday, July 21, 2013

ပြောင်းလဲတတ်သော သဘောနှင့် မပြောင်းလဲသော ပရမတ္တသစ္စာ

ပရမတ္တ

အတု အစစ်
နု ရင့်
အသစ် အဟောင်း
ခေတ် ပြောင်း

နိုင်ငံတော်တည်ဆောက်ရေး


နိုင်ငံတော်တည်ဆောက်ရေး

သြဇာရှိတဲ့ NGOတွေ Institutions တွေအားကောင်းမောင်းသန် ဖြစ်လာအောင်ကြိုးစားရပါမယ်။ အဲဒီ အင်စတီကျူရှင်းတွေအားကောင်းလာရင် Third Party တွေဖြစ်လာမှာပါပဲ။ လူထု ကို လွှမ်းမိုးနိုင်တဲ့ လူထုရဲ့အကျိုးကိုဆောင်တဲ့ Institutions တွေရဲ့အားကို မဲအနိုင်ရဖို့လိုတဲ့ ပါတီတွေကအားကိုးရမှာပါ။

Saturday, July 20, 2013

ဝဲယားလို့ဟောင်

" ထန်းပင်ရိပ် "
ထန်းရွက်သံ ပတ္တလားနဲ့

ထန်းရည်ခါး သောက်ရအောင်
ဝါးခေါက်ကြ မောင် ။

ထန်းသမား အသားချောင်
မြှောင်ပြီကွယ့် ခါးတောင်း ။

ရှဉ့် ငှက် ကျင်လည်စွာသို့
တပင်ခွာ တပင်တက်
လျှပ်လက်သို့ လည်းကောင်း ။

ငှက်ခါးတောင် စိမ်းမြမြနဲ့
ပင်ကျရည် ခေါင်းပေါင်းဖြူ ။

ပဲကြီးလှော် တကတော့နဲ့
မော့စို့ အတူ ။

ယူခဲ့ပော့ တမြူ နှစ်မြူ
မွှေးကြူလို့သင်း ။

ထန်းရိပ်ညို တနေခိုလို့
ဘ၀ကို မေ့ပျော်ကြူး
မူးစို့ သူငယ်ချင်း ။

ထန်းလျက်ချို ဖိုနံဘေးက
ခွေးကလေး ညိုပြာရောင်
ဝဲယားလို့ ပောာင် ။

တို့တတွေ ထန်းရည်မူးကို
ချီးကျူးတဲ့ တေးသံယောင်
အမောင်ငဲ့ ကြားပါစ ။

မျက်မှေး ရီတီတီနဲ့
နေနီနီ အစွယ်ကျိုး
မိုးချုပ်ပြီလော့ ။

ထန်းတောပြန် သေသောက်ကြူး
အမူးက မပြေ့တပြေ
နတ်ဝင်သည်တွေ ။

ယစ်ရွှေရည် သူရာနှိုးလို့
ပုဆိုးစ ခါးပုံရှည်
ခုနှစ်ထွေ အက ။

တေးချင်း အသံကျယ်ကြောင့်
တဲပျက်ငယ် အ၀င်ဝက
ဆီးကြိုကာ တွဲပါရ
မယ်မင်းကြီးမ ။

တင်မိုး
၂၇ . ၇ .၁၉၆၀

" ထန်းပင်ရိပ် "
ထန်းရွက်သံ ပတ္တလားနဲ့

ထန်းရည်ခါး သောက်ရအောင်
ဝါးခေါက်ကြ မောင် ။

Thursday, July 18, 2013

ှStop the different ways of misdeed!




