Tuesday, December 31, 2013
Myanmar CNN: ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရ...
Myanmar CNN: ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရ...: ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာတော့ အကယ်ဒမီဆုရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတေ...
Friday, December 13, 2013
သိမ်းယူထားသော မြေယာများကို တောင်သူများလက်သို့ ပြန်လည်လွှဲအပ်ပေးခြင်း
Wednesday, December 11, 2013
လယ်မြေများ မတရားတိုင်းတာလုယူခြင်း(ညောင်တုန်းမြိုနယ်)(တရားဥပဒေ စိုးမိုးခြင်းမရှိသော နိုင်ငံ(၂)
ကျွန်တော်နာမည်
ဦး မောင်မောင်တာပါ၊ ကျွန်းဦးကျေးရွာအုပ်စု၊ ညောင်တုန်းမြို့နယ်
တွင်နေထိုင်ပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉၃၃၃၇၇၈၃၄ ဖြစ်ပါတယ်။ ၁၀.၁၂.
၂၀၁၃ ရက်နေ(မနေ့က)က ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မင်း (ဖုန်း
၀၉ ၈၅၄၀၆၆၇) က ကျနော့် ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
တွေဆုံတဲ့နေရာက ညောင်တုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ဖြစ်ပါတယ်။ အကြောင်းအရာ က ၀န်ကြီးချုပ် ဦးသိန်းအောင်( ဧရာဝတီတိုင်းဝန်ကြီးချုပ်) ၏ တိုက်ရိုက်ညွှန်ကြားချက်တစ်ခုကို ရှင်းလင်းရန်ဟု ဆိုကာ လိမ်ညာ ဖိတ်ခေါ်ပါသည်။
အမှန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကရေးသားထားသောစာကို ပြပါသည်။ထိုစာမှာ (တိုင်းဦးစီးရုံးနှင့်ခရိုင်ဦးစီးရုံးတို့မှ ဆုံးဖြတ်ပြီးသော အမှုကိစ္စများ ကို နှစ်စဉ်တိုင်ကြားသည့်အတွက် မိမိအား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် သိရှိပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးခိုင်းပါသည်။ မိမိ ကလက်မှတ်မထိုးခဲ့ပါ။
အဆိုပါတွေ့ဆုံပွဲတွင် လယ်ယာစီမံခန့်ခွဲရေး(ညောင်တုန်းမြိုနယ်) ဗိုလ်ကြီးခင်မင်း ။ မြေစာရင်းဦးစီးမှုး ဗိုလ်ကြီးသောင်းမြင့်( ဖုန်း ၀၉၈၅၄၀၆၂၁)၊ စိုက်ပျိုးရေးမန်နေဂျာ နှင့်အမည်မသိ ဦးစီးဌာနမှ ပုဂ္ဂိုလ်များပါဝင်ကြပါသည်။အစည်းအဝေလုပ်သလို တွေ့ဆုံဆွေးနွေးပွဲလုပ်သလို ဖြစ်ပါသည်။ ပြောကြားချက်များကို
လည်းမှတ်တမ်းရေးခြင်းမရှိပါ။
မိမိမှ မြိုနယ် အုပ်ချုပ်ရေးဌာနအဆင့်ဆင့် အဂတိလိုက်စားများကြောင့် မြေယာတိုင်းတာလုယက် မှုရှိသည်ကို ဖော်ထုတ်ပေးရန် တင်ပြခြင်းသာဖြစ်ကြောင်းရှင်လင်းပြပါသည်။ အထောက်အထားခိုင်လုံစွာ ရှင်းပြသောအခါ အမည်အသိ ပုဂ္ဂိုလ်များက အရင်လူတွေ လုပ်ခဲ့တဲ့ ကိစ္စမျာသာဖြစ်ကြောင်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းပြောဆိုကာ တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးအောင်မစောင့်ပဲ ထွက်ခွာ သွားခဲ့ကြပါသည်။
နောက်ဆုံးတွင် ကျနော်နှင့် ဗိုလ်ကြီးခင်မင်း သာကျန်ရှိခဲ့ပါသည်။ ဗိုလ်ကြီးခင်မင်းက ဒီကိစ္စ က ၀န်ကြီးချုပ်လုပ်တဲ့ကိစ္စသာဖြစ်သည် ၀န်ကြီးချုပ်နဲ့ပဲ ရှင်းဟုပြောဆိုပါသည်။
ယခု ကျနော်တင်ပြရခြင်းမှာ မြိုနယ်အဆင့်ဆင့် ထွေထွေအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့် တာဝန်ရှိ ဦးစီးဌာနမျာက တာဝန်ယူ တာဝန်ခံခြင်းမရှိပဲ ၀န်ကြီးချုပ်အပေါ်လွဲချ ခြင်းကို အများသူငှာ သိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
လယ်ယာမြေ လုယူမူ ဖြစ်ပေါ်စေသော နောက်ခံအကြောင်း အထောက်အထားများကို ဖော်ပြပါ စာရွက်စာတမ်းများတွင်လေ့လာနိုင်ပါသည်။
ဦးမောင်မောင်တာ
ဖုန်း ၀၉၃၃၃၇၇၈၃၄

ကျွန်တော်နာမည် ဦး မောင်မောင်တာပါ၊ ကျွန်းဦးကျေးရွာအုပ်စု၊ ညောင်တုန်းမြို့နယ် တွင်နေထိုင်ပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉၃၃၃၇၇၈၃၄ ဖြစ်ပါတယ်။ ၁၀.၁၂. ၂၀၁၃ ရက်နေ(မနေ့က)က ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မင်း (ဖုန်း ၀၉ ၈၅၄၀၆၆၇) က ကျနော့် ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
တွေဆုံတဲ့နေရာက ညောင်တုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ဖြစ်ပါတယ်။ အကြောင်းအရာ က ၀န်ကြီးချုပ် ဦးသိန်းအောင်( ဧရာဝတီတိုင်းဝန်ကြီးချုပ်) ၏ တိုက်ရိုက်ညွှန်ကြားချက်တစ်ခုကို ရှင်းလင်းရန်ဟု ဆိုကာ လိမ်ညာ ဖိတ်ခေါ်ပါသည်။
အမှန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကရေးသားထားသောစာကို ပါသည်။ထိုစာမှာ (တိုင်းခရိုင်မှ ဆုံးဖြတ်ပြီးသော အမှုကိစ္စများ ကို နှစ်စဉ်တိုင်ကြားသည့်အတွက် မိမိအား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် သိရှိပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးခိုင်းပါသည်။ မိမိ ကလက်မှတ်မထိုးခဲ့ပါ။
