Friday, January 31, 2014
aungthapyae9: အဖိနှိပ်ခံတို့ အသံ: ဆိုင်ပုဒ် ကြီးစိုးသော နိုင်ငံ
aungthapyae9: အဖိနှိပ်ခံတို့ အသံ: ဆိုင်ပုဒ် ကြီးစိုးသော နိုင်ငံ: အဖိနှိပ်ခံတို့ အသံ: ဆိုင်ပုဒ် ကြီးစိုးသော နိုင်ငံ : ဘယ်သူပိုင်တာလဲ မသိပါ၊ သိရန်လဲ လိုမည်မထင်။ ကိုယ်မပိုင်တာ သေချာပါသည်။ တစ်ခါတစ်ရံတော့ ဘယ်သူ...
ဆိုင်ပုဒ် ကြီးစိုးသော နိုင်ငံ
ဘယ်သူပိုင်တာလဲ မသိပါ၊ သိရန်လဲ လိုမည်မထင်။ ကိုယ်မပိုင်တာ သေချာပါသည်။ တစ်ခါတစ်ရံတော့ ဘယ်သူပိုင်တာပါလိမ့်ဟု တွေးဆမိသည်။ သည်လိုအဖြစ်မျိုး မြန်မာပြည်တွင် ရှိနေကြသည်။
မြန်မာပြည်သူလူထုဆိုသည် မှာ လေနှင့်ဝမ်း မကွဲကြပေ။အဘယ်ကြောင့်များ လေနှင့်ဝမ်း မကွဲ ကြပါသနည်းဟု ကြံကြံဖန်ဖန်တွေးမိပြန်သည်။ သို့တည်း မဟုတ် အစိုးရလုပ်စားသူများကပဲ ဖင်နှင့် ခေါင်း မကွဲလေသလော။
စိုးရိမ်နေကြသည်။ လယ်သမားကလည်း သူပိုင်မြေကို လုခံရမှာ စိုးရိမ်နေသည်။ ကြက်ဆူ စိုက်ခင်းပိုင်ရှင်ကလည်း ရင်တထိပ်ထိပ်၊ ဓနိခြံပိုင်ရှင်မှာလဲ သောက ဗျာပါဒ ၀ိုင်းရံလျက်။ စခန်းမှူး ကြီး ကလည်း ဘယ်သူကို ကြောက်နေရသည်မသိ။ အစိုးရဖြစ်သူမှာလည်း သူများလုပ်သလို လိုက်လုပ်ရသည်။
ဘယ်သူတွေက ၀င်လုနေလည်းမသိချေ။ ပြည်သူလူထု ကို သတိပေးနေသလော။ ခရိုနီများကို သတိပေးနေသလော မသိနိုင် ။ အစိုးရ ကို သတိပေးနေသလော။ ၀န်းထမ်းများကို သတိပေးနေသလော။
အစိုးရလုပ်စားသူကလည်း ပြည်သူကို ကြောက်နေဟန်တူသည်။ ပြည်သူကလည်း အစိုးရ ဆိုသူကြီးကို လန့်နေသည်။ ငွေကြေးချမ်းသာသူများကလည်း သူပိုင်ပစ္စည်းများ အတွက် စိုးရိမ်နေကြသည်။
သေချာတာ တစ်ခုရှိပါသည်။ ကျနော် မလုပါဟု ကတိပေးနိုင်သည်။ ထိုထက်ပို၍ လည်း ဘာမှ မတတ်နိုင်ချေ။

Saturday, January 4, 2014
Myanmar CNN: သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့...
Myanmar CNN: သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့...: သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။ ...
