လမ်းပျောက်ချိန်
မိုးရောက်ပြီ။ မိုးတွင်းမို့ မိုးရွာသည်မှာမဆန်းပါချေ။ ဆန်းသည်က တစ်ခြားမဟုတ်။ တိုးတက်ဖွံဖြိုးသော နိုင်ငံများတွင် မိုးရွာပြီး နောက် ဆယ်မိနစ်ခန့်အကြာ မိုးရေတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
မြန်မာနိုင်ငံတွင်ကား သည်လိုမဟုတ်ပါချေ၊ မိုးရွာပြီးနောက် ဆယ်မိနစ်အကြာတွင် လမ်းများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားလေ့ရှိသည်။
ဘာကြောင့်လဲ
အကြောင်းဘယ်သို့ ရှိသနည်း။ ဘာကြောင့် ကွာခြားရပါသနည်း။
လမ်းဘေး ၀ဲယာနှစ်ဘက်ရှိ ရေမြောင်းတို့တွင် အမှိုက်များ ပိတ်ဆို့သောကြောင့်ပါပေ.။