အဆိုပါတွေ့ဆုံပွဲတွင် လယ်ယာစီမံခန့်ခွဲရေး(ညောင်တုန်းမြိုနယ်) ဗိုလ်ကြီးခင်မင်း ။ မြေစာရင်းဦးစီးမှုး ဗိုလ်ကြီးသောင်းမြင့်( ဖုန်း ၀၉၈၅၄၀၆၂၁)၊ စိုက်ပျိုးရေးမန်နေဂျာ နှင့်အမည်မသိ ဦးစီးဌာနမှ ပုဂ္ဂိုလ်များပါဝင်ကြပါသည်။
မြိုနယ် အုပ်ချုပ်ရေးဌာနအဆင့်ဆင့် အဂတိလိုက်စားများကြောင့် မြေယာလုယူတိုင်းတာမှုများကို ဖော်ထုတ်ပေးရန် တင်ပြခြင်းသာဖြစ်ကြောင်းရှင်လင်းပြပါသည်။ အထောက်အထားခိုင်လုံစွာ ရှင်းပြသောအခါ အမည်အသိ ပုဂ္ဂိုလ်များက အရင်လူတွေ လုပ်ခဲ့တဲ့ ကိစ္စမျာသာဖြစ်ကြောင်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းပြောဆိုကာ တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးအောင်မစောင့်ပဲ ထွက်ခွာ သွားခဲ့ကြပါသည်။ နောက်ဆုံးတွင် ကျနော်နှင့် ဗိုလ်ကြီးခင်မင်း သာကျန်ရှိခဲ့ပါသည်။ ဗိုလ်ကြီးခင်မင်းက ဒီကိစ္စ က ၀န်ကြီးချုပ်လုပ်တဲ့ကိစ္စသာဖြစ်သည် ၀န်ကြီးချုပ်နဲ့ပဲ ရှင်းဟုပြောဆိုပါသည်။
ယခု ကျနော်တင်ပြရခြင်းမှာ မြိုနယ်အဆင့်ဆင့် ထွေထွေအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့် တာဝန်ရှိ ဦးစီးဌာနမျာက တာဝန်ယူ တာဝန်ခံခြင်းမရှိပဲ ၀န်ကြီးချုပ်အပေါ်လွဲချ ခြင်းကို အများသူငှာ သိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
ဦးမောင်မောင်တာ
ဖုန်း ၀၉၃၃၃၇၇၈၃၄
Tuesday, December 10, 2013
တာဝန်ယူ ခြင်း တာဝန်ခံခြင်းမရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးငှာန
ကျွန်တော်နာမည်
ဦး မောင်မောင်တာပါ၊ ကျွန်းဦးကျေးရွာအုပ်စု၊ ညောင်တုန်းမြို့နယ်
တွင်နေထိုင်ပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉၃၃၃၇၇၈၃၄ ဖြစ်ပါတယ်။ ၁၀.၁၂.
၂၀၁၃ ရက်နေ(မနေ့က)က ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မင်း (ဖုန်း
၀၉ ၈၅၄၀၆၆၇) က ကျနော့် ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
တွေဆုံတဲ့နေရာက ညောင်တုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ဖြစ်ပါတယ်။ အကြောင်းအရာ က ၀န်ကြီးချုပ် ဦးသိန်းအောင်( ဧရာဝတီတိုင်းဝန်ကြီးချုပ်) ၏ တိုက်ရိုက်ညွှန်ကြားချက်တစ်ခုကို ရှင်းလင်းရန်ဟု ဆိုကာ လိမ်ညာ ဖိတ်ခေါ်ပါသည်။
အမှန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကရေးသားထားသောစာကို ပါသည်။ထိုစာမှာ (တိုင်းခရိုင်မှ ဆုံးဖြတ်ပြီးသော အမှုကိစ္စများ ကို နှစ်စဉ်တိုင်ကြားသည့်အတွက် မိမိအား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် သိရှိပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးခိုင်းပါသည်။ မိမိ ကလက်မှတ်မထိုးခဲ့ပါ။
အဆိုပါတွေ့ဆုံပွဲတွင် လယ်ယာစီမံခန့်ခွဲရေး(ညောင်တုန်းမြိုနယ်) ဗိုလ်ကြီးခင်မင်း ။ မြေစာရင်းဦးစီးမှုး ဗိုလ်ကြီးသောင်းမြင့်( ဖုန်း ၀၉၈၅၄၀၆၂၁)၊ စိုက်ပျိုးရေးမန်နေဂျာ နှင့်အမည်မသိ ဦးစီးဌာနမှ ပုဂ္ဂိုလ်များပါဝင်ကြပါသည်။
မိမိမှ မြိုနယ် အုပ်ချုပ်ရေးဌာနအဆင့်ဆင့် အဂတိလိုက်စားများကြောင့် မြေယာလုယူတိုင်းတာမှုများကို ဖော်ထုတ်ပေးရန် တင်ပြခြင်းသာဖြစ်ကြောင်းရှင်လင်းပြပါသည်။ အထောက်အထားခိုင်လုံစွာ ရှင်းပြသောအခါ အမည်အသိ ပုဂ္ဂိုလ်များက အရင်လူတွေ လုပ်ခဲ့တဲ့ ကိစ္စမျာသာဖြစ်ကြောင်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းပြောဆိုကာ တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးအောင်မစောင့်ပဲ ထွက်ခွာ သွားခဲ့ကြပါသည်။ နောက်ဆုံးတွင် ကျနော်နှင့် ဗိုလ်ကြီးခင်မင်း သာကျန်ရှိခဲ့ပါသည်။ ဗိုလ်ကြီးခင်မင်းက ဒီကိစ္စ က ၀န်ကြီးချုပ်လုပ်တဲ့ကိစ္စသာဖြစ်သည် ၀န်ကြီးချုပ်နဲ့ပဲ ရှင်းဟုပြောဆိုပါသည်။
ယခု ကျနော်တင်ပြရခြင်းမှာ မြိုနယ်အဆင့်ဆင့် ထွေထွေအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့် တာဝန်ရှိ ဦးစီးဌာနမျာက တာဝန်ယူ တာဝန်ခံခြင်းမရှိပဲ ၀န်ကြီးချုပ်အပေါ်လွဲချ ခြင်းကို အများသူငှာ သိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
ဦးမောင်မောင်တာ
ဖုန်း ၀၉၃၃၃၇၇၈၃၄
တွေဆုံတဲ့နေရာက ညောင်တုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ဖြစ်ပါတယ်။ အကြောင်းအရာ က ၀န်ကြီးချုပ် ဦးသိန်းအောင်( ဧရာဝတီတိုင်းဝန်ကြီးချုပ်) ၏ တိုက်ရိုက်ညွှန်ကြားချက်တစ်ခုကို ရှင်းလင်းရန်ဟု ဆိုကာ လိမ်ညာ ဖိတ်ခေါ်ပါသည်။
အမှန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကရေးသားထားသောစာကို ပါသည်။ထိုစာမှာ (တိုင်းခရိုင်မှ ဆုံးဖြတ်ပြီးသော အမှုကိစ္စများ ကို နှစ်စဉ်တိုင်ကြားသည့်အတွက် မိမိအား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် သိရှိပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးခိုင်းပါသည်။ မိမိ ကလက်မှတ်မထိုးခဲ့ပါ။