ရပ်ကြလော့ ၊ ခိုးစားခြင်းမှရပ်ကြလော့ ၊ လုစားခြင်းမှ ရပ်ကြလော့၊ လိမ်ညာခြင်းမှ ရပ်ကြလော့၊ အဂတိလိုက်စားခြင်းမှ ရပ်ကြလော့ ၊ အာဏာအလွဲသုံးစားပြုခြင်းမှ ရပ်ကြလော့၊ သူတစ်ပါးပိုင်လယ်မြေကို အတင်းဝင်လုခြင်းမှ ရပ်ကြလော့၊ သယံဇာတများ မတရားယူငင် သုံးစွဲခြင်းမှ ရပ်ကြလော့၊

Wednesday, July 10, 2013

ထားရာမှာနေ စေရာသွား

(ထားရာမှာနေ------ စေရာသွား---- နွားနဲ့မခြားပေ------နွံနစ်တဲ့ ကျွန်အဖြစ် မှလေ------လွတ်မြောက်ရာလမ်းစ ----မှန်းဆ သူရှာဖွေ) ။
အော် (ထားရာမှာနေ------ စေရာသွား---- နွားနဲ့မခြားပေ------နွံနစ်တဲ့ ကျွန်အဖြစ် မှလေ------လွတ်မြောက်ရာလမ်းစ ----မှန်းဆ သူရှာဖွေ)၂ ။

ကို အောင်ဆန်း--- ဦးအောင်ဆန်း-- အောင်ဆန်းတဲ့ဟေ ။) -----( ပွင့်လန်းလာခဲ့ နာမည်ပေ )--

---မဟုတ်ရင်မခံ -----မှန်ရာကိုလုပ်တယ်လို့ ------ဂုဏ်ပုဒ် ၀ိသေသထူးတွေ-----

မငိုနဲ့ နော်

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

အလေးပြုပါတယ်လေ

(နှစ်လ နာရီ -------ခါရာသီရွေ့ပေမဲ့ -----အာဇာနည်နေ့ ကိုဖြင့် မမေ့ သင့်ပါသလေ။ ယနေ့ဖြင့် သတိတရားထားဖို့အခြေ------ အများပြည်သူတွေ -------အများ ပြည်သူတွေ -------အာဇာနည်နေ့ကို လေ------  တွေးရူကာပဲ --------အလေးပြုပါမယ်လေ။)၂
------စနစ်အခြေ ပြောင်းပေခဲ့ပေမဲ့ အဖြစ်ဟောင်း များကတော့ ဖြေသော်မပြေ ----လွမ်းမျက်ရည်----- မြေခပြီမို့ ဆွေးတသတ---- တွေဆ မရွှင်ပေ------ ရွှေရင် ဆို့ကဲ  ကြေ ကွဲဝမ်းနည်းရပုံတွေ ယနေထက်တိုင်အခြေ မမေ့တဲ့နိုင်ပါပေ (အာဇာနည်ခေါင်းဆောင်တွေ ကောင်းရာသုဂတိ ရောက်ရှိကြပါစေ-)၂--
--တေးကဗျာအနုစာခွေ --ရေးကာအလေးပြု -----အလေးပြု ပါတယ်လေ)၂

မမေ့သင့်ပါသလေ

(မှတ်မိသေးတော့သလေ------------
သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ------ ဒို့ဗိုလ်ချုပ်အောင်ဆန်းလေ )၂  ------ (ရာဇ၀င်သမိုင်းတစ်ခေတ် ဆန်းသစ်လာပေ   ) ၂ ------ --- ဒို့ပြေ ဒိုမြေ --------တို့ရဲ့ အခြေတွေ -----တည်ဆောက်ခဲ့ရပေ------ နားမျက်စိတွေ------- ဖွင့်လှစ်ခဲ့ပေ ---လွတ်-လပ်-တဲ့ ထွဋ်မြတ် စံဌာနေ-----
ကမ္ဘာ  ------------တစ်ဝှန်း----------------မလေ ----
---မြန်မာတွေ ---တစ်စခန်း လျှမ်းနိုင်ခဲ့ပေ-------- ဗိုလ်ချုပ်အောင်ဆန်း -----မဆုတ်တမ်း -------သူလမ်းညွှန်တာတွေ-----
ကမ္ဘာတည်သရွှေ့ ----------အာဇာနည်နေ့ကိုဖြင့် ------------မမေ့သင့်ပါသလေ-----ယနေ့ဖြင့်--မြန်မာတွေ ---အော် - -- မမေ့သင့်ပါသလေ---- မြန်မာသားကောင်း--ဇာနည်ဆွေ --ဗိုလ်ချုပ်အောင်ဆန်းလို့ ထွန်းပေါက်ကြပါစေ------- အောင်သပြေ----ညောင်ရေ သွန်းလောင်းပဏ္ဍာခြွေ။ )