Wednesday, January 1, 2014
မေ့နေဆဲပါ နှစ်သစ်ရာ
နှစ်သစ်ကို
အရက်သောက် ၍ ကြိုကြသည်။ ဘီယာသောက်၍ ကြိုကြသည်။ ကြိုက်လျှင် ကြိုက်သလောက်
သောက်နိုင်ပါသည်။ နှစ်သစ် ကို အကြောင်းပြ မူးရစ်သေစာ နှင့် ကြိုခြင်းကို
မကြိုက်လှပေ။ မကြိုက်သော်လည်းမတတ်နိုင်။
အရက်နှင့် ကြိုလျှင်ကား အရက်မူး သော နှစ်သစ်ပင် ရပါလိမ့်မည်။ ဦးလှမောင်ရွှေ
ဦးရဲ ထွဋ် တို့လို ပြည်သူ့ဝန်ထမ်များက လည်း မင်္ဂလာပါဟု ကြိုကြပြန်သည်။
မခိုးတော့ပါ မလုတော့ပါ အာဏာ ကို အလွဲသုံးခြင်းမပြုတော့ပါ၊ အဂတိ
လိုက်စားခြင်းရှောင်ကြဉ်ပါမည်ဟု နိုင်ငံတော် အကြီးအကဲများနှင့်
ဝန်ထမ်းများက ကြိုသင့်သည်။ ပြည်သူများကလည်း စည်းကမ်းလိုက်နာ ပါမည်ဟု
ကြိုသင့်သည်။ နေမြဲတိုင်း နေ ၊အရင်အတိုင်းလုပ်ချင်ရာဆက်လုပ်ပြီး ကြိုနေသူက
များပဲ များနိုင်လွန်းသည်။ နှစ်သစ်ကလည်း မည်သို့ပင်ကြိုကြို ကိစ္စ မရှိ။
မကောင်းသူထိပ် ကောင်းသူထိပ် ။ ၂၀၁၄ တွင်လည်း ယက်သဲ့ကြား ငါးတင် တင်သည့်ငါး
ကြောင်စားလိမ့် ဦးမည်။ ကိုယ်ထင်ရာ ကိုယ်လုပ်ကြဦးမည်။ ကိုယ်မကောင်းရင်
ကိုယ်ခံ။ ဘယ်သူမှ မကယ်နိုင်။ ကယ်မည့်သူ မရှိ ၊ တရားဥပဒေ စိုးမိုးရေး ဥက္ကဌ
ကြီးလည်း မကယ်နိုင်ချေ။ နိုင်ငံနှင့် တစ်ဝှန်း နှစ်သစ်ကို
ပုံစံအမျိုးမျိုးနှင့် ကြိုကြသည်။ တစ်ချို့ နှစ်ကူးသည်ကိုပင် မသိလိုက်ချေ၊
သိစရာလည်း မလို။ စားဝတ်နေရေး ဒုက္ခ ထဲတွင် တ၀ဲဝဲလည်နေသည်။ တစ်ချို့ကား
ခရစ်နှစ်ကူးတော့လည်းသောက်သည်။ မြန်မာနှစ်ကူတော့လည်း ပါ၏။ ကရင်နှစ်ကူး
ပြန်တော့ ၀င် ရောက်ဆင်နွဲ၊ တရုပ်နှစ်ကူးလား မေးရန်မလို ထိပ်ဆုံးက၊ ကုလား
အစ် ပြန်တော အဘာဘာ ဘားဘား၊ ကထိန်လည်းအလွတ်မပေး၊ ဒေပါဝလီ ဆိုတော့ မနေသာ။
သောက်မြဲ၊ ခိုးမြဲ၊ လိမ်မြဲ၊ အဂတိလိုက်စားမြဲ၊ အလေးခိုးမြဲ၊ အရည်သွေးညံ့
ပစ္စည်းရောမြဲ၊ ချောက်စား ဟောက်စားပြုမြဲ၊ ခရိုနီ ၀ါ ပြာများကလည်း လယ်ယာမြေ
များ ပြန်မပေးရရေးကြိုးစားမြဲ၊ တရုပ်ကလည်း မြစ်ဆုံ ကို အချောင်ရရေး
စဉ်းစားမြဲ။ ဘယ်လိုကြိုလျှင် မည်သို့ ကြိုလျှင် မင်္ဂလာရှိသော
နှစ်သစ်ဖြစ်မည်ကို မသိမဟုတ် သိကြပါသည်။ သို့သော် မေ့ချင်ဟန်ဆောင်နေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ သည့် ခင်ဗျားတို့ ရဲ စောက်ကျင့်တွေ
အကျင့်ဆိုးတွေ ပြင်ဖို့ သည်နေရာက ပြောလိုက်ချင်ပါတယ်ဆိုတာ ကိုတော့
မေ့ကောင်းကောင်းနှင့် မေ့နေဆဲ။
ကိုဧည့်သည်
Subscribe to:
Posts (Atom)