အဆိုပါတွေ့ဆုံပွဲတွင် လယ်ယာစီမံခန့်ခွဲရေး(ညောင်တုန်းမြိုနယ်) ဗိုလ်ကြီးခင်မင်း ။ မြေစာရင်းဦးစီးမှုး ဗိုလ်ကြီးသောင်းမြင့်( ဖုန်း ၀၉၈၅၄၀၆၂၁)၊ စိုက်ပျိုးရေးမန်နေဂျာ နှင့်အမည်မသိ ဦးစီးဌာနမှ ပုဂ္ဂိုလ်များပါဝင်ကြပါသည်။
မိမိမှ မြိုနယ် အုပ်ချုပ်ရေးဌာနအဆင့်ဆင့် အဂတိလိုက်စားများကြောင့် မြေယာလုယူတိုင်းတာမှုများကို ဖော်ထုတ်ပေးရန် တင်ပြခြင်းသာဖြစ်ကြောင်းရှင်လင်းပြပါသည်။ အထောက်အထားခိုင်လုံစွာ ရှင်းပြသောအခါ အမည်အသိ ပုဂ္ဂိုလ်များက အရင်လူတွေ လုပ်ခဲ့တဲ့ ကိစ္စမျာသာဖြစ်ကြောင်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းပြောဆိုကာ တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးအောင်မစောင့်ပဲ ထွက်ခွာ သွားခဲ့ကြပါသည်။ နောက်ဆုံးတွင် ကျနော်နှင့် ဗိုလ်ကြီးခင်မင်း သာကျန်ရှိခဲ့ပါသည်။ ဗိုလ်ကြီးခင်မင်းက ဒီကိစ္စ က ၀န်ကြီးချုပ်လုပ်တဲ့ကိစ္စသာဖြစ်သည် ၀န်ကြီးချုပ်နဲ့ပဲ ရှင်းဟုပြောဆိုပါသည်။
ယခု ကျနော်တင်ပြရခြင်းမှာ မြိုနယ်အဆင့်ဆင့် ထွေထွေအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့် တာဝန်ရှိ ဦးစီးဌာနမျာက တာဝန်ယူ တာဝန်ခံခြင်းမရှိပဲ ၀န်ကြီးချုပ်အပေါ်လွဲချ ခြင်းကို အများသူငှာ သိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
ဦးမောင်မောင်တာ
ဖုန်း ၀၉၃၃၃၇၇၈၃၄
Friday, December 6, 2013
To know the world media
To know the world media, the men above photo are labors of Zaykabar company of Mr Khin Shwe who is Pyithuhluttaw representative. Mr.Khin Shwe captured the farms of Peasants illegally. Now they are conflict and fighting. The labors holding arms like bamboo sticks and medal sticks. Farmers don't hold armless and only watch.
"The problem between Crony Mr.Khin Shwe and Farmers "
Mr.Khin Shwe is a business man in Myanmar. Now, he is a Pyithuhluttaw representative. The problem between Mr.Khin Shwe and farmers appeared term of elected government.
Era of Junta, many business men(cronies) get the several lands consist of farms and fields as they like illegally. Mr.Khin Shwe complained to build up Industrial Zone. The first he built up Mingalardon Garden City and Mingalardon Royal Garden Golf Course on the tears and sweet and blood of farmers.
The housing department which is a part of Government gave him a permission to make his project about 1480 acres but he captured about 3000 acres illegally. That time all of farmers were afraid of regime of Junta and wielding power.
Now, the farmers know about getting extra farms and they want to take back for their farms. So, they put up government and Hluttsaw committee which concern with farms and other lands. Hluttaw commission enquired investigated the truth and put up again to regular session of the Hulttaw with commission conclusion that is to repay the extra-getting farms of farmers to them.
That time, local governor ordered not to make something in those areas for both sides. But, the clear decision do not appeared from Government or Hluttaw till now. Mr.Khin Shwe and his staffs and followers seize the chance to do that they want. Farmers can do only watch.
On December 6th, the problem and conflict reached high degree between groups of Mr. Khin Shwe and farmers because Mr. Khin Shwe's followers continued their work with ignorance of local governor's order. The condition both sides are nearly fighting as shown in photos. When you look the photos, you can see both sides. Mr. Khin Shwe's followers are holding with bamboo sticks, medal sticks and some equipment . In farmer's side, they hold nothing. Mr. Khin Shwe is the one who above the law and for ordinary citizens, they feel hopeless and helpless.
Nyo Min Lwin (pma)
7th December, 2013.