 မေလှမြိုင်

Tuesday, July 2, 2013

မော်ဒန်ယုန်နဲ့ ခေတ်သစ်လိပ်


`ယုန်နှင့်လိပ်´

မျိုးဆက်များစွာအထိအခဲမကျေသေးတဲ့ ယုန်တွေက လိပ်တွေကို ထပ်ပြီး စိန်ခေါ်လိုက်ပါတယ်။
လိပ်တွေကလည်း မကောင်းတတ်လို့လက်ခံရတဲ့အထာနဲ့ပေါ့လေ ။
`အင်းအင်း မင်းတို့အဲလောက်ဆန္ဒရှိနေလည်း ပြိုင်ပေါ့´

ဒါနဲ့ယုန်တွေက သေချာလူရွေးပါတယ်။ ဟိုးတုန်းက အအိပ်မက်လို့ ရှုံးခဲ့ပြီးမဟုတ်လား။
ဒီတစ်ခါတော့ ကျန်းမာသန်စွမ်းပြီး တက်ကြွသွက်လက်တဲ့ ယုန်ပျိုလေးကိုရွေးပြီး သေချာပြင်ဆင်ကြတယ်။
ဒါနဲ့ သတ်မှတ်ထားတဲ့ အချိန်လည်းစေ့ရော---ပြိုင်ပွဲစပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့််ခွန်း

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင် တန်းကျောင်း ဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြော ကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်း သ တိ ရမိ သည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)

မတရားအနိုင်ကျင့်နေပါတယ် ။ ကူညီပေးပါ

သို့

ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
နိုင်ငံတော် သမ္မတရုံး
နေပြည်တော်

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေး ဦးစီးချုပ်ရုံး
နေပြည်တော်

Saturday, June 29, 2013

မိုးကောင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒ

ချိုပေါက်သည့်နွား၊ စွယ်သွားချွန်ထက်
တောဝက်အသွင်၊ မြင်မြင်ရာရာ
ဝှေ့ကိုက်ပါက၊ မုန်းတတ်ကြ၏။
( လက်ဝဲစွန်းကို ရည်ရွယ်သည်။)

ခြေသုတ်ပုဆိုး၊ မြွေစွယ်ကြိုးသို့
ငုပ်လျှိုးသူ့အောက်၊ မာနပျောက်၍
ရွံ့ကြောက်လန့်ထိတ်၊ သိုးငယ်စိတ်ဖြင့်
သိပ်သိပ်ပျော့ညံ့၊ မခန့်လောက်က
နင်းတတ်ကြ၏။
(လက်ျာစွန်းကို ရည်ရွယ်သည်။)

Friday, June 21, 2013

ခြုံလွှာပျောက်သူ

အပေါ်ရုံခြုံထည် ပျောက်ပျက်စီး
အနှစ်သူ့ချည်း  ခါးသီး
မျက်နှာဖုံးလောက သဘောကျစရာမရှိ
ငါကျောခိုင်းမိ
မှန်ထဲကလူသား မျက်နှာများ
လိမ်မိရက်သား
အားလုံးဆန့်ကျင် နာမည်ကျန်မယ်မထင်

သခင်မျိုးဟေ့ ဒို့ဗမာ

ဝါးကို ဖျက် ၀ါးပိုး
သစ်-ဖျက်  သစ်ပိုး
မှန်ကင်းအစစ် ထင်းဖြစ်
မာနတံခွန်မြင့်မား အချင်းချင်းကြွား
သခင်မျိုးဟေ့
ဒို့ဗမာ

နိုင်ငံရေး

 
နိုင်ငံရေး၊
သုံးပုံဖဲ၊
အမှောက် အလှန်၊
အမှား အမှန်၊
အနိမ့် အမြင့်၊
အသွင်သဏ္ဍန်နဲ့ အနှစ်သာရ၊
အနုသယ
ဘ၀ရူးနဲ့ ဘ၀င်ရူးတို့ဘဝ

