Friday, November 29, 2013
အဂတိလိုက်စားခြင်း(သို့) လာဘ်ပေးလာဘ်ယူ(သို့) အကျင့်ပျက်ခြစားခြင်း(သို့) ဂါရဝ
November 25, 2013 at 9:29am
      လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း ဆိုသည်မှာ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ လာဘ်ပေး လာဘ်ယူမှုဖြင့် ငွေကြေးနှင့် ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့် သော် လည်းကောင်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်းများကို မတရားရယူ ခြင်းကြောင့် သော်လည်းကောင်း ကြွယ်ဝ ချမ်းသာလာခြင်းကိုဆိုသည်။(အဂတိလိုက်စားမူ တိုက်ဖျက်ရေးဥပဒေ)
          ဆင်တစ်ကောင်လုံးတွေ့နေသဖြင့် ဆင်ခြေရာရှာရန် မလိုအပ်ပါချေ။ ဆင်ခြေရာ မမြင်သဖြင့် ဆင် မဟုတ်တန်ရာဟူ၍ ငြင်းဆိုခြင်းအပေါ်ကန့်ကွက်လိုပါသည်။ မည်သည့်နေရာ တွင် မည်သူက မည်သည့်အတွက်ကြောင့် ပေးသည်ကို ရှာဖွေရန် မလိုအပ်ပါ ။
       ဆင်ကို တွေမြင်သဖြင့် ဆင်ခြေရာ ရှာရန် မလိုအပ်သကဲ့သို့ အဂတိလိုက်စားမူ လာဘ်ပေးလာဘ်ယူမူတို့ကို အဆိုပါ တာဝန်ရှိသူ၏ ပိုင်ဆိုင်ပစ္စည်း ကို သက်သေပြုကာ တရားစွဲဆိုစေရန် လုံလောက်သော ဥပဒေ ရေးဆွဲရန်အကြံပြုလိုပါသည်။
ပမာ ဆိုသော်
အကျွန်ုပ်နေထိုင်လတ္တံသော အိမ်ရှေ့တွင် အခွန်ဦးစီမူးရုံးရှိသည်။ ဗိုလ်ကြီးအောင်ကျော်စိုးဟု သိရသည်။ ၄င်း အခွန်ဦးစီးအရာရှိသည်လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က သည်နေရာသို့  ပြောင်းရွေ့လာသူဖြစ်သည်။ ရောက်လာစဉ်က ၄င်းစီးရန် ကားစုတ် တစ်စီး ပင် ပါလာခဲ့ကို မတွေ့ရ။ ယခုမူ ကားကောင်း ကားသန့်ကြီး သုံးစီးကို ကိုပင် တစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းလဲစီးလာနိုင်သူတစ်ဦးဖြစ်လာခဲ့သည်။ ၀န်ထမ်းတစ်ဦး ဖြစ်ရုံမျှ သာဖြစ်သာ အဆိုပါ ဦးစီးမူးသည် တစ်ခြားမည်သည့်စီးပွားရေးကိုမျှ လုပ်ဆောင်ခြင်း မရှိပါချေ။ ထိုကြောင့် ထိုသူသည် အဂတိလိုက်စားသည်ဟု တထစ်ချမှတ်ယူနိုင်သည်( မိဘအမွေရမရ သီးသန့် ဆွေးနွေးရန်လိုသည်)။
အကျွနု့်ပ်နေထိုင်သော နေရာ၏ မလှမ်းမကမ်းတွင်  လ၀က ရုံးရှိသည်။ ထိုရုံးတွင် ကိုညီညီလင်း ဟူသော တိုက်နယ်မှူး တစ်ယောက်ရှိသည်။ ထိုသူ သည် ယခုရုံး ရောက်စက ကားပိုင်ဆိုင်ခြင်းမရှိပါ။ ရောက်ပြီး မကြာမီ တွင် ခဏခဏ ချဲထီပေါက်ကြောင်းပတ်ဝန်းကျင်ကပြော သဖြင့် ရသည်။ မိဘအမွေရကြောင်းလဲ ပတ်ဝန်ကျင်က ပြောဆိုကြသည်။ ထိုသူကို မွတ်ဆလင် ကုလားတစ်ယောက် ၏ ကားပေါ်တွင် အမြဲလိုလို တွေ့ရတတ်သည်။ ယခု မူ ကိုယ်ပိုင်ကားနှင့်ဖြစ်ပြီး မြေကွက်ပေါင်း မြောက်များစွာကို  ၀ယ်ယူထားကြောင်းလည်းသိရသည်။ သက်သေအထောက်အထား အတိအကျ မရှိပါသော်လည်း လာဘ်ပေးလာဘ်ယူမူဖြင့် ကြွယ်ဝလာသည်ကို စဉ်းစားရန်အလိုငှာတင်ပြခြင်းသာဖြစ်ပါသည်။
အကျွန်ုနေထိုင်သော အမိမြန်မာနိုင်ငံတော်ကြီးတွင် ခေါင်းဆောင်တဦးရှိလေသည်။ နာမည်ကို မမှတ်မိချေ။ အဆိုပါခေါင်းဆောင်၏ အဆိုအရ "ကြိုက်သလို စစ်ဆေးနိုင်ပါတယ်။ ပိုင်ဆိုင်ထားတာ တစ်ခုမှ မရှိပါဖူး။ အကျင့်ပျက်ချစားမူလဲမရှိခဲ့ပါ။ အဂတိလိုက်စားခြင်းကိုလည်းရှောင်ကြဉ်ပါတယ်။ လာဘ်ပေးလာဘ်ယူ ကင်းပါတယ်။ ကြိုက်တဲ့ အချိန်မှာ စစ်ဆေးနိုင်ပါတယ်။ အခုပိုင်ဆိုင်ထားတာတွေကတော့ ကျနော်ရဲ့ ပိုင်ဆိုင်မူ  တစ်ခုမှ မဟုတ်ပါ။ မိန်းမ၊ သား၊ နှင့် သမီးများ ၏ ပိုင်ဆိုင်မူများ သာဖြစ်ပါတယ် “ ဟူ၍ ဖြစ်သတည်း။အဆိုပါခေါင်းဆောင် မည်ကဲ့သို့ ကြွယ်ဝလာသည် ကို တွေးဆတော်မူကြပါ။
အကျွန်ုပ် နေထိုင်သော နေရာ
အကျွန်ုပ် နေထိုင်သော နေရာ
No comments:
Post a Comment