Thursday, December 5, 2013
မဟာဗျူဟာပုစ္ဆာများနှင့် စာရေးသူစဉ်းစားမိသည်များ - ကျော်ဝင်း
November 1, 2013 at 1:48am
- ပုစ္ဆာငါးရပ်
သတင်းစာ၊ ဂျာနယ်များတွင် ခပ်စိပ်စိပ် တွေ့လာရသော၊ အရေးအသားတွေနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်၏ မှတ်ချက် ဖြစ်ပါသည်။ စာရေးသူဘာမှ ပြန်မဖြေခဲ့ပါ။ သူ့စကား အသုံးအနှုန်းတိကျပုံ ကိုတော့ သဘောကျသွားသည်။ အထူးသဖြင့် “ခုတစ်လော” ဆိုသည်နှင့် “ပြန်”ဆိုသော ကြိယာဝိသေသနများ …။ ဟုတ်သည်ကော …။ စာရေးသူအနေနှင့် ဝေဖန်ရေး အမည်ခံ အပုပ်ချပွဲများနှင့် ကြုံရသည်မှာ တစ်ကြိမ်မှ မကတော့ဘဲ …။
ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက တစ်ကြိမ်။ “ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားသင့်တယ်” ဆိုသော စာရေးသူအမြင်ကို ဝိုင်းတွယ်ကြသည်။ အခုလည်း “အခြေခံဥပဒေ အသစ်ရေးတာထက်၊ ပြင်ရေးက လက်တွေ့ကျမယ်၊ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို အဆောတလျင် မကိုင်သင့်” ဆိုသော သဘောထားများကို ခပ်ပြင်းပြင်း သမနေကြသည်။ ရှိစေ …။ စာရေးသူ အနေနှင့်တော့ အရေထူနေပါပြီ။ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
စာရေးသူအပေါ် ဆွမ်းကြီးလောင်းကြသူ များကို ယေဘုယျအုပ်စု နှစ်ခုခွဲကြည့်ပါသည်။ ပထမအုပ်စုမှာ “ခါတော်မီ သူရဲကောင်းများ”။ “မူ” သဘော ဟုတ်ဟုတ်ညားညားမပါ။ ပုဂ္ဂိုလ်ရေး ဆဲရေးတိုင်းထွာမှု သက်သက် ဖြစ်၍ စာရေးသူဘက်မှ တုံ့ပြန်စရာမလိုဟု ခံယူထားသည်။ ဒုတိယအုပ်စု ကတော့ ပိုအရေးကြီးသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မကင်းသည့်တိုင် အိုင်ဒီအိုလိုဂျီ အခံများပါသည်။ သူတို့က စာရေးသူ၏ မဟာဗျူဟာအမြင်များ ကို ချေဖျက်ဖို့ ကြိုးစားကြသည့် သဘော ရှိသည်။
တစ်ခါက စာရေးသူ၏ မိတ်ဟောင်းဆွေဟောင်း (ဆိုကြပါစို့) ရဲဘော်ဟောင်းတွေ ဖြစ်ပါသည်။ “အုပ်စုအစွဲ” (Group Psychology) ဖြင့် “သစ္စာဖောက်သုတ်သင်ရေး” လုပ်ကြသည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ရှိစေ၊ မဟာဗျူဟာ သဘောဆောင်၍ စာရေးသူဘက်က တစ်စုံတစ်ရာ ပြန်ပြောဖို့ လိုမည်ထင်သည်။ သူတို့အတွက်ကား မဟုတ်။ စာဖတ်သူများအတွက် ဖြစ်သည်။
စာရေးသူ စဉ်းစားမိသမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မဟာဗျူဟာ ပုစ္ဆာငါးရပ်ကို ဦးစွာဖော်ပြပါမည်။
၁။ လက်နက်ကိုင် တိုက်ပွဲလော …၊ ဥပဒေတွင်း နိုင်ငံရေးလော ..။
၂။ အထက်မှလာသော အပြောင်းအလဲလော …၊ အောက်မှလာသော အပြောင်းအလဲလော …။
၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …။
၎။ ထိပ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်းအဖြေ ရှာရေးလော …။
၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …။
အဆိုပါ ပုစ္ဆာငါးရပ်နှင့် ပတ်သက်ပြီး စာရေးသူ၏ သဘောထား (ပို၍ တိတိကျကျ ဆိုရလျှင် “အမြင်အရွေ့”) ကို ဆက်လက်ဖော်ပြသွားပါမည်။
- ၁။ လက်နက်ကိုင်တိုက်ပွဲလော၊ ဥပဒေတွင်း နိုင်ငံရေးလော …။
စာရေးသူ လူဖြစ်ကြီးပြင်းသော အချိန်တွင် ပါလီမန်မရှိတော့၊ ဈေးကွက်မရှိတော့၊ ဒီမိုကရေစီ မရှိတော့၊ ဥပဒေတွင်းနိုင်ငံရေးပင် မရှိတော့။ လက်နက်ကိုင် တိုက်ပွဲသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းလို ဖြစ်နေသည်။ သည်လိုနှင့် တောနှင့်တောင်သို့ ရောက်သွားသည်။ “ဘဝ၏ ထေ့ငေါ့သရော်ချင်စရာ” ဟု ဆိုရမည်လားမသိ။ ကွန်မြူနစ်ပါတီ အလံတော်အောက် ရောက်တော့မှ ကွန်မြူနစ်ဝါဒကို သံသယဖြင့် ကြည့်မြင်လာသည်။ လက်နက်ကိုင် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများကို ဒုတ်ဒုတ်ထိ သိလာသည်။
မော်စီတုန်း၏ “ရေရှည်စစ်” ကို “ဒုတိယအတွေး” ဖြင့် အကြိမ်ကြိမ် ဖတ်ဖြစ်သည်။ သူတို့ခေတ် သူတို့အခါ (စစ်ကြိုခေတ်) သူတို့အခြေအနေ (အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော တရုတ်ပြည်)တွင် “ရေရှည်စစ်” မှာ အလုပ်ဖြစ်ခဲ့ပါလိမ့်မည်။ မြန်မာနိုင်ငံတွင်ကား အလုပ်မဖြစ်။ ဆန့်ကျင်ဘက် အကျိုးဆက် တွေနှင့်သာ ကြုံခဲ့ရသည်။ ပြည်တွင်းစစ်ကို အကြောင်းခံ၍ “စစ်ဘောင်” ကျယ်လာရာမှ နောက်ဆုံး “စစ်ဝါဒ” အမြစ်တွယ်လာခြင်း။ စာရေးသူအနေနှင့် “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကို ဘယ်လိုမှ ယုံကြည်လို့မရတော့ပါ။
- ၂။ အထက်မှလာသော အပြောင်းအလဲလော၊ အောက်မှလာသော အပြောင်းအလဲလော …။