Tuesday, June 18, 2013

သီးစားချ တဲ့ အစိုးရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဥပဒေမဲ့ သီးစားချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မင်္ဂလာဒုံက အငြင်းပွါးလယ်မြေတွေကို ဇေကမ္ဘာ ကုမ္ပဏီကို သီးစားချလိုက်တယ်လို့ ရွှေနံ့သာကျေး၇ွာ အုပ်ချုပ်ရေးမှူးက ရွှေနံ့သာရွာသားတွေကို ဒီကနေ့ခေါ်ပြောလာပါတယ် ။

အဲဒီကွင်းကို အစက စက်မှုဇုန် (၄) လို့ ပြောဆိုပြီး သိမ်းဆည်းတာဖြစ်ပေမဲ့ အခုကျတော့
စက်မှုဇုန်မဟုတ်ဘဲ လယ်မြေအတိုင်းဖြစ်နေပါတယ် ။ နိုင်ငံတော်က စက်မှုဇုန်လုပ်ဖို့ခွင့်မပြုပါဘူး ။

Saturday, June 15, 2013

အမှားနောက်လိုက်မှာ စိုး သည်ထက် အမျိုးပျောက် မှာ စိုး ပါသည် နှင့် အနတ္တ သမားများ

  • ကျွန်ုပ်သည် ဗုဒ္ဓ ဘာသာစစ်စစ်တယောက်ဖြစ်သည်။ ကျွန်ုပ် မနေနိုင်သော မေးခွန်းတစ်ခု နှစ်ခုလောက်တင်ပြချင်သည် ဆွေးနွေးရုံသက်သက်ပါ။
    ၁။ ဗုဒ္ဓ ဝါဒသည် အနတ္တ ဝါဒ သက်သက်ဖြစ်သည်။ အဘယ်ကြောင့် ဘာသာဦးဆောင် သံဃာတချို့ အတ္တသို့ တွန်းရွေ့နေသနည်း။
    ၂။ ဘာသာ ဦးဆောင်သူသည် ဘာသာရေး ရှင်သန်မှုအတွက် မေတ္တ အခြေခံသော တရား၌ပျော်မွေ့ နိုင်ပါရက် အဘယ်ကြောင့် အိမ်ထောင်သားမွေး ဥပဒေ စပ်စုသနည်း။
    ကျွန်ုပ်မနေနိုင်လို့ဆွေးနွေးမိသည်။ မှားသော ဦးဆောင်သူနောက်၌ အမှားနောက်လိုက် တို့၏ အန္တရယ်မှာ အလွန်စိုးရိမ်ရ၏။

Sunday, June 9, 2013

မေတ္တာထားပေးပါ ပြည်သူလူထုခင်ဗျာ

ပြည်သူလူထု သို့ ပန်ကြားချက်

ပြည်သူလူထုကြီးခင်ဗျာ

လူ့အခွင့်အရေးအတွက် ကာကွယ်စောင့်ရှောက်ရန် ကုလားတွေ မွေးချင်သလောက်မွေးခြင်းကို ကာကွယ်စောင့်ရှောက်ပေးကြပါ။ (သည်းခံပါခင်ဗျာ ကုလားဆိုပြီး သုံးနှုံးမိပါတယ်) (မိမစစ် ဖမစစ်လို့ ပြောရင်လည်းခံရမှာပါ)

ဘင်္ဂလားဒေ့နယ်ဖွား နွယ်ဖွားတိုင်းရင်းသားများ မွေးချင်သလောက်မွေးဖွားခွင့်ကို ခွင့်ပြုပေးလိုက်ပါ။ မေတ္တာတရားသည် အစွမ်းထက်ပါ၏။ ထိုကြောင့်  မေတ္တာပို့ကာ လည်လှီးခံမဲ့ရက်ကို စောင့်နေပါ မြန်မာတစ်မျိုးသားလုံးခင်ဗျာ၊