လက်ရှိအပြောင်းအလဲကို စတင်ဖွင့်လှစ်ခဲ့သော “ရှစ်လေးလုံး အရေးတော်ပုံ” ကြီးမှာ “အောက်မှလာသော အရွေ့” ဟု ဆိုနိုင်ပါလိမ့်မည်။ ဘယ်သူ့ ပယောဂမှမပါ၊ လူထုကိုယ်တိုင်က မခံမရပ်နိုင်တော့၍ ပေါက်ကွဲ ပေါ်ထွက်လာသော လူထုလှုပ်ရှားမှုဟု မြင်သည်။ “အလိုလို ဖြစ်ပေါ်လာသော လှုပ်ရှားမှု (Spontaneous Movement) ဖြစ်သည်။ ဤသို့သော “အောက်မှလာသော အရွေ့” ဖြင့် ဒီမိုကရေစီလမ်း ပွင့်သွားသည်များ ရှိသလောက် ရှိပါသည်။ သို့တစေ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ ဥပမာ- ဖိလစ်ပိုင်ဆိုလျှင် ပြည်တွင်းပြည်ပ ထူးခြားချက်များ ရှိသည်။ ပြည်တွင်းတွင် “ရားမို့(စ်)ဖက်တာ” နှင့် ပြည်ပတွင် နိုင်ငံတကာမိသားစု (အထူးသဖြင့် အမေရိက) ၏ ထိရောက်သော အားများ မားကို့စ်အစိုးရအပေါ် ရှိသည်။ မြန်မာနိုင်ငံတွင် ဤနှစ်ခုလုံးမရှိ။ သို့နှင့်အမျှ People’s Power ဖြစ်မလာဘဲ People’s Funeral နှင့်သာ ကြုံခဲ့ရသည်။
အရှေ့ဥရောပ “ကတ္တီပါတော်လှန်ရေး” တွင်လည်း လမ်းပေါ်နိုင်ငံရေး” မှ “စားပွဲဝိုင်း နိုင်ငံရေး” သို့ ရွှေ့ပြောင်းနိုင်သော အားသာချက် ရှိသည်။ မြန်မာ့ရှစ်လေးလုံးတွင် ဤအားသာချက် မရှိ။ ဤအတွက် ပထမပိုင်း (ဦးစိန်လွင်လက်ထက်) တွင် အစိုးရမှာ တာဝန်ရှိသည်။ နောက်ပိုင်း (ဒေါက်တာမောင်မောင် လက်ထက်) တွင်ကား အတိုက်အခံဘက်မှာပါ အားနည်းချက်များ ရှိသည်ဟု ထင်သည်။ ဆိုရလျှင် “စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ဓလေ့” နှစ်ဖက်လုံးတွင် အားနည်းသည်ဟု ဆိုရပါလိမ့်မည်။
၂၀၁၀ ရွေးကောက်ပွဲသည်ကား ပါမောက္ခရှမစ်ထာ ညွှန်းသော “သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ” (Imposed Transition) သဘော ဖြစ်သည်။ ယခင် တပ်မတော်အစိုးရ ကိုယ်တိုင် စတင်လမ်းဖွင့်ပေး လိုက်သော “အထက်မှလာသည့် အပြောင်းအလဲပုံစံ” ဖြစ်သည်။ “ရှစ်လေးလုံး အရေးအခင်း”၊ “ရွှေဝါရောင်အရေးအခင်း” များမှ အတွေ့အကြုံများကို သင်ခန်းစာ ယူပြီး “ပြေလည်ရေးလမ်းစ” ကို ဖော်ထုတ်လိုက်သည် ဖြစ်၍ ထိုစဉ်က နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကို အသိအမှတ် ပြုရပါလိမ့်မည်။
အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုအချို့ ပါဝင်လာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ ပါဝင်လာရာ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” ဖြစ်သွားသည်ဟု မြင်သည်။ “ငါတို့ကိုကြောက်လို့ လျှော့ပေးလာတာ” ဆိုသော တလွဲမာနဖြင့် အလုပ်မဖြစ်နိုင်ဟု သဘောရပါသည်။ “How we got here” ဆိုသည်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လျှင် “How we proceed” တွင် ပြဿနာရှိပါလိမ့်မည်။
- ၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …
သို့နှင့်အမျှ စာရေးသူအနေနှင့် ရန်သူတွေ၊ မိတ်ဆွေတွေ ခွဲကြည့်မနေ တော့ပါ။ Anti တွေ Pro တွေမရှိတော့ပါ။ တပ်မတော်အပါအဝင် အားလုံးကို အမျိုးသားရေး အင်အားစုအဖြစ်သာ သဘော ယူပါတော့သည်။ ယနေ့ နိုင်ငံရေးမှာလည်း အပြန်အလှန် ဖယ်ထုတ်ကြမည့် ရန်ဘက်နိုင်ငံရေး မဟုတ်။ အပြန်အလှန် ညှိနှိုင်းအဖြေရှာကြရမည့် မိတ်ဖက်နိုင်ငံရေး ဟူ၍သာ ခံယူထားပါသည်။
- ၄။ ထိတ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်း အဖြေရှာရေးလော …
ဤအခင်းအကျင်းတွင် သဘောထားအမြင်ချင်း မတူကြသည်မှာ သဘာဝကျပါသည်။ သို့နှင့်တိုင် မတူတိုင်း ရန်ဖြစ်နေကြလျှင် ဘယ်လိုမှ ရှေ့သို့ရောက်နိုင် မည်မဟုတ်။ အဆင်မသင့်ပါက နောက်ပြန် ဆုတ်သွားစရာပင် ရှိသည်။ “ဘုံတူညီချက်” (Common Ground) တစ်ခုတွင် ခြေမြဲလက်မြဲ ရပ်ပြီး မတူခြားနားသည် များကို ညှိနှိုင်းအဖြေရှာ အပြန်အလှန် အလျှော့ပေးကြဖို့ လိုပါလိမ့်မည်။ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်၊ ညှိနှိုင်း အဖြေရှာရေးသာ ဖြစ်ရပါလိမ့်မည်။
အားလုံးကို “အမျိုးသားရေးအင်အားစု” ဟု သဘောထားနိုင်လျှင် ဤအတိုင်း အသေအချာ ဖြစ်နိုင်ပါသည်။ နာကြည်းစရာ အတိတ်ကအမှား များကို Blame Game ဖြင့် မတုံ့ပြန်ဘဲ သင်ခန်းစာ ယူကြခြင်းဖြင့်သာ သမိုင်းကို ချဉ်းကပ်ဖို့တော့ လိုပါလိမ့်မည်။ ယနေ့ လူပြောများလှသော
“အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် မရနိုင်။ ညှိနှိုင်းအဖြေရှာ အလျှော့ပေး စေ့စပ်နည်းဖြင့်သာ ရနိုင်စရာ ရှိပါသည်။
- ၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …
လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ဖို့ဆိုလျှင် “နှုန်းစံ” များဖြင့် အစပြုလို့မရပါ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ “ပကတိအရှိ” က အစပြုဖို့ လိုလိမ့်မည်ဟု ဆင်ခြင်မိပါသည်။ စာရေးသူ “ဆဝါး” မိသလောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပကတိအရှိကို ဖော်ပြရလျှင် -
(က) မြန်မာနိုင်ငံမှာ အနှစ် (၆၀) ကျော်ကြာ၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ယခုထက်တိုင် ရင်ဆိုင်နေရဆဲ ရှိသည်။
(ခ) ဒီမိုကရေစီ နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် တို့နှင့် အဆက်ပြတ် သွားခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ နီးပါး ရှိပြီဖြစ်သည်။
(ဂ) မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်နှင့် ပညာရေးရေချိန်မှာ ဆိုးဆိုးဝါးဝါး နိမ့်ပါးနေသည်။
(ဃ) မြန်မာစာပေလောကမှာ နဂါးနီခေတ်လောက်မှစ၍ ယနေ့အထိ လက်ဝဲစာပေသာ တစ်ဖက်သတ် လွှမ်းမိုးထားခဲ့ရာ နိုင်ငံတကာ ဒီမိုကရက်တစ် စာပေများနှင့် ထိတွေ့မှု လွန်စွာမှပင် အားနည်းသည်။
(င) ဆိုခဲ့ပါ အချက်များကြောင့် မြန်မာလူထုသာမက မြန်မာနိုင်ငံရေး ပလေယာများ၏ ဒီမိုကရက်တစ် အသိရေချိန်မှာ လက်ရှိအပြောင်းအလဲက တောင်းဆိုနေသည်နှင့် များစွာ အဟပ်ကွာနေဆဲ ရှိသည်။
(စ) နိုင်ငံတည်ဆောက်ရေး အတွက် အရေးကြီးသော ဗျူရိုကရေစီ နှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်း များမှာလည်း ၁၉၆၂ နောက်ပိုင်းမှစ၍ တစ်စတစ်စ ပြိုကျသွားခဲ့ရာ အခုမှ အသစ်ပြန်စရမည့် အခြေအနေရှိသည်။
ဤသို့သော ပကတိအရှိ များကြောင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မှာ မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ၊ မြန်မြန်ဆန်ဆန် အောင်မြင် ပြီးမြောက်နိုင်ဖွယ်ရာ မရှိ။ စိတ်ရှည်လက်ရှည်နှင့် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲရမည့် သဘောရှိသည်။ ဤအနေအထားတွင် စိတ်မရှည်ဘဲ “ရှော့ခ်ရိုက်ကုထုံး” သုံးလိုက်လျှင် အကျိုးထက် အဆိုးက များပါလိမ့်မည်။ လက်ရှိအပြောင်းအလဲ ကိုပင် ကတိမ်းကပါး ဖြစ်သွားနိုင်စရာ ရှိသည်ဟု မြင်သည်။
- လိပ်ပြာသန့်စိတ်
ပြောရလျှင် ဆယ်ကျော်သက်အရွယ် မရှိတရှိကပင် စာအုပ်တွေမှ တစ်ဆင့် မတ်စ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ လက်လှမ်းမီသလောက် ဖတ်ခဲ့ မှတ်ခဲ့သည်။ ကိုယ်တွေ့မဟုတ်၊ စာတွေ့နှင့်ပင် ကွန်မြူနစ်ဝါဒကို သက်ဝင် ယုံကြည်လာသည်။ သို့တိုင်အောင် လူကိုလူလို ဆက်ဆံမခံရသော ပတ်ဝန်းကျင်၊ ရှင်းရှင်းဆိုရလျှင် နံရံတံတိုင်းများကြားသို့ ရောက်သွားသောအခါ “လူ့အခွင့်အရေး ဆိုတာ ဓနရှင်တွေရဲ့ လိမ်လည်ချက်တစ်ရပ်” ဆိုသော လီနင်၏စကားကို ဇွတ်မှိတ် ယုံမရတော့။ တောနှင့်တောင်သို့ ရောက်သွားသော အခါတွင်လည်း လက်နက်ကိုင်တော်လှန်ရေး ဆိုသည်တွင် ပူးဝင်နေသော “စစ်ဝါဒတစ္ဆေ” ကိုတွေ့တော့ စဉ်းစားစရာတွေ ရှိလာသည်။ ထို့ထက် ဆိုဗီယက်ယူနီယံ ပြိုကျ၊ တရုတ်ပြည်ကြီး အသွေးအရောင်ပြောင်း၊ ဒီမိုကရေစီ လှိုင်းလုံးများနှင့် ကြုံလိုက်ရသောအခါ အရမ်းအကန်း ဇွတ်မှိတ် ယုံကြည်နေလို့ မရတော့။ ကမ္ဘာကြီး၏ သမိုင်းဆိုင်ရာ လိုအပ်ချက်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒမဟုတ်၊ စီမံကိန်းစီးပွားရေး မဟုတ်၊ ဒီမိုကရေစီ နှင့် ဈေးကွက်သာ ဖြစ်သည်ကို စာတွေ့မက၊ ကိုယ်တွေ့ဆင်ခြင်မိသည်။
အမှန်စင်စစ် ကွန်မြူနစ် အိုင်ဒီအိုလိုဂျီနှင့် ဒီမိုကရေစီမှာ ဘာမှမဆိုင်ပါ။ ဆန့်ကျင်ဘက်ဟူ၍ပင် ဆိုနိုင်စရာရှိသည်။ ကွန်မြူနစ်က လူကို အခြေမခံ၊ လူတန်းစားကို အခြေခံသည်။ သို့အတွက် လူ့အခွင့်အရေးကို အလေးမထား၊ လူတန်းစားဒီမိုကရေစီ ကိုသာ ယုံသည်။ ပစ္စည်းမဲ့အာဏာရှင် စနစ် (သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်) ဖြင့် လူတန်းစားမဲ့ လူ့ဘောင်ဆိုသည်ကို အန္တိမရည်မှန်းချက် ထားပါသည်။ စီးပွားရေး တွင်လည်း ဈေးကွက်ကို လက်ခံသည်မဟုတ်။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို လွတ်လပ်စွာ သွေးစုတ်ခွင့်ဟု အဓိပ္ပာယ်ဖွင့်သည်။ လူ့အခွင့်အရေးကို အလေးထားသော ပါလီမန်ဒီမိုကရေစီကို ယုံကြည်သော၊ ဈေးကွက်ကို အားပြုသော၊ ဒီမိုကရေစီ နှင့် ဘယ်လိုမှ မတူနိုင်ပါ။
အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရမည်သာ ဖြစ်ပါသည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ဒီမိုကရေစီ ချန်ပီယံလည်း လုပ်ချင်၊ ကွန်မြူနစ်စွဲမြဲသူလည်း ဖြစ်ချင်လို့မရ၊ ဤသို့ဆိုလျှင် နှစ်ခုလုံးကို နားမလည်ရာ ရောက်သည်။ နားလည်သည် ဆိုလျှင်လည်း မရိုးသားမှုသာ ဖြစ်လိမ့်မည်။ စာရေးသူတော့ လိပ်ပြာသန့်သန့်ဖြင့်ပင် အမြင်တွေ ပြောင်းသွားပါပြီ။ မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ ရိုးသားမှုတော့ ရှိစေချင်သည်။
ကျော်ဝင်း
၂၇.၁၀.၂၀၁၃
လူဗိုလ်ဟူသည် ...: ကလေးတွေမှာ အဲဒီစိတ်ဓာတ်ရှိရင် တိုင်းပြည်ရဲ့အနာဂတ်လ...
လူဗိုလ်ဟူသည် ...: ကလေးတွေမှာ အဲဒီစိတ်ဓာတ်ရှိရင် တိုင်းပြည်ရဲ့အနာဂတ်လ...: သတင်းဘုရင် ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။ *ရေခဲမုန့် ဘယ်လောက်လဲ။ *500 *ဒီထက် ဈေးပေါတာမရှ...
အဖေ့ ကို ဘယ်လို ပြောရမယ် ။ အဖေ့ ကို ဘယ်လိုပြောရမယ်။
ဖုန်းငွေဖြည့် ကဒ် ပြန်မဖြည့်မိလို့ လိုင်းပိတ်ခြင်းခံရပါတယ်။
ကျနော့်အဖေကိုင်တဲ့ဖုန်းပါ။
မင်းကတော့ ၅၀၀၀၀၀ တန်ဖုန်း ကို ကိုင်ပြီး အခု ဖုန်းတစ်လုံး ၁၅၀၀ ရှိနေတာတောင် မင်းငါ့ ကို ၀ယ်မပေးသေးဖူးလား လို့ အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းပါ။တကယ်တော့ ၁၅၀၀ ကျပ်နဲ့ ရခဲ့တဲ့ဖုန်း မဟုတ်ရပါခင်ဗျာ၊ ဘာပဲဖြစ်ဖြစ်လေ အဖေဆိုတဲ့ စိတ်နဲက ၀ယ်ပေးခဲ့ပါတယ်။
သည်လိုနဲ့ ကမ်းနားလမ်းက မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (စာတိုက်ကြီး) ဆီ သွားပြီး လိုင်း ပြန်ဖွင့်ပေးပါလို့ တောင်းဆိုတော့ လိုင်းပိတ်သွားရင် လုံးဝမရတော့ပါ လို့ ၀န်ထမ်းများကပြောဆိုပါတယ်။ နိုင်ငံတော်က အသုံးနည်းလို့ ပြန်လည် သိမ်းဆည်းလိုက်ပါတယ်တဲ့။
ဖုန်းနံပါတ်က ၃၁၀၂၇၉၈၃ ဖြစ်ပါတယ်။ ၁၅၀၀ နဲ့ ရပ်ကွက်ရုံးတွေက ရတဲ့ဖုန်းအမျိုးအစား ပါ။ အမှန်က ၁၅၀၀ နဲ့ ရခဲ့တာမဟုတ်ပါ။ ငွေ ၈၀၀၀၀ ကျပ်ပေးပြီး တဆင့် ပြန်ဝယ်ယူရတာပါ။ ၀န်ထမ်းများက စာချုပ်ကို ဖတ်ခိုင်းပါတယ်။ စာချုပ်မှာလည်း ရေးထားတာကလည်း ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွက် ပြန်လည်ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည်ဖြစ်ပါသည်တဲ့ ခင်ဗျာ။
အဲသည်လိုနဲပဲ စိတ်ပျက်လက်ပျက် နဲ့ ရုံးပေါ်က ပြန်ဆင်းလာပါတယ်။ ခေါင်းငိုက်စိုက် ချလို့ပေါ့။ စိတ်မကောင်းဖြစ်လိုက်တာများ မပြောချင်ပါဖူး။ အဲသည်ဖုန်းက အဖေဖြစ်တဲ့သူ ကိုင်တဲ့ဖုန်းပါ။ အဖေက အသက်ကြီးပြီဆိုတော့ ဖုန်းငွေဖြည့်ကဒ် ပြန်ဖြည့်ဖို့လည်း သတိမရဖူးနဲ့ တူပါရဲ့။ လိုင်းပိတ်သွားလို့ အဖေ့ကို ဘယ်လိုပြောရပါ့မလဲ ဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။
အဲသလို ငိုက်စိုက်ငိုက်စိုက်နဲ့ ဆင်းလာတော့ အမျိုးသမီး တစ်ယောက်က လှမ်းခေါ်ပါတယ်။ ရုံးပေါ်မှာ အဆင်ပြေခဲ့ရဲ့လားတဲ့။ အဆင်မပြေပါဖူးလို့ တုန့် ပြန်လိုက်တော့ ၀ိုင်းရီကြပါတယ်။ သိပါတယ်တဲ့ ၊ အဲသလို အဆင်မပြေဖူး ဆိုတာ ။ ပြီးတော့ တဆက်တည်းပြောပုံက သူ အဆင်ပြေအောင်လုပ်ပေးမယ်တဲ့လေ။ ငွေ ၃၅၀၀၀ ပေးရင် အဆင်ပြေပါတယ်တဲ့။
တရားဝင် ပိတ်သွားတဲ့ ဖုန်းက တရားမ၀င်ငွေသွင်းရင် အဆင်ပြေပါတယ်တဲ့လေ။ ငွေသုံးသောင်းကလည်းပေးစရာမပါခဲ့ တာနဲ့ သည်အတိုင်းပဲ ပြန်လာခဲ့ပါတယ်။
အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းရဲ့ ဆင်းကဒ် ၀ယ်ရင်းဈေးကို က ၈၀၀၀၀ ကျပါတယ်။ ဟန်းဆက်နဲ့ဆို တစ်သိန်း ရှစ်သောင်းလောက် ကျခဲ့တဲ့ဖုန်းပါ။
အခု သုံးသောင်းခွဲ ထပ်မံသွင်းရပါဦးမည်။ တရားဝင် သွင်းရတာလဲမဟုတ်ပါ။ လမ်းပေါ်မှာတွေ့ခဲ့တဲ့ ပွဲစား ကတဆင့် ပြန်လည် ၀ယ်ယူရပါဦးမယ်။ အဂတိလိုက်စားပုံများ ပြောချင်ပါဖူး။ ကြိုက်တဲ့သူကို တိုင် ၊ ကြိုက်သလောက် အွန်လိုင်းဖြန့် အေးအေးဆေးဆေးပါ၊ စာချုပ်အရ အပိုင်ချည်ပြီးသားပဲလေ.။
ကျနော့်အဖေကိုင်တဲ့ဖုန်းပါ။
မင်းကတော့ ၅၀၀၀၀၀ တန်ဖုန်း ကို ကိုင်ပြီး အခု ဖုန်းတစ်လုံး ၁၅၀၀ ရှိနေတာတောင် မင်းငါ့ ကို ၀ယ်မပေးသေးဖူးလား လို့ အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းပါ။တကယ်တော့ ၁၅၀၀ ကျပ်နဲ့ ရခဲ့တဲ့ဖုန်း မဟုတ်ရပါခင်ဗျာ၊ ဘာပဲဖြစ်ဖြစ်လေ အဖေဆိုတဲ့ စိတ်နဲက ၀ယ်ပေးခဲ့ပါတယ်။
သည်လိုနဲ့ ကမ်းနားလမ်းက မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (စာတိုက်ကြီး) ဆီ သွားပြီး လိုင်း ပြန်ဖွင့်ပေးပါလို့ တောင်းဆိုတော့ လိုင်းပိတ်သွားရင် လုံးဝမရတော့ပါ လို့ ၀န်ထမ်းများကပြောဆိုပါတယ်။ နိုင်ငံတော်က အသုံးနည်းလို့ ပြန်လည် သိမ်းဆည်းလိုက်ပါတယ်တဲ့။
ဖုန်းနံပါတ်က ၃၁၀၂၇၉၈၃ ဖြစ်ပါတယ်။ ၁၅၀၀ နဲ့ ရပ်ကွက်ရုံးတွေက ရတဲ့ဖုန်းအမျိုးအစား ပါ။ အမှန်က ၁၅၀၀ နဲ့ ရခဲ့တာမဟုတ်ပါ။ ငွေ ၈၀၀၀၀ ကျပ်ပေးပြီး တဆင့် ပြန်ဝယ်ယူရတာပါ။ ၀န်ထမ်းများက စာချုပ်ကို ဖတ်ခိုင်းပါတယ်။ စာချုပ်မှာလည်း ရေးထားတာကလည်း ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွက် ပြန်လည်ငွေထပ်မံဖြည့်သွင်းခြင်း
အဲသည်လိုနဲပဲ စိတ်ပျက်လက်ပျက် နဲ့ ရုံးပေါ်က ပြန်ဆင်းလာပါတယ်။ ခေါင်းငိုက်စိုက် ချလို့ပေါ့။ စိတ်မကောင်းဖြစ်လိုက်တာများ မပြောချင်ပါဖူး။ အဲသည်ဖုန်းက အဖေဖြစ်တဲ့သူ ကိုင်တဲ့ဖုန်းပါ။ အဖေက အသက်ကြီးပြီဆိုတော့ ဖုန်းငွေဖြည့်ကဒ် ပြန်ဖြည့်ဖို့လည်း သတိမရဖူးနဲ့ တူပါရဲ့။ လိုင်းပိတ်သွားလို့ အဖေ့ကို ဘယ်လိုပြောရပါ့မလဲ ဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။
အဲသလို ငိုက်စိုက်ငိုက်စိုက်နဲ့ ဆင်းလာတော့ အမျိုးသမီး တစ်ယောက်က လှမ်းခေါ်ပါတယ်။ ရုံးပေါ်မှာ အဆင်ပြေခဲ့ရဲ့လားတဲ့။ အဆင်မပြေပါဖူးလို့ တုန့် ပြန်လိုက်တော့ ၀ိုင်းရီကြပါတယ်။ သိပါတယ်တဲ့ ၊ အဲသလို အဆင်မပြေဖူး ဆိုတာ ။ ပြီးတော့ တဆက်တည်းပြောပုံက သူ အဆင်ပြေအောင်လုပ်ပေးမယ်တဲ့လေ။ ငွေ ၃၅၀၀၀ ပေးရင် အဆင်ပြေပါတယ်တဲ့။
တရားဝင် ပိတ်သွားတဲ့ ဖုန်းက တရားမ၀င်ငွေသွင်းရင် အဆင်ပြေပါတယ်တဲ့လေ။ ငွေသုံးသောင်းကလည်းပေးစရာမပါခဲ့
အဖေ က ကြေးတမ်းတိုက်လို့ မဖြစ်မနေ ၀ယ်ပေးခဲ့ရတဲ့ ဖုန်းရဲ့ ဆင်းကဒ် ၀ယ်ရင်းဈေးကို က ၈၀၀၀၀ ကျပါတယ်။ ဟန်းဆက်နဲ့ဆို တစ်သိန်း ရှစ်သောင်းလောက် ကျခဲ့တဲ့ဖုန်းပါ။
အခု သုံးသောင်းခွဲ ထပ်မံသွင်းရပါဦးမည်။ တရားဝင် သွင်းရတာလဲမဟုတ်ပါ။ လမ်းပေါ်မှာတွေ့ခဲ့တဲ့ ပွဲစား ကတဆင့် ပြန်လည် ၀ယ်ယူရပါဦးမယ်။ အဂတိလိုက်စားပုံများ ပြောချင်ပါဖူး။ ကြိုက်တဲ့သူကို တိုင် ၊ ကြိုက်သလောက် အွန်လိုင်းဖြန့် အေးအေးဆေးဆေးပါ၊ စာချုပ်အရ အပိုင်ချည်ပြီးသားပဲလေ.။
Wednesday, December 4, 2013
Tuesday, December 3, 2013
ရွှေပြည်သာ မြေသိမ်းမူ
ရန်ကုန်တိုင်းဒေသကြီး ရက်စွဲ ၂၉ ၊ ၁၁ ၊ ၂၀၁၃
ရွှေပြည်သာမြို့နယ် ၊ အုပ်ဖိုအုပ်စု ၊ အုပ်ဖိုကွင်း အမှတ်(၄) လမ်းမပေါ်ရှိ ဦးသောင်း ပိုင်ဆိုင်သော ပျိုးခြံအား ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးဌေးအောင် ဦးဆောင်လျက် နယ်ထိန်းကျော်မင်းဦး ရဲတပ်သား ၃ဦး၊ ရဲအင်အားနှင့် လူအင်အား ၂၅ ဦး နောက်ပါများဖြင့် သာဓုကန်ဘုရား ဂေါပကဥက္ကဌ လယ်သမားကြီး ဦးသောင်းပိုင် လယ်မြေခြံအတွင်းသို့ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ ၀င်ရောက် တိုင်စိုက်သဖြင့် လယ်သမားများနှင့် လယ်သမားအစည်းရုံး အဖွဲ့ဝင်များဖြင့် စကားများကြပါသည်။

Subscribe to:
Posts (